Chapter 5 [Z]

15.7K 1.5K 40
                                    

ငါ့ယောကျာ်းအမြဲအသုံးပြုလေ့ရှိတဲ့ Online account ကိုရှာဖို့ ငါ့အချိန်အချို့ ကုန်ဆုံးခဲ့ရတယ်။ အမှန်တိုင်းပြောရရင်တော့ ငါ့ယောကျာ်း acc ရဲ့ password ကို ခန့်မှန်းရတာ ငါ့အတွက် အရမ်းလွယ်ကူလွန်းတာဘဲ။ သုံးခါလောက်ဘဲ ခန့်မှန်းပြီးတာနဲ့ ရိုက်ထည့်လိုက်ဖို့ဘဲ လိုတယ်။ သေချာတာပေါ့ password ကငယ်ချစ်ဦးရဲ့ မွေးနေ့နံပါတ်တွေဘဲလေ။

နောက်ဆုံးတော့ ငါ့ယောကျာ်းနဲ့ငယ်ချစ်ဦး Chat ထားတဲ့ conversation တွေကိုရှာတွေ့ခဲ့ပြီ။
ငါ့ယောကျာ်းရဲ့သူငယ်ချင်းတွေအကုန် သူတို့နှစ်ယောက်အကြောင်းကို သိနေတယ်ဆိုတာပါ တွေ့လိုက်ရတယ်။ အများစုကတော့ ငါ့ယောကျာ်းကိုဂုဏ်ပြုကြပြီး အချို့တလေကသာ သူအနေနဲ့ လူလွတ်မဟုတ်ဘဲ အိမ်ထောင်သည်ဆိုတဲ့ အချက်ကို ဂရုပြုဖို့ အသိပေးကြတယ်။

ဒီလူတွေကတော့ တကယ်ကို ရွံစရာပါလား။ ငါအသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ငါ့ယောကျာ်းကို အားပေးအားမြှောက်ပြုတဲ့သူတွေရဲ့ နာမည်မှန်သမျှကို မှတ်တမ်းတင်ထားလိုက်တယ်။ နောက်တော့ အဲ့လူတွေထဲကမှ ငါနဲ့သိတဲ့ လူတစ်ယောက်ကို ဖုန်းခေါ်လိုက်တယ်။ အဲ့လူကိုတော့ စောက်သုံးမကျတဲ့ကောင်လို့ဘဲ
မှတ်ထားလိုက်ကြရအောင်။

တစ်ဖက်ကတော့ အတော်လေးကို ကျယ်လောင်ဆူညံတဲ့အသံတွေထွက်ပေါ်လာလေသည်။ အဲ့စောက်သုံးမကျတဲ့ကောင်ရဲ့ အနောက်က တကယ်ကို ဆူညံနေတာဘဲ။ ငါ့သူကိုမေးလိုက်တယ်။ ငါ့ယောကျာ်းကိုများ ဆက်သွယ်လို့ရသလားလို့။ သူကတော့ သိပ်ကို စိတ်လှုပ်ရှားစွာနဲ့ ငါ့ယောကျာ်းကို ဆက်သွယ်လို့ရတာနဲ့ ကို
ချက်ချင်း ပြန်ဆက်သွယ်ပေးမယ်ပြောတာဘဲ။

နောက်တော့ ငါ့ယောကျာ်းရဲ့ အကို (A) ကို ဖုန်းခေါ်လိုက်သည်။ အရင်ရက်တွေတုန်းက ငါသူ့ဆီ သွားလည်တုန်း ငါ့ကို စိုက်ကြည့်ပြီး တစ်ခုခုကို ပြောချင်နေပုံရပင်မဲ့ ပြောမထွက်နိုင်ဖြစ်နေတာကို ငါမှတ်မိသွားတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖
သူအသံက အလွန်နူးညံ့စွာနဲ့ဘဲ "တစ်ခုခုဖြစ်လို့လား?""လို့မေးတော့

ငါဟာ မြို့ပြင်ရောက်နေတာမို့ အိမ်ကို တစ်ခုပြောမို့မေ့ခဲ့ကြောင်း အဲ့ဒါပြောဖို့ ငါ့ယောကျာ်းကို ဆက်သွယ်ပင်မဲ့ လုံးဝဆက်သွယ်လို့မရဖြစ်နေတဲ့ အပြင် ငါယောကျာ်းက ဒီတစ်လော အဖျားမိထားမို့ အခုလိုဆက်သွယ်မရတာက ငါ့ကိုအရမ်းစိတ်ပူစေတဲ့အကြောင်း
သူတစ်ခုခုများဖြစ်နေသလားလို့တွေးနေမိတာမို့ ဖြစ်နိုင်မယ်ဆို အိမ်ကို သွားပြီး တစ်ချက်လောက်ကြည့်ပေးနိုင်မလား။ ငါစိတ်ပူလွန်းလို့ သေတော့မယ်လို့ A ကို
ပြောလိုက်တယ်။

Aကတော့ ငါ့ကို အရမ်းစိတ်မပူဖို့ နှစ်သိမ့်ရှာပါတယ်။ သေချာအောင် သူသွားကြည့်ပေးမယ်လို့လဲ ပြောတယ်။ ငါကတော့ သိတာပေါ့။ သူသွားတာနဲ့ တစ်သက်စာမေ့မရမဲ့ မြင်ကွင်း မြင်ရတော့မယ်ဆိုတာ။

ငါ့ယောကျာ်းနဲ့ ငယ်ချစ်ဦးတို့ တစ်ကုတင်ထဲ လူးလိမ့်နေတာကို သူ ရှာတွေ့လိမ့်မယ်လေ။ ဘာဘဲဖြစ်ဖြစ် ငါအိမ်ကနေမထွက်ခင်ကတည်းက ငါယောကျာ်းအတွက် ဆေးတွေကို သေချာထုတ်ပိုးပြီး ထားပေးခဲ့ဖို့ကို မမေ့ခဲ့ဘူး။
သူရှာတွေ့မလားတော့ ငါမသိပင်မဲ့ ငါကတော့ သူကို သေချာပေါက်ရှာတွေ့စေချင်တယ်။

အဲ့တော့မှ ငါဟာ အရမ်းကို ရိုးအဖြူစင်ပြီးကြင်နာနွေးထွေးတတ်တဲ့ သူစားမျိုးကို သူ့ညီ လက်ထပ်ထားပါလားလို့ သူ့ကို လုံးဝ ယုံကြည်သွားစေချင်တာ။



T/N
MC ကတော့ အကွက်စရွေ့ပါပီ။ ဘယ်လိုတွေ ဆက်လာမလဲဆိုတာတော့ စောင့်ပြီးဖတ်ပေးကြပါအုန်း။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now