Epilogue 2 [U]

12.6K 1.5K 84
                                    

တွေ့ဆုံပွဲကို နာမည်ကြီးစားသောက်ဆိုင်ရဲ့ သီးသန့်နေရာလေးတစ်ခုမှာ ကျင်းပခဲ့သည်။ထို့အပြင်ပွဲကိုကြည့်ရုံနဲ့တင် ပွဲစီစဉ်သူတွေဘက်မှ အတော်လေးအချိန်ကုန်လူပင်ပန်းအင်အားစိုက်ထုတ်ထားကြောင်းသိနိုင်သေးသည်။ဘာဘဲပြောပြော ဒီလိုပွဲမျိုးတွေက တက်ရောက်နိုင်ဖို့ အခကြေးပေးဆောင်ရရုံတင်မကဘူး ပွဲအတွက်ဘိုကင်တင်ရန်အချိန်မကျခင်ကတည်းကရက်အတော်ကြာအောင်စောင့်ရတာမို့လည်းဖြစ်တယ်။

Xiao Hua ကားကိုပါကင်ထိုးပြီးချိန်မှာတော့ သူတို့နှစ်ယောက်စလုံး ကားပေါ်ကဆင်းပြီး ဓာတ်လှေကားနဲ့ private နေရာသို့ဦးတည်တက်လာခဲ့လိုက်တယ်။
ဟောခန်းထဲမှာတော့ လူအချို့တလေတောင်ရောက်နှင့်နေခဲ့ပြီဖြစ်တဲ့အတွက် Ji Qu လည်းအခန်းကိုဝေ့ဝဲကြည့်လိုက်ပြီး လူဦးအရေအတွက်ကို စိတ်ထဲကနေ ရေတွက်လိုက်တယ်။

လူငါးယောက်ဘဲရှိတာလား။အင်းလေ ...ဘယ်တတ်နိုင်ပါ့မလဲ...forum ထဲမှာက လူနည်းစုဘဲရှိကြတာလေ။ဒါတောင် ဒီမြို့မှာလူငါးယောက်တက်ရောက်ဖို့ဆိုတာတောင် လွယ်မှမလွယ်တာလို့ သူတွေးမိတယ်။

ထို့အချိန်သူ့ အနား လူငယ်လေးတစ်ယောက်ရောက်လာပြီး
"" စိတ်တော့မရှိပါနဲ့။ ခင်ဗျားက Eight honors and eight shames ဆိုတဲ့ acc ပိုင်ရှင်လားမသိဘူး။"" လို့မေးတယ်။ Ji Qu လည်းအဲ့လူငယ်လေးကိုကြောင်ပြီးကြည့်နေမိတာမှ သူ့ဘေးက Xiao Hua မကန်ခင်အထိကို ဘာမှမတုံ့ပြန်နိုင်ခဲ့ဘူး။ Xiao Hua လာကန်မှသာ ပြန်ပြီး ခေါင်းညိမ့်ပြမိတာ။

လူငယ်လေးကြည့်ရတာ အတော်လေးကိုကျက်သရေရှိတဲ့ပုံစံ။ လူတိုင်းကိုလည်း သူ့ကိုကြည့်ရုံနဲ့တင် သိပ်ကိုကြင်နာတတ်ပြီး ချဉ်းကပ်ရင်းနှီးနိုင်ဖို့လွယ်ကူမဲ့သူမျိုးလို့ ခံစားမိစေတဲ့ ထူးခြားတဲ့ အငွေ့အသက်မျိုးလည်းရှိသေးတယ်။ဒါကြောင့်မို့ လူကြီးလူကောင်းဆန်တဲ့သူတစ်ယောက်လို့တောင်အခြားသူတွေသတ်မှတ်မိကြမယ်လို့ထင်တယ်။
အဲ့လူငယ်လေးစကားပြောလိုက်တာနဲ့ Ji Qu တွေးမိတာက ဆောင်းလေညှင်းလေးကိုရှူသွင်းလိုက်ရသလိုမျိုးလေး သက်သောင့်သက်သာဖြစ်သွားစေတယ်။

"" စိတ်....စိတ်မရှိပါနဲ့။ ဒါပေမဲ့ ခင်ဗျားက..?""
စိတ်လှုပ်ရှားစွာနဲ့ တုန်တုန်ယင်ယင်ပြန်မေးလိုက်တော့ လူငယ်လေးက forum ထဲကသူ့နာမည်ကိုပြောပြတယ်။ Ji Qu အတော်လေးကို အံ့ဩသွားမိတာက သူ့ရှေ့က လူငယ်လေးကForum moderator ဖြစ်နေတာဘဲ။ သူသိပ်ကိုလေးစားကိုးကွယ်ရတဲ့နတ်ဘုရားရှေ့မှာ ရိုင်းပြမိသွားသလိုဖြစ်သွားတယ်လို့တွေးလိုက်မိတာနဲ့တစ်ပြိုင်နက် Ji Qu ရဲ့နှလုံးသားလေးဟာလည်းတင်းကြပ်သွားတော့တယ်။
လူငယ်လေးကလည်း Ji Qu ဗျာများသွားကိုသတိထားမိတဲ့အတွက် Ji Qu အဆင်ပြေပြီးသက်သောင့်သက်သာဖြစ်စေဖို့အတွက် သူကိုယ်သူ
"" ကျွန်တော်က Shen Yizhou ပါ။ Flowers fall as if chasing the boat"" ကဗျာထဲကလိုပေါ့။"" လို့စတင်မိတ်ဆက်တယ်။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now