Chapter 35 [U]

13.9K 2K 184
                                    

အမှုကနေ ဖယ်ထုတ်ခြင်းခံခဲ့ရတဲ့အတွက် Officer D ကတော့ သေချာပေါက်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ကမှူးရှူးထိုးဖြစ်မှာဘဲ။ ထင်ထားတဲ့အတိုင်းဘဲ သူက ငယ်ရွယ်သေးတယ်လေ။
[ငယ်ရွယ်တဲ့သူမို့ သွေးဆူလွယ်တာကိုဆိုလိုတာပါ]

ဒါကြောင့် Villa ကိုအလှဆင်ပေးခဲ့တဲ့သူရဲ့ ပတ်ဝန်းကျင်နဲ့ အိမ်နီးနားတစ်ဝိုက်ကို သေချာစောင့်ကြည့်ခဲ့တယ်။ငါတွေးထားတဲ့အတိုင်းဘဲofficer D ရဲ့ပုံရိပ်ကို
စောင့်ကြည့် video တွေကနေတဆင့်ရက်အနည်းငယ်အကြာမှာ တွေ့ခဲ့ရတယ်။ လွန်ခဲ့တဲ့ရက်တွေအတွင်းကလည်း ငယ်ချစ်ဦးအပြစ်မရှိကြောင်းသက်သေပြဖို့အတွက် သူအတော်လေးကိုပြေးလွှားခဲ့ရသေးတယ်။ သူ့ကြည့်ရတာ တကယ်ကို ပြင်းပြင်းထန်ထန်ကြိုးစားနေတာပါလား။

D ဘက်ကနေပြီး Villa ကိုအလှဆင်ပေးခဲ့တဲ့သူကို "ဘာအကြောင်းကြောင့်နဲ့များ လိမ်လည်ထွက်ဆိုခဲ့သလဲ" လို့အကျယ်ကြီး အော်မေးလိုက်တယ်။ ငယ်ချစ်ဦးဆီမှာ သေချာပေါက် သော့မှမရှိတာ ဒါပေမဲ့လည်း ငါတို့ရဲ့သဘောတူညီချက်အရ villa ကိုအလှဆင်ပေးခဲ့တဲ့သူဆီ ငယ်ချစ်ဦးက သော့ရဖို့အတွက်လာတွေ့ပါတယ်လို့ ထွက်ဆိုပေးခဲ့ရတယ်လေ။
Officer D ကတော့ ငယ်ချစ်ဦးဆီမှာသာ သော့ရှိခဲ့ရင် ဘာအတွက်နဲ့ သူ့ကိုယ်သူအခန်းထဲသော့ခတ်ပြီးနေပါ့မလဲ လို့ ပြောတယ်။

Villa ကိုအလှဆင်ပေးခဲ့တဲ့သူကတော့ ပြောစရာစကားလုံးဝပျောက်ဆုံးသွားပြီး ပြန်မပြောနိုင်ခင်အထိ အချိန်တော်တော်ကြာကြာ တုံ့ဆိုင်းသွားပြီးမှ
""သူ့ဘာသာသူ မတော်တဆ သော့ခတ်မိပြီး...သော့က သံချေးတတ်သွားလို့နေမှာပေါ့""

""ဘယ်လို လို့ဖြစ်နိုင်မှာလဲ"" officer D ကပြောတယ်"" ခင်ဗျား တရားခွင်မှာလိမ်လည်ထွက်ဆိုခဲ့တဲ့အတွက်ဥပဒေအရ အပြစ်ရှိတယ်။""

Villa ကိုအလှဆင်ပေးခဲ့တဲ့သူကတော့ D ကိုစူးရဲအောင်စိုက်ကြည့်ပြီး ငယ်ချစ်ဦးဆီမှာ သော့ရှိခဲ့တယ်လို့ ခိုင်မာစွာပြောဆိုတုန်းဘဲ။
Video ထဲမှာ officer D က အခန်းအလှဆင်ပေးတဲ့သူနား ချဉ်းကပ်သွားတာကို ငါတွေ့လိုက်ရတယ်။

""သူ ခင်ဗျားကို ဘယ်လောက်ပေးလဲ? ကျွန်တော် ဆတူပြန်ပေးမယ်"" လို့ပြောတယ်။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now