Chapter 36 [Z]

11.5K 1.3K 66
                                    

[စောင့်နေစေမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်]

Officer D နဲ့ villa ကိုအလှဆင်ပေးခဲ့တဲ့သူတွေ့ဆုံပြီးနောက်မှာတော့ decorator ဘက်ကနေသူ့ထွက်ဆိုချက်ကို 'ငါကငွေပေးပြီး အတင်းအကြပ်ခိုင်းစေခဲ့တဲ့အတွက်သာ မတတ်သာလို့လုပ်ခဲ့ရတာပါ' လို့ပြန်ပြင်ပြောခဲ့တယ်။ဒါကြောင့် သူတို့စကားပြောနေတဲ့ recording ကို Editor B ကသူတို့ဆီပို့ခဲ့တဲ့အတွက် နောက်ဆုံးတော့ ဖြောင့်ချက်က တရားမဝင်ဖြစ်သွားခဲ့တယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖
ငါ့ယောကျာ်းရဲ့ ဈာပနမှာ အောက်မေ့အမှတ်တရစကားပြောဆိုဖို့အတွက် ငါဟာအလွန်တရာမှအားနည်းနေပြီး လူတိုင်းလိုလိုက နှစ်သိမ့်ပေးချင်ရလောက်တဲ့အထိကို အသည်းကွဲပူဆွေးနေတဲ့ပုံပေါက်အောင်လို့ မိတ်ကပ်ကို အထူးတလှယ်လိမ်းခြယ်ထားလိုက်တယ်။ ရုပ်ရှင်ဧကရာဇ်လည်း အသုဘမှာရှိနေခဲ့တယ်။ရုပ်ရှင်ဧကရာဇ်က သူ့မိသားစုရဲ့စီးပွားရေးကို ဆက်ခံပြီးချိန်မှာတော့ သူ့ရဲ့လွှမ်းမိုးမှု ဩဇာအာဏာဟာ အတော်လေးကြီးမားကျယ်ပြန့်လာတဲ့အတွက် ဈာပန videoပျံ့နှံ့မှုဟာလည်းအတော်လေးကျယ်ပြန့်သွားခဲ့တယ်။
နောက်ကွယ်မှာတော့ ငါဟာ လူအုပ်လိုက်ကိုငှားထားပြီး ငယ်ချစ်ဦးကို ဦးတည်ကာဆန့်ကျင်ဆန္ဒပြဖို့အတွက် လူထုအင်အားကို အသုံးချခဲ့ဖို့ခိုင်းခဲ့တယ်။ အဆုံးမှာတော့ ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းက ဘူးပေါ်သလိုပေါ်သွားတာဖြစ်တဲ့အတွက် ငယ်ချစ်ဦးရဲ့ ပုံရိပ်ကတော့ ဟိုးအောက်ဆုံးထိကို ထိုးကျသွားတယ်။
ဈာပန video လေးကတိုတောင်းပင်မဲ့လည်း ငါ့ရဲ့သနားစရာပုံပန်းသွင်ပြင်နဲ့အားငယ်ပြီးကြေကွဲဝမ်းနည်းနေတဲ့ပုံစံလေးက ကြည့်ရုံနဲ့တင် ပြတ်ပြတ်သားသားမြင်တွေ့နိုင်တယ်။ အဲ့ဒါကြောင့် လမ်းသွားလမ်းလာတွေကတောင် ငယ်ချစ်ဦးကို အပြစ်တင်ရှုံချကြပြီး ငါ့ကိုတော့သနားစာနာကြတယ်။
အဲ့ video ထုတ်လွှင့်ပြီးချိန်မှာတော့ အခြားသူတွေရဲ့ အမြင်ကို အခွင့်ကောင်းယူပြီး officer D နဲ့ငယ်ချစ်ဦးက လူသတ်မှုကို တိတ်တဆိတ်ပူးပေါင်းကြံစည်ထားတဲ့ပုံပေါက်အောင်လည်း လုပ်ဆောင်ခဲ့တယ်။ တချို့တလေကြတော့လည်း လော့ကျနေတဲ့တံခါးကိုထောက်ပြပြီး ငယ်ချစ်ဦးအနေနဲ့ လုပ်ဆောင်ဖို့အတွက်ဖြစ်နိုင်ချေမရှိကြောင်း ငြင်းဆိုကြပြန်တယ်။
ဒါပေမဲ့လည်း ရဲတွေကို အဲ့တံခါးလော့ကျနေတာဘဲအာရုံစိုက်မိအောင်လုပ်ပြီးဇဝေဇဝါဖြစ်ကာ ငယ်ချစ်ဦး လူသတ်မသတ်မသေချာတဲ့ပုံစံပေါက်အောင်လုပ်ထားနိုင်မှန်း တွေးမိတာဘဲလေ။
Officer D ကတော့ လော့ကျနေတယ်ဆိုတဲ့အချက်နဲ့ဘဲ ငယ်ချစ်ဦးသည် လူသတ်မှုကျုးလွန်ခြင်းမရှိကြောင်း ခေါင်းမာစွာ ထောက်ခံဆဲဘဲ။
ဒါပေမဲ့လည်း ဖြေရှင်းချက်အဖြစ် ငါပေးနိုင်တဲ့ဥပမာကတော့ ငယ်ချစ်ဦးက ငါ့ယောကျာ်းနာမည်အောက်မှာ ရှိတဲ့ပစ္စည်းမှန်သမျှကို ပိုင်ဆိုင်နိုင်ဖို့အတွက် သူ့ကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိ တံခါးလော့ချပြီး အခင်းဖြစ်ပွားရာနေရာမှာ သူ့အပြင် အခြားသူတစ်ယောက်ရှိနေပါတယ်လို့တွေးမိအောင် အကွက်ချတာရော မဖြစ်နိုင်ဘူးလား။
ချက်ကျ လက်ကျပြောရရင်တော့ တံခါးလော့ကျနေတဲ့ရည်ရွယ်ချက်က သူတို့ဆီဘဲ အမြဲ မြားဦးလှည့်နေမှာဘဲ။ ပြီးတော့ ငါ့ယောကျာ်းရဲ့သေဆုံးရတဲ့အကြောင်းအရင်းအစစ်ကလည်း သွေးအလွန်အကျွံဆုံးရှုံးတာကြောင့်လေ။ ရဲတွေရဲ့ attention က တံခါးကို focus လုပ်လေလေ ဘယ်သူကမှ Drug C အကြောင်းဆက်ပြီး စုံစမ်းတော့မှာ မဟုတ်လေဘဲ။ ဘယ်သူကမှလည်း ငါ့ယောကျာ်းရဲ့ monitorထဲက ငါဝယ်ယူထားတဲ့ surveillance တွေကို စစ်ဆေးကြမှာ မဟုတ်တော့ဘူး။ အဲ့အချိန်အတိုင်းအတာက ငါ့အတွက်အခြားအရာတွေကို ဖယ်ထုတ်ရှင်းလင်းပစ်ဖို့အတွက် အတော်လေး လုံလောက်ပါတယ်။
ငါ့ယောကျာ်းရဲ့အဖေ အဆောက်အအုံပေါ်ကနေခုန်ချပြီး သတ်သေသွားတဲ့အတွက် ငါ့ယောကျာ်းရဲ့အမေက ငယ်ချစ်ဦးအပေါ် သတ်ဖို့ကြိုးစားတဲ့အထိ ရူးသွပ်သွားတယ်ဆိုတဲ့ သတင်းကလည်း ငါ့ဘက်အခြမ်းကို အတော်လေးအထောက်အကူဖြစ်စေပြီး လွှမ်းမိုးမှုလည်းကျယ်ပြန့်တိုးပွားလာစေတယ်။

အရာအားလုံး ပြီးပြတ်သွားချိန်မှာတော့ သူတို့မိသားက လျော့နည်းသွားခဲ့ပြီး သူတို့ဖြစ်ရပ်က လူတိုင်းကို inspire ဖြစ်စေခဲ့တယ်။
Officer D ကတော့ ငယ်ချစ်ဦးဘက်ကနေ ပြင်းပြင်းထန်ထန်ခုခံကာကွယ်ပေးပြီး သူ့အနေနဲ့ ငါတံခါးလော့ချခဲ့ပါတယ်လို့ ဖြစ်နိုင်ခြေရှိရင်တောင် သက်သေပြစရာမှမရှိတာ။ နောက်ထပ် ထပ်ပေါင်းပြောဆိုရရင်တော့ သန်မာလှတဲ့ လူထုရဲ့အမြင်ကလည်း တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို အနည်းနဲ့အများတော့ သက်ရောက်မှုလည်းရှိနေသေးတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
တရားခွင်ကြားနာရမဲ့နေ့မှာတော့ ငါကားတိုက်ခံရတယ်။ ငါ့ကို ရည်ရွယ်ချက်ရှိရှိ ကားတိုက်ခဲ့သူကိုသဘာဝကျစွာနဲ့ဘဲ ဘယ်သူဆိုတာ ငါသိနေခဲ့တယ်။ကားတိုက်ခံရတဲ့ခဏမှာ မှန်တွေကွဲအက်သွားတဲ့အသံကို အနီရောင်တွေမြင်ပြီး နောက်ဆက်တိုက်ကြားလိုက်ရတယ်။ အဲ့အချိန်ပိုင်းလေးမှာဘဲ ရဲရဲတောက်နေတဲ့သွေးတွေကို မြင်လိုက်ရပြီး ပျက်စီးသွားတဲ့ကားအသံဟာလည်း မကြာခင်ထွက်ပေါ်လာခဲ့တယ်။

2 ပတ်ကြာပြီး ဆေးရုံကနေ ပြန်နိုးထလာချိန်မှာတော့ အရာအားလုံးဟာ အစောကြီးထဲကအခြေကျသွားခဲ့ပြီ။ ငယ်ချစ်ဦးက mental disorder သမားအဖြစ်သတ်မှတ်ခံခဲ့ရပြီး စိတ္တဇဆေးရုံမှာ တစ်သက်တစ်ကျွန်းနေဖို့အတွက် အမိန့်ချမှတ်ခံရတယ်။
ငါ့သူငယ်ချင်း Editor B ကတော့ ငယ်ချစ်ဦးနေရမဲ့ ward ကို ငါ့ယောကျာ်းရဲ့အမေနဲ့ အတူတူကျအောင်လို့ အထူးတလည် စီစဉ်ပေးခဲ့တယ်လို့ အပြုံးလေးနဲ့ပြောပြတယ်။
Officer D ကတော့ အပြစ်ပေးခံရမှာကြောက်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့အတွက် အဖမ်းမခံရသေးဘူးတဲ့။သို့ပင်မဲ့ သေချာတာကတော့ ဒီကစားပွဲမှာ ငါအနိုင်ပိုင်းခဲ့ပြီဆိုတာ သိလိုက်ရပြီ။

T/N နောက်ဆုံးတော့ MC ဘက်က အတွေးတွေ အဆုံးသတ်ခဲ့ပါပြီ။ စိတ်မပူပါနဲ့ နောက် နှစ်ပိုင်းကျန်သေးတယ်။ အဲ့နှစ်ပိုင်းမှာ characters တွေရဲ့နာမည်အပြည့်အစုံတွေပါလာတော့မှာပါ။

ကူညီပေးခဲ့ကြတဲ့ babiiboy honeyhoney9435 MalCh6 quince_bacon61saranghaejonas တို့ကိုအများကြီး ကျေးဇူးတင်ပါတယ်။
ဒီ chapter က tofu ၆နာရီကြာအောင်ရေးထားတာပါ။ဖတ်တာခဏလေးဆိုပင်မဲ့မြန်မာစကားလုံးတွေ ကျယ်ကျယ်ပြန့်ပြန့်မသိတဲ့သူအတွက်တော့ အတော်လေးစိတ်ဓာတ်ကျမိတဲ့ chapter ဖြစ်ပါတယ်။စာသားတွေက ဖတ်ရတာအရမ်းထောက်ပြီး ဆီလျော်မှုလုံးဝမရှိလို့ အထပ်ထပ်အခါခါပြင်ပြီးရေးရတဲ့အထိပါဘဲ။ ဒါကြောင့် အမှားအယွင်းရှိခဲ့ရင်လည်း ထောက်ပြပေးကြပါ။ ပြင်ပါ့မယ်။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now