Chapter 7 [U]

17.5K 2.4K 57
                                    

ရုပ်ရှင်ရဲ့ဖြစ်မြောက်လာမှုကတော့ စက်နိုးပြီးသား ကားတစ်စီးလို မောင်းနှင်ရန်သာကျန်သည်အထိ ရုပ်လုံးပေါ်လာသည်။

မြို့အပြင်က ငါ့ရဲ့ ဟန်ဆောင်လက်မှတ်ရေးထိုးပွဲကြီးလည်း ပြီးပြတ်ချိန်မှာတော့ B သည် သူ့အနေနဲ့ ကောင်းကောင်းတာဝန်ခံနိုင်မည့်လူတစ်ယောက်ရှာတွေ့ထားပြီဖြစ်ကြောင်း အကြောင်းကြားလေသည်။ သူ့အသံနားထောင်ပုံအရတော့ သူ့ဘက်ကဘဲ အရာရာတာဝန်ယူပေးထားပုံရသည်။ သူအနေနဲ့ မသက်ဆိုင်တာတောင် အကောင်းဆုံးကြိုးစားပေးထားတဲ့အတွက် ငါ့ဘက်ကစိတ်ရင်းနဲ့ အလေးအနက် ကျေးဇူးတင်မိတယ်။

နောက်တော့ luggage bag ကြီးဆွဲပြီး အိမ်ပြန်လာလိုက်သည်။ ငါ့ယောကျာ်းကတော့ တံခါးအပြင်မှာ ဆေးလိပ်သောက်ရင်း ငါ့ကိုစောင့်နေတဲ့ပုံရတယ်။ ငါ့ကိုတွေ့တာနဲ့ ငါ့လက်ထဲက အထုတ်တွေအကုန်သယ်သွားပေးတာမို့ ငါသူ့နောက်ကျောကို မှေးကျဉ်းပြီးကြည့်လိုက်မိသည်။ သူလုပ်သမျှအရာရာတိုင်းက တကယ်ကိုပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်းတစ်ယောက်ရဲ့ပုံရိပ်လိုဘဲ။ ဘယ်သူကများ လွန်ခဲ့တဲ့ရက်တွေအတွင်းက သူ့ငယ်ချစ်ဦးနဲ့အတူ ငါ့အိပ်ယာထဲမှာလူးလိမ့်နေကြလိမ့်မယ်လို့ တွေးမိကြမှာလဲ။
တကယ်လို့များ ငါသေသွားရင်ရော သူတို့အမြဲ အတူတူရှိနေကြတော့မှာလား?

{ဟာသဘဲ။ ဘာဘဲဖြစ်ဖြစ် ငါ့အတွက်အရေးမကြီးဘူး။ မင်းတို့နှစ်ယောက်လုံးအတူတူရှိနေကြတော့မှာပါ .....အချစ်အတွက်သေဆုံးသွားသည့်တိုင်အောင်ပေါ့။}

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဝယ်ပြီးသားဆေးအချို့ကို စစ်ကြည့်ပြီးပြီ။ သဘာဝကျစွာနဲ့ဘဲ Drug C က heart attack အတွက်သောက်ရသည့် ဆေးတစ်မျိုးဖြစ်သည်။ ဆေးအရောင်ကလည်း ဒီတစ်လောစိတ်ဖိစီးမှုတွေ၊ stress တွေကြောင့် ငါ့ယောကျာ်းသောက်နေရတဲ့ဆေးတွေနဲ့ အရောင်အတူတူဖြစ်နေသေးတယ်။ သူအနေနဲ့ ရောသောက်မိရင်တောင် သတိထားမိမှာကို မဟုတ်ဘူး။
Drug C က heart attack ကို drug တစ်ခုအဖြစ်ကုပေးနိုင်တဲ့ဆေးတစ်မျိုးဖြစ်ပင်မဲ့ အဲ့ဆေးကအခုထိ မပြီးပြည့်စုံသေးသလို ဘေးထွက်ဆိုးကျိုးတွေလည်းရှိနေဆဲဘဲ။ အနည်းငယ်လေ့လာထားတဲ့ chemistry knowledge ကိုအခြေခံပြီးပြောရရင်တော့ Drug C ထဲက ပါဝင်ပစ္စည်းအချို့က အသီးအနှံတွေမှာပါတဲ့ ဗီတာမင်နဲ့ဆို ဓာတ်ပြုပြီး အဆိပ်ဖြစ်သွားစေနိုင်သည်။

ငါ့ဘဝမှာ ဒါပထမဆုံး လူတစ်ယောက်ကို အဆိပ်ခတ်သတ်ဖူးတာဘဲ။ လေ့လာစမ်းသပ်မှုအတွက် ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခရီးထွက်ဖြစ်တဲ့ပိတ်ရက်ကာလအတွင်းမှာ ကြွက်ဖြူ ၁၀ကောင်ဝယ်ခဲ့လိုက်တယ်။ စမ်းသပ်ကာလအတွင်းမှာဘဲ သူတို့ကို ရာသီပေါ် အသီးအနှံနဲ့အတူ Drug C ပါမှန်မှန်တိုက်ကျွေးပြီး နောက်သုံးရက်အကြာမှာဘဲ အုပ်စုထဲက ကြွက်ဖြူနှစ်ကောင်ဟာ ခုန်ပေါက်ပြေးလွှားမှုကြောင့် သေဆုံးသွားခဲ့သည်။

အာ တကယ်ကို ငါထင်ထားတဲ့အတိုင်းဘဲ။ ဒီအရာက ငါ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုပင်မဲ့ တကယ်ကို စွမ်းအားကြီးလက်နက်တစ်ခုလို ငါ့ယောကျာ်းကို သူ့ငယ်ချစ်ဦးနဲ့ အိပ်ယာထဲမှာ တက်ကြွတဲ့ကိစ္စတွေပြုလုပ်နေတုန်း ပုံမှန်မဟုတ်တဲ့သေခြင်းမျိုးနဲ့သေဆုံးသွားစေနိုင်တယ်။

နောက်တော့ ငါနေမကောင်းဖြစ်နေလို့ဆိုတဲ့ ဆင်ခြေပေးပြီး ငါ့ယောကျာ်းနဲ့ အခန်းခွဲအိပ်လိုက်တယ်။ တကယ်က သူတို့နှစ်ယောက်ရဲ့ အရည်တွေပေကျံနေတဲ့ ကုတင်ပေါ်မှာ ငါတကယ်မအိပ်ချင်တာကြောင့်ဘဲ။

နောက်တော့လည်း ငါခန့်မှန်းထားတဲ့အတိုင်း ရုပ်ရှင်အကြောင်းသတင်းထွက်လာတဲ့အချိန် ငါ့ယောကျာ်းနဲ့ငယ်ချစ်ဦးတို့ ရန်ဖြစ်ကြလေတယ်။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now