Chapter 22 [U]

14.9K 2.1K 81
                                    

ငါရဲ့ ဒဲ့တိုးစကားကြောင့် ငယ်ချစ်ဦးကြည့်ရတာ သိပ်ကို အံ့ဩကြောက်လန့်သွားပုံဘဲ။ ဒါကြောင့်လည်း သူ့ဘက်ကနေပြီး ငါ့ကို ခြိမ်းခြောက်ဖို့ စတင်ကြိုးစားတော့တယ်။

"" ငါ..ရဲကို ဖုန်းဆက်လိုက်မှာ! မင်းဆိုတာကို...။
မင်းကမှ သူ့ကို တကယ်သတ်လိုက်တာ""

""အမ်။ ကောင်းသားဘဲ""
ငါအေးဆေးပြန်ပြောလိုက်တယ်။ "" ဒါပေမဲ့လည်း...မင်းအရင်ဆုံး အပြင်ထွက်ဖို့လိုတယ်မထင်ဘူးလား?""

သူသိပ်ကို တုန်လှုပ်သွားပုံရတယ်။သူအနေနဲ့ လမ်းလျှောက်ဖို့တောင် ခွန်အားတွေပျောက်ဆုံးသွားပုံရပြီး ကြမ်းပြင်ပေါ်မှာ တွားသွားလျှောက်သွားဖို့ဘဲ တတ်နိုင်တော့တယ်။ အခန်းတံခါးဘုကို အားကုန်သုံးဆွဲဖွင့်နေပင်မဲ့လည်း တံခါးက တုတ်တုတ်မျှတောင် လှုပ်မလာဘူး။
ငါတို့ အိမ်မှာရှိတဲ့ အခန်းမှန်သမျှက အထဲကနေလော့ချလို့မရဘူး။ သို့ပင်မဲ့ အပြင်ကနေတော့ အခန်းကို သော့ခတ်ပြီး လော့ချလို့ ရတယ်။ ငါက အဲ့ဒါကို သိပင်မဲ့လည်း ငယ်ချစ်ဦးကတော့ သိထားပုံမရဘူး။
ဒါကြောင့်လည်း အခန်းတံခါးကို အသည်းအသန်ဖွင့်ဖို့ကြိုးစားနေတဲ့ ငယ်ချစ်ဦးရဲ့ ပုံစံကိုဘဲ ငါကြည့်နေလိုက်တယ်။ ဘယ်လောက်တောင် ကြိုးစားသလဲဆို အခန်းတံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ပြီး ဖွင့်တဲ့အထိတောင်ဘဲ။
အဲ့အပြုအမူကဘဲ ငယ်ချစ်ဦးက နားညီးစေရုံတင်မကဘူး ဦးနှောက်လည်းပါမလာကြောင်း ငါ confirmed နိုင်ခဲ့တယ်။

""ငါ့ယောကျာ်းရဲ့ အိတ်ကပ်ထဲမှာရော သော့များရှိနေမလား"" ငါသူ့ကို ကြင်နာစွာနဲ့ အသိပေးလိုက်တယ်။

သိပ်ကို ရုတ်တရပ်ဆန်လွန်းတဲ့အပြုအမူဘဲ။
သူ့ခမျာ သော့ရဖို့အတွက် ငါ့ယောကျာ်းဆီကို လေးဘက်ထောက်ပြီးတောင်သွားနေရတယ်။သူ လူသေအလောင်းကို ဘယ်လောက်တောင် ကြောက်နေသလဲဆိုရင်သော့ထုတ်နေတဲ့ သူ့လက်တွေတုန်ရီနေတာကို ကြည့်ရုံနဲ့တင်သိနိုင်တယ်။
ဒါပေါ့...သူအနေနဲ့ သော့ရရင်တောင် အခန်းတံခါးကိုဖွင့်နိုင်မှာမဟုတ်ဘူး။
ကြမ်းပြင်ပေါ် သူသော့ပြုတ်ကျသွားတဲ့အသံကို ငါကြားလိုက်ရတယ်။ နောက်တော့ မကြာခင်မှာဘဲ ငယ်ချစ်ဦး တစ်ယောက် ကြမ်းပြင်တစ်လျှောက် လေးဘက်ထောက်လာပြီး ပြတင်းပေါက်နားကုတ်တွယ်တက်လာလေတယ်။ ငါ့ကိုလည်း သေစေနိုင်လောက်တဲ့အ
ကြည့်တွေနဲ့ စိုက်ကြည့်ပြီး

"" တံခါးဖွင့်ပေးစမ်း ! လူသတ်ကောင် ! ""

သူက တကယ်ကို ပိန်းတာဘဲ။သူ့ကြောင့် ငါရီသံအနည်းငယ်ပြုလိုက်ပြီး

"" ငါ ....မင်းကိုရော မသတ်ဘူးလို့ မင်းထင်နေတာလား""

ငယ်ချစ်ဦးရဲ့ တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားတယ်။ အဲ့အချိန်မှာဘဲ သူရပ်နေတဲ့ ကြမ်းပြင်အောက် ရေကွက်တစ်ကွက်ပေါ်လာတာကို ငါသတိထားလိုက်မိတယ်။ ah..သူကြောက်လွန်းလို့ သေးတောင်ပေါက်ချမိသွားပုံဘဲ။

ငါပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အထဲကို ဓားတစ်ချောင်း ပစ်ထည့်ပေးလိုက်တယ်။ ငါတံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် ငယ်ချစ်ဦးဘက်ကနေ ချက်ချင်းတံခါးကို ဆုပ်ကိုင်ပြီး ထွက်ပြေးဖို့ကြိုးစားပင်မဲ့လည်း ငါအချိန်မှီ တားဆီးနိုင်ခဲ့တာပေါ့။

"" အဲ့ဓားက တကယ်ထက်တယ်။""
ငါရှင်းပြလိုက်တယ်။
"" ထက်တာမှ လူတစ်ယောက်ရဲ့ အသားနဲ့
သွေးကြောတွေကိုတောင် အသာလေးလှီးဖြတ်နိုင်တဲ့အထိဘဲ ""

""မင်း ....ဘာအတွက်"" ကတုန်ကယင်နဲ့ သူ့ဘက်က စမေးလေတယ်။

"" ငါ့ဘက်ကနေ ရဲတွေကို နောက်ခုနစ်ကြာရင် ဖုန်းဆက်ပေးမှာဆိုပင်မဲ့လည်း မင်းတို့ကို ရှာတွေ့နိုင်ဖို့ကတော့ လနဲ့ချီပြီးကြာလိမ့်မယ်။
အဲ့ဒါကြောင့် အဲ့ရှာနေတဲ့ ကာလပတ်လုံး မင်းအနေနဲ့ တကယ်ဘဲ မသေချင်ဘူးဆိုရင် အဲ့ဓားကို အသုံးပြုပြီး မင်းဘာသာ အစာအဖြစ်လှီးဖြတ်စားထား။
ဒါပေမဲ့လည်း မင်းတို့နှစ်ယောက်က တကယ်ကို ချစ်ကြတာမလား။ အဲ့ဓားကို အသုံးပြုပြီး အချစ်အတွက်နဲ့ မင်းကိုယ်မင်း ငါ့ယောကျာ်းနဲ့အတူတူသတ်သေမယ် ဆိုရင်ရော..မဆိုးဘူးမလား?""

""မင်း...လူစိတ်မရှိတဲ့ကောင်!။ လူသတ်သမား!။""
ဆိုပြီး ငယ်ချစ်ဦးဘက်က စတင် အော်ဟစ်တော့တယ်။ နောက်တော့ ပြတင်းပေါက်နားထပ်တွယ်တက်လာပြီး
"" အပြင်ထုတ်ပေးပါ "" လို့ အော်လေတယ်။

"" အင်း...ပထမဆုံးဗဟုသုတအဖြစ် မင်းသိထားသင့်တယ်လို့ ငါထင်လို့။ အကယ်၍များ မင်းမှာ သောက်စရာ ရေမရှိတော့ဘူးဆိုရင် သွေးဖြစ်ဖြစ် ဆီးဖြစ်ဖြစ် သောက်လို့ရတယ်နော် "" လို့ ငါသူ့ကို ပြောပြလိုက်တယ်။ အခုချိန်မှာ ငါအနေနဲ့ သူ့ကို ပေါက်ကရတွေပြောလည်း အသုံးမဝင်ဘူးဆိုတာ သိနေပင်မဲ့လည်း ငါ့ရဲ့ တစ်ဖက်အခြမ်းက သာယာတဲ့စိတ်ခံစားမှုကြောင့် ပြောပြနေမိတယ်။
နောက်တော့လည်း ငယ်ချစ်ဦးကို တာတာ့ လှမ်းပြပြီး villa ကနေထွက်လာခဲ့လိုက်တယ်။ နောက်ဆုံးမထွက်သွားခင်လေးမှာ ငယ်ချစ်ဦးအနေနဲ့ ဖြည်းဖြည်းချင်းတွားသွားပြီး ဓားကို ယူဖို့ကြိုးစားနေတာကို မြင်လိုက်ရတယ်။
သူ နောက်ဆုံးတော့ ဘာကို ရွေးချယ်မလဲဆိုတာ ငါသိပြီးသားပါ။




ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now