Chapter 23 [Z]

11.3K 1.3K 70
                                    

ငယ်ချစ်ဦး အနေနဲ့ လွတ်မြောက်ဖို့ မဖြစ်နိုင်မှန်း ငါသိတယ်။ Villa တည်ရှိတဲ့ နေရာက လူနေအိမ်ခြေတွေနဲ့ သိပ်ကို ဝေးကွာလွန်းတဲ့အပြင် ဘာအချက်ပြစရာမှလည်းရှိမနေဘူးလေ။
အဲ့နေရာက ငါတို့နှစ်ယောက်ရဲ့ honeymoon ပျော်ပွဲစားအတွက်တည်ဆောက်ထားတာ။ ဘာကြောင့်လဲဆို ငါတို့အနေနဲ့ အနှောင့်ယှက်ကင်းကင်း လူတွေနဲ့ ဝေးကွာတဲ့နေရာမှာ နေချင်တာမို့လေ။ အရင်တုန်းကဆို ငါနဲ့ ငါ့ယောကျာ်း အဲ့ villa မှာ အပြင်လောကနဲ့အဆက်သွယ်ဖြတ်ပြီး တစ်လလောက်အတူတူ နေခဲ့ကြတယ်။
ငါ့ယောကျာ်းကတော့ ဒီနေရာဟာ လူသတ်မှုကျုးလွန်ဖို့နဲ့ အလောင်းဖျောက်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်လို့ တွေးမိခဲ့မှာ တောင်မဟုတ်ဘူး။
အခုတော့ သူ့တစ်ဘဝလုံးစာ ဒီနေရာမှာ အနားယူလို့ရသွားပြီပေါ့။ တကယ်ဆို ငါသူ့ကို မြေမြုပ်ပေးခဲ့သင့်တာ။ ဘာဘဲပြောပြော ဒီရာသီဥတုက အတော်လေးပူတယ်လေ။ ပြောဖို့ခက်တယ်မလား...ရဲတွေသူ့ကို ရှာတွေ့ချိန်လောက်ဆို သူ့အလောင်းက မှိုတောင်တက်နေလောက်ပြီလို့ ငါထင်တယ်။
ငါ့နှုတ်ခမ်းစွန်းကနေဖြစ်တည်လာတဲ့ အပြုံးကို ငါမထိန်းထားနိုင်ခဲ့ဘူး။ ငါ့ကားရဲ့ ဘက်မှန်ကနေပြီး ငါ့နှုတ်ခမ်းလွှာနှစ်လွှာလုံး မြင့်တက်နေတာကို ငါတွေ့လိုက်ရတယ်။ ငါ့ရဲ့ ထိန်းမရသိမ်းမရဖြစ်နေတဲ့ ပျော်ရွှင်မှုတွေကို ငြိမ်သွားစေဖို့အတွက် အသက်ပြင်းပြင်းရှူထုတ်လိုက်တယ်။ ငါအနေနဲ့ ဒီလမ်းတစ်လျှောက်မောင်းနှင်လာတဲ့ အချက်ကို ရှောင်ရှားဖို့အတွက် ငါ့ရဲ့အလီဘိုင်ကို သက်သေပြုပေးမဲ့ လူတစ်ယောက်တော့ရှာမှဖြစ်မယ်လေ။ ငါ့သူငယ်ချင်း ဒယ်ဒီတာ B ကိုချက်ချင်းတွေးမိသွားတယ်။ဒါကြောင့် ငါသူ့ဆီကို ရုပ်ရှင်အကြောင်းမေးဟန်နဲ့ ဖုန်းခေါ်လိုက်တယ်။ သူ့ဘက်ကတော့ ငါ့ကို သူ့အိမ်ဝင်ပြီး လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ခွင့်ရတာကိုဘဲ သိပ်ကို ပျော်ရွှင်နေပုံရတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖
ငါဒီနား အနီးတစ်ဝိုက်ကိုအတော်လေး ရင်းနှီးနေစေဖို့အတွက် ကားကို အာရုံစိုက်ပြီး မောင်းနှင်လာခဲ့တယ်။နောက်ဆုံးတော့ ငါ့သူငယ်ချင်း ဒယ်ဒီတာ B ရဲ့ ပတ်ဝန်းကျင်ကို ရောက်သွားခဲ့ပြီ။ သူ ငါ့ကို သူ့အိမ်ယာရဲ့ ဂိတ်ပေါက်ဝမှာ ရပ်စောင့်နေတာကို တွေ့လိုက်ရတယ်။
သူကတော့ ငါလမ်းပျောက်နေမှာကို စိုးရိမ်လို့ ရပ်စောင့်နေတာလို့ ပြောတယ်။ နောက်တော့ သူ့အိမ်ဆီ ခေါ်သွားတယ်။ သူကြည့်ရတာ တကယ်ကို ပျော်ရွှင်နေတာဘဲ။ ပုံမှန်အားဖြင့် တော့ သူ့လမ်းလျှောက်နှုန်းက သာမန်လူကြီးတစ်ယောက်ရဲ့ ပုံမှန်ခြေလှမ်းလိုဖြစ်ပင်မဲ့ အခုတော့ သိသိသာသာကြီးကို ဖြည်းဖြည်းလေး လမ်းလျှောက်ပြီး စကားတွေလည်း ပိုပိုများလာတယ်။
ငါကတော့
"" ငါဒီကို ရုပ်ရှင်အကြောင်းမေးဖို့ ရောက်နေတာ""
လို့ပြောလိုက်တယ်။ B ကတော့ အံ့ဩသွားပုံရပြီးမှ စိတ်ပျက်သွားဟန် သက်ပြင်းကိုချကာ
"" ရုပ်ရှင်က အတော်လေးအောင်မြင်တယ်။ နောက်ဆုံးတော့လည်း မင်းဝတ္ထုကို အခြေခံထားပြီး ရိုက်ထားတာဘဲလေ""

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now