Chapter 34 [Z]

9K 1.3K 126
                                    

Officer D က ငါ့ရဲ့ရုတ်တရပ် ငိုချမှုကြောင့် ကြောက်လန့်ပြီး ထိတ်ပျာသွားတယ်။ သူ့မျက်နှာပေါ်ကချွေးတွေကို သုတ်လိုက်ပြီး နှစ်သိမ့်တဲ့အသံနဲ့
"" အဲ့လိုမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စိတ်ထိန်းပါအုန်း...စိတ်လျှော့ပါ"" လို့ပြောတယ်။
တစ်ဖက်ခြမ်းက ငယ်ချစ်ဦးလည်း တစ်ကိုယ်လုံးတုန်ရီစွာနဲ့ ငိုကြွေးပြီး
"" ငါ...ငါတကယ်မလိမ်ပါဘူး။ သူပါ! သူကမှ တကယ်လူသတ်ပြီး ငါ့ကို ထောင်ခြောက်ဆင်ခဲ့တာ။""

""ငါ စိတ်မလျှော့နိုင်ဘူး"" လို့ သူတို့ကို အော်လိုက်တယ်။""ဒီရဲစခန်းမှာဘဲ တရားဥပဒေအတိုင်းဆောင်ရွက်မယ်။ နောက်ဆို ပြောချင်ရင် ကျွန်တော့် ရှေ့နေကနေတစ်ဆင့်ဘဲပြောလို့ရတယ်!""

ငါအော်ဟစ်လိုက်တာကြောင့် ရုပ်ရှင်ဧကရာဇ်က အခန်းတံခါးကို ဆောင့်ကန်ပြီး အထဲကို ပြေးဝင်လာကာ ငါ့ကို သူ့လက်မောင်းတွေကြားထဲ ဆွဲယူလိုက်တယ်။ငါ့နားထဲကိုလည်း စကားလုံးအချို့ကို လေသံဖျော့ဖျော့လေးပြောပြီး နှစ်သိမ့်ပေးတယ်။
ပြီးတော့မှ ငါ့ကို ကြောက်လန့်သွားစေတဲ့အတွက် officer D ကို အော်ငေါက်ပြီး သူ့စကားတိုင်းကလည်း အမိန့်တစ်ခုလို officer တစ်ယောက်အနေနဲ့စည်းမျဉ်းဖောက်ဖျက်တဲ့အပြင် ငယ်ချစ်ဦးနဲ့ D ကြားက relationship ကိုပါထည့်တွက်တဲ့အနေနဲ့ department ကို လူလဲပေးဖို့ ပြောမယ်လို့ ပြောလိုက်တယ်။

ရုပ်ရှင်ဧကရာဇ်ဝင်လာတာကြောင့် ငယ်ချစ်ဦးဟာ တစ်ခဏတော့ ထိတ်လန့်သွားပင်မဲ့လည်း မှန်တစ်ဖက်အခြမ်းက ထွက်ပေါ်လာတဲ့ သူ့အသံအရ စိတ်လှုပ်ရှားနေကြောင်း ပြသနေပြီး
"" ကျွန်တော် မဟုတ်ပါဘူး! ကယ်...ကယ်ပါအုန်း"" လို့ရုပ်ရှင်ဧကရာဇ်ကို အသံမြင့်ပြီး အကူအညီတောင်းတယ်။ ဒါပေမဲ့လည်း ရုပ်ရှင်ဧကရာဇ်က ငယ်ချစ်ဦးကို တစ်ချက်တောင် လှည့်ကြည့်မသွားဘူး။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Officer D က ရွေ့ပြောင်းခံခဲ့ရပြီး အမှုကနေ ထုတ်ပယ်ခံခဲ့ရတယ်။ ငယ်ချစ်ဦးနဲ့သူ့ကြား မိသားစုဆက်ဆံရေးက သူစစ်ဆေးခဲ့သမျှအပေါ် သက်ရောက်ပတ်သတ်မှုမရှိပင်မဲ့လည်း အခြားသူတွေရဲ့ အတော်လေးပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့် အမှုကနေလက်ရှောင်ရုံအပြင် အခြားရွေးချယ်စရာမရှိခဲ့ဘူး။
အဲ့အဖြစ်အပျက်တွေ အပြီးမှာတော့ ငယ်ချစ်ဦးက ငါနဲ့ထပ်မှန်တွေ့ဆုံလိုကြောင်း ခွင့်တောင်းခဲ့တယ်။ ငါကတော့ တစ်ခါတွေ့ပြီးပြီဖြစ်တဲ့အတွက် နောက်တစ်ခါထပ်မသွားချင်တော့တာမို့ သူနဲ့စကားပြောဖို့အတွက် ငါ့ရှေ့နေကိုဘဲ ပြောလိုက်တော့တယ်။
စုံစမ်းစစ်ဆေးမှုက သော့ခတ်ခံထားရတဲ့ အခန်းအပေါ် focus ထားနေတုန်းဆိုပင်မဲ့ရုတ်တရပ်ဖောက်ပြန်မှု ဓာတ်ပုံတွေအများအပြားထွက်ပေါ်လာခဲ့တယ်။ရဲတွေအနေနဲ့ ရုပ်ရှင်အပေါ်ကို သံသယရှိကြပင်မဲ့လည်း ရုပ်ရှင်ကို အခြေခံကနေစတင်စုံစမ်းစစ်ဆေးခြင်းက သူတို့သေသွားတဲ့အထိတိုင်အောင် မပြီးပြတ်မှာကိုလည်း စိုးရိမ်ကြပြန်တယ်။
ငယ်ချစ်ဦးနဲ့ ငါယောကျာ်းပျောက်ဆုံးရတဲ့ အကြောင်းပြချက်အရ ငယ်ချစ်ဦးဟာ မထင်မှတ်ထားဘဲ သူတို့ဖောက်ပြန်ကြောင်းကိုဝန်ခံခဲ့မိတယ်။ ဒါကြောင့်လည်း အဲ့အချက်ကို ဆွဲထုတ်ပြီးငါ့ရှေ့နေက
"" ငယ်ချစ်ဦးဟာရည်ရွယ်ချက်ရှိရှိနဲ့ကို လူသတ်ဖို့အတွက် ဝေးကွာတဲ့နေရာကိုရွေးချယ်ခဲ့တာပါ"" လို့
လျင်မြန်စွာထောက်ပြလိုက်တယ်။ အဲ့ဒါက ငယ်ချစ်ဦးကို လုံးဝ ပြောစရာစကားမရှိအောင်ကို ဆွံအသွားစေတာဘဲ။ နောက်ဆုံးတော့လည်း သူတို့နှစ်ဦးကြားက ဆက်သွယ်ရေး records တွေအရ ငယ်ချစ်ဦးဘက်ကဘဲ အဲ့ villa ဆီကိုသွားဖို့စတင်တောင်းဆိုမိတာမို့လေ။
[ငါနဲ့ ငါ့ယောကျာ်းhoneymoonအဖြစ်အတူတူကုန်ဆုံးခဲ့တဲ့နေရာမို့ သူတို့ရဲ့ဖောက်ပြန်ခြင်းကို အဲ့ villa မှာလုပ်ဆောင်ခြင်းက ငယ်ချစ်ဦးကို ထူးခြားတဲ့ခံစားချက်ခံစားစေရလို့နေမှာပေါ့]

En..သူ့သေတွင်းသူတူးနေတာဘဲလို့ ငါတွေးမိတယ်။

ဒါပေါ့ ရက်အနည်းငယ်အကြာမှာတော့ အသိသက်သေတွေတင်သွင်းကြတယ်။
အဲ့လူက villaကိုdecorate လုပ်ဆောင်ပေးခဲ့တဲ့သူ။ငါ့ရဲ့ တောင်းဆိုမှုကြောင့်သာ ရက်အနည်းငယ်အကြာမှာပေါ်လာခဲ့တယ်။ သူနဲ့ငါ့ကြားမှာ အစထဲက သဘောတူညီချက်ထားရှိပြီးသား။ ငါ့ယောကျာ်းရဲ့ account ကိုအသုံးပြုပြီး အဲ့လူရဲ့သားကို နိုင်ငံခြားမှာ စာသင်နိုင်ဖို့အတွက်ထောက်ပံ့ပေးမယ်။ သူ့ဘက်ကတော့ ငါ့အသိသက်သေအဖြစ်အစားပြန်လုပ်ပေးရမယ်ဆိုပြီး။
သူပထမအကြိမ် ဆောက်လုပ်ပေးကတည်းက ငါ့ယောကျာ်းဆီမှာ private သော့တစ်ချောင်းရှိနှင့်ပြီးသားလို့ ရဲတွေကို ထွက်ဆိုခဲ့တယ်။ နောက်တော့ဆက်ပြီး " သိပ်မကြာခင်ကဘဲ ငယ်ချစ်ဦးက သူ့ကိုနောက်ထပ်သော့အပိုတစ်ချောင်းလုပ်ပေးဖို့ ငါ့ယောကျာ်းကိုတောင်းဆိုခဲ့တယ်"လို့လည်း ထွက်ဆိုခဲ့သေးတယ်။



T/N
စိတ်မပူပါနဲ့။ MC's plan တွေကအမြဲ အကွက်စေ့ပြီးသားပါ။
ဒီလူ မနေ့က မတင်နိုင်တာမို့ ဒီနေ့နှစ်ပိုင်းတင်ပေးပြီးအကြွေးပြန်ဆပ်တယ်နော်။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now