Chapter 12 [U]

14.6K 2.5K 30
                                    

ရုပ်ရှင်ရိုက်ကူးရေးပြီးမြောက်တဲ့နောက်ဆုံးနေ့မှာတော့ ငါ့ယောကျာ်းဆီကို အမည်မဖော်ဘဲ အိပ်ယာထဲက ပုံတွေကအစ ရုပ်ရှင်ဧကရာဇ်နဲ့ငယ်ချစ်ဦးရဲ့ပုံတွေ၊ အသံသွင်းထားတဲ့ဟာတွေအဆုံး ပေးပို့လိုက်တယ်။ နောက်တော့ ငါလေ့လာဖူးတဲ့ လူသတ်သမားတွေလုပ်လေ့ရှိသလိုမျိုး ပုံစံတွေကနေ သင်ယူပြီး သတင်းစာတွေကို အပိုင်းလေးတွေဖြတ် အဲ့အပိုင်းတွေကနေ စာသားတစ်ကြောင်းပြုလုပ်ရေးသားခဲ့တယ်။

"" ငါ မင်း ကို စောင့် ကြည့် နေ တယ် "" ဆိုပြီး။

အဲ့အချိန်တုန်းကဆို သူအရမ်းကို ထိတ်လန့်သွားပုံဘဲ။ သူရဲ့ ဒေါသနဲ့အော်ဟစ်သံကို အကျယ်ကြီးကြားလိုက်ရတဲ့အထိမို့လေ။ အသံက ဘယ်လောက်တောင်ကျယ်သလဲဆို တီဗီကလာနေတဲ့ အသံကိုတောင်ကျော်လွန်ပြီး ဧည့်ခန်းထိတောင်ကြားရတယ်။

နောက်တော့ သူ့ကြည့်ရတာ တစ်ခုခုကိုရှာဖွေနေပုံရတယ်။ ကင်မရာတွေကို လိုက်ရှာနေတာမလား ဒါပေမဲ့လည်း ရှာတာ သိပ်ကိုနောက်ကျသွားပြီ။ အဲ့ပုံတွေပို့လိုက်ရင် သူအခုလိုမျိုးတပုံစံထဲ တုံ့ပြန်မယ်ဆိုတာသိနေတာမို့။ ကင်မရာတွေကို အခန်းထဲ ချန်ထားခဲ့ရတဲ့အထိ ငါက တုံးမယ်များထင်နေလား? ဒါပေါ့ အကုန်ခြေရာလက်ရာဖျောက်ပြီးသွားပြီ။

Sprite အေးဆေးလေး သောက်ပြီး အာလူးကြော်အိတ်ဖွင့်စားနေတုန်းမှာဘဲ ငါ့ယောကျာ်း ပြေးထွက်လာပြီး "" မင်းလား??"' လို့မေးတယ်။
ဆံပင်တွေကအစ ပွယောင်းရှုပ်ပွပြီး မျက်တွင်းတွေမည်းနက်နေတာမှ မျက်လုံးထဲအနီရောင်သွေးကြောကြီးတောင် မြင်နေရပုံထောက်ရင် သူ မနေ့ညကကောင်းကောင်းအိပ်မပျော်ဘူးထင်တယ်။ သူ့ကို ရိုးသားတဲ့ပုံလေးနဲ့ကြည့်လိုက်ပြီး
""ဘာဖြစ်လို့လဲ"" လို့မေးလိုက်တယ်။
နောက်တော့ ဆိုဖာကနေထပြီး ရေတစ်ခွက်ကမ်းပေးလိုက်ပြီး သိပ်ကိုစိုးရိမ်စိတ်ပူနေပုံနဲ့
""ကုမ္ပဏီမှာတစ်ခုခုများဖြစ်နေလို့လား။မင်း ကြည့်ရတာ အတော်လေးအခြေအနေဆိုးနေတယ်။ .....
ခဏလောက် ပြန်သွားအိပ်လိုက်ပါလား""လို့ပြောလိုက်တယ်။

သူ ငါ့ကို ခဏလောက်ကြောင်ပြီးကြည့်နေတယ်။ ငါသိတာပေါ့ ..သူ ငါ့ဆီကနေ ဟာကွက်တစ်ကွက်တောင်ရှာတွေ့မှာ မဟုတ်ဘူးဆိုတာ။ ငါဆက်ပြီး စိုးရိမ်ဟန်ဆောင်ပြီး သူကို " ဖိအားတွေ အရမ်းများနေသလား " လို့မေးလိုက်တယ်။ ငါ့ယောကျာ်းက ခေါင်းခါပြီး
သက်ပြင်းရှည်ကြီးချပြီးမှ ""မဟုတ်ပါဘူး"" လို့ပြန်ဖြေလေတယ်။ နောက်တော့ ဆက်ပြီး
""မင်း ကိုယ့်သူငယ်ချင်းအပေါ် ဘယ်လိုထင်လဲ"" လို့မေးတယ်။
သူငါ့ကို စမ်းနေတာ။
သူငါ့ကို သေချာပေါက်စမ်းသပ်ပြီး မေးနေတာ။

""သူက မင်းရဲ့သူငယ်ချင်းကောင်းမလား။ သူက လူကောင်းတစ်ယောက်ဖြစ်မဲ့ပုံပါဘဲ။ ""လို့ပြုံးပြီးပြန်ပြောလိုက်တယ်။ နောက်တော့ ဆက်ပြီး ပြောလိုက်တယ်။
""ငါသာဆိုလည်း အတူတူကြီးပျင်းလာပြီး ကစားပေးမဲ့ သူငယ်ချင်းကောင်းလိုချင်မှာဘဲလေ......သူတစ်ခုခုများဖြစ်လို့လား?""

""မဖြစ်ပါဘူး။"" ငါ့ယောကျာ်းကအနည်းငယ်အံ့ဩသွားပုံပြပြီးမှ ခေါင်းခါလိုက်တယ်။
ငါ့လိုလူမျိုးက အခုလို ကိစ္စမျိုးတွေလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူတွေးနေမှာဘဲ။ သူ့မျက်လုံးထဲမှာတော့ ငါက သူ့မိန်းမနေရာကနေ နေရုံကလွဲလို့ ကျန်တာဘာဆိုဘာမှ မသိတဲ့လူတစ်ယောက်အဖြစ်မြင်နေတာလေ။
သူရဲ့ ခုနက မဆင်မခြင်အပြုအမူကြောင့် အားနာသွားသလားတော့ ငါမသိဘူး။
ငါ့ယောကျာ်းကနေပြီး "" ကို...ကုမ္ပဏီကိစ္စတွေအကုန် ဒီနေ့ အဝေးပို့ထားလိုက်မယ်။ ..အိမ်မှာ ညစာ မစားတာတောင် အတော်ကြာပြီမလား"" လို့ပြောလေတယ်။

သူငါ့ကို လုံးဝ သံသယ မဝင်တော့ဘူးဆိုတာ ငါသိလိုက်ပြီ။ ဒါကြောင့်
""ဒါဆို မင်းအကြိုက်ဆုံး ဟင်းချက်ကျွေးမယ်လေ" လို့ပြုံးပြီး ပြောလိုက်တယ်။ အဲ့ထဲကို ဆေးထည့်ချက်ဖို့တော့ ငါ့မမေ့ဘူးပေါ့။ သူခေါင်းတစ်ချက်ငြိမ့်ပြပြီး အခန်းတံခါးနား လျှောက်သွားမြင်လိုက်တယ်။
သူ့ အခန်းတံခါးရှေ့ရောက်ချိန်ကျမှ နောက်ပြန်လှည့်ကာ ချောင်းဟန့်ပြီး ငါ့ကို ပြုံးပြတယ်။ နောက်တော့ အခန်းတံခါး ပိတ်သွားတယ်။
ငါကတော့ sprite ဘူးကို ကောက်ကိုင်လိုက်ပြီး အရင်တစ်ခါက ငါထုတ်ယူထားတဲ့ ငယ်ချစ်ဦးရဲ့ အချိန်ဇယားကို ထုတ်ကြည့်လိုက်တယ်။
ဒီဟာ နဲ့သာဆို ရှေ့လျှောက် ငယ်ချစ်ဦးလှမ်းသမျှ ခြေလှမ်းတိုင်း သိနေမှာဘဲလို့ ငါ့ကိုယ်ငါတွေးမိတယ်။


Yoh!အစက တစ်ပိုင်းဘဲတင်မယ်လုပ်တာ comment တွေကအရမ်းကို ချစ်စရာကောင်းနေတော့ မနေနိုင်ဘဲ ချက်ချင်းထပ်ပြီး update မိသွားပြီ။ နောက်လည်း ချစ်စရာကောင်းတဲ့ feed back လေးတွေ မျှော်နေပါတယ်။ Reader လေးတွေက အရမ်းချစ်စရာကောင်းနေရင် ပြောလို့ရမလား တစ်နေ့ထဲ သုံးခေါက်လောက် up ချင် up ပေးမိမှာပေါ့။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now