Ji Qu သူ့လက်ထဲက ဆေးစစ်ချက်အဖြေကိုစိုက်ကြည့်ရင်းသက်ပြင်းချလိုက်သည်။
[ထပ်ကုသလည်းမပျောက်သေးဘူးလား?]
ဆရာဝန်ကတော့
"" ဦးနှောက်ထဲကသွေးအကြိတ်ကသူအလိုလို သဘာဝတိုင်းပျောက်ကွယ်သွားမယ်"" လို့ပြောတယ်။
မင်းမေကြီးတော်မို့ သဘာဝတိုင်းပျောက်သွားမှာလား။ပျောက်ကင်းနိုင်ဖို့အချိန်ဘယ်လောက်ယူရမလဲဆိုတာ ဘုရားသခင်ဘဲသိနိုင်မယ်ထင်တယ်။အဲ့လိုတွေးလိုက်မိတာနဲ့ သူ့ဒေါသတွေကိုဖြေလျှော့နိုင်ဖို့ ဆေးစာရွက်ကို တစဆီဆွဲဖြဲပြီး ကြမ်းပြင်ပေါ်လွှတ်ပစ်လို့ရရင်ကောင်းမယ်လို့ စဉ်းစားမိတယ်။လွန်ခဲ့တဲ့သုံးနှစ်လောက်က သူကားဒက်ဆီးဒင့်ဖြစ်ခဲ့တယ်။ပြန်နိုးထလာချိန်မှာတော့ ဘာမှ မမှတ်မိတော့ဘူး။ မှတ်ဥာဏ်တွေအားလုံးလိုလိုက ပျောက်ဆုံးလုနီးနီးဖြစ်နေခဲ့ပြီး သူ့နာမည်က Shen Qu ဆိုတာဘဲ သိခဲ့ရတယ်။ အဲ့လိုသိနေရတာကလည်း ဆေးရုံကပေးတဲ့ပြေစာ စာရွက်မှာ သူ့နာမည်ပါနေခဲ့တဲ့အတွက်ကြောင့်သာ။အဲ့အချိန်တုန်းကဆို သူ့ရဲ့ IDs တွေအကုန် ကားအက်ဆီးဒင့်အတွင်းမှာ ပျောက်ဆုံးသွားခဲ့ပြီး နောက်မှပြန်လုပ်ခဲ့ရတာ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Ji Qu ဆေးရုံကော်ရစ်ဒါတစ်လျှောက်ရှိခုံတန်းပေါ်ထိုင်နေမိသည်။သူ့ရဲ့ ဆေးစစ်ချက်စာရွက်လေးကိုလေးထောင့်ပုံစံလေးခေါက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်တယ်။ နောက်တော့ ဖုန်းကိုထုတ်ပြီး forums တစ်လျှောက်ပွတ်ဆွဲပြီးကြည့်လိုက်တယ်။ အခုခေတ်လူငယ်တွေလိုဘဲ Ji Qu ကလည်း modern ခေတ်ကလူတစ်ယောက်ဖြစ်တဲ့အတွက် ဖုန်းမကိုင်ရရင်မနေနိုင်တဲ့ anxiety မျိုးခံစားနေရတာမို့ လက်ရှိ သူ့ဖုန်းထဲကနေ Urban Syndrome ခံစားနေရတဲ့လူ 300 လောက်ရှိတဲ့ fourm ထဲဝင်ဖတ်နေလိုက်တယ်။ လူနာအများစုကတော့ စိတ်ကျန်းမာရေးအားနည်းတဲ့သူတွေဖြစ်ကြပြီး Ji Qu ကလည်းအဲ့ထဲကလူတစ်ဦးဖြစ်တယ်။ သူအနေနဲ့ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် claustrophobia ဆိုတဲ့ phobia တစ်မျိုးခံစားနေခဲ့ရတာ။လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းကဖြစ်မယ် သူ့ရဲ့မှတ်ဥာဏ်တွေလုံးဝပျောက်ဆုံးသွားခဲ့စဉ်ကအတော်လေးစိတ်ဓာတ်ကျနေတုန်း အခု forum's website နဲ့ code ကိုမတော်တဆရှာတွေ့သွားတာမို့ သူ register တင်ပြီး member ဖြစ်လာခဲ့တာဖြစ်တယ်။
YOU ARE READING
ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်
Horror[ Translated to Myanmar🇲🇲 ] ♦️Both Uni and Zawgyi Started Date: 14 May 2020 Yaoi [BL]❗❗ ♦️All credit to original author and english translator. I think my husband wants to kill me. Whether it's forgetting to turn off the gas or finding the bathroo...