Chapter 20 [Z]

10.4K 1.3K 32
                                    

လွန်ခဲ့သော ၇ ရက်က သာမန်ညတစ်ညတွင်...
ကောင်းကင်ပေါ်က လမင်းကြီးဟာ ဝိုင်းစက်နေပြီး မမှိန်မဖျသော အလင်းရောင်နှင့်အတူ ကွန်ကရစ်ခင်းထားသော လမ်းမပေါ်သို့ အလင်းဖြာကျနေလေသည်။
ဒီ ဗီလာက လူနေအိမ်တွေနဲ့ အတော်လေးကို ဝေးကွာပြီး ချောင်ကျလှတဲ့နေရာမှာ တည်ရှိနေတာကြောင့် မြို့တော်ရဲ့ တောက်ပတဲ့ ညမီးရောင်တွေနဲ့အတူ လူစည်ကားမှုမြင်ကွင်းတွေတောင် မြင်ရဖို့ အတော်လေး ခက်ခဲလွန်းတယ်။ မှိန်ဖျဖျအလင်းရောင်အချို့နဲ့အတူ တိတ်ဆိတ်လွန်းတဲ့ညမှာ cicadas ပိုးကောင်တွေရဲ့ အသံအချို့ကိုသာကြားရတယ်။
ဒီနေရာက တကယ်ကို ပြီးပြည့်စုံစွာနဲ့ နောက်မီးလင်းလို့ကောင်းတဲ့ လျှို့ဝှက်နေရာတစ်ခုဘဲ။ အရမ်းကို ပြီးပြည့်စုံလွန်းတာမှ လူသတ်မှုတောင် ကျုးလွန်လို့ရတဲ့အထိကို ပြီးပြည့်စုံလွန်းတယ်။ ငါ့ယောကျာ်းရဲ့နောက်ကို နောက်ယောင်ခံလိုက်လာခဲ့တာ။ ငယ်ချစ်ဦးနဲ့ ငါ့ယောကျာ်းရဲ့ chat messages တွေကို ငါဖတ်ပြီးပြီ။ ကြည့်ရတာ သူတို့အနေနဲ့ သိပ်ကို အံ့ဩဖွယ်ကောင်းတဲ့ညလေးတစ်ညအဖြစ်အတူတူဖြတ်သန်းကုန်ဆုံးကြဖို့ကို စီစဉ်ထားပုံရတယ် ဒါမှမဟုတ် တွေးထားတာလည်းဖြစ်နိုင်တယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒီနေ့တော့ ငါ့ယောကျာ်းရဲ့ အစားစာထဲကို ပုံမှန်ထည့်နေကြပမာဏထက် ပိုထည့်ကာ ဆေးခတ်ခဲ့တယ်။ ဒါ့အပြင်ငါ့ယောကျာ်းသောက်မဲ့ ဆေးဗူးထဲကိုပါ ပမာဏအတော်များများထပ်ထည့်ခဲ့သေးတယ်။ ငါ့ယောကျာ်းအနေနဲ့ကတော့ ငယ်ချစ်ဦးနဲ့ တွေ့ဆုံရဖို့ သိပ်ကို အလျင်လိုနေခဲ့အတွက် ငါ့အပေါ်ကို မည်သို့သော သံသယမှ မဝင်ခဲ့ဘူး။
သူအိမ်ကနေ ထွက်သွားချိန်မှာတော့ ငါလည်း ကားထုတ်ပြီး သူ့နောက်ကို ခြေရာခံလိုက်ခဲ့တယ်။ လမ်းခရီးအလယ်လောက်မှာတော့ သူ့ကြည့်ရတာ ငါ့ကို သတိထားမိသွားပုံဘဲ။ ဒါကြောင့်လည်း အခြားကားတွေကို ကျော်တက်ရင်း ငါ့ကို မျက်ခြေဖြတ်ဖို့ကြိုးစားတော့တယ်။ ဒါပေမဲ့လည်း အဲ့လိုလုပ်တာက အကျိုးမရှိဘူးလေ။ ဘာကြောင့်လဲဆိုတော့ သူဘယ်ကို ဦးတည်မောင်းနှင်နေသလဲဆိုတာ ငါသိပြီးသားမို့ဘဲ။
ပြီးတော့ ငါအနေနဲ့ အဲ့ villa ကို ခဏခဏ ရောက်ဖူးတယ်။ အဲ့နေရာက ငါနဲ့ ငါ့ယောကျာ်းလက်ထပ်ပြီးတုန်းက honeymoon အဖြစ်နေထိုင်ခဲ့တဲ့နေရာမို့ဘဲ။ ငါတို့ဒီနေရာကို လာတုန်းက အငြင်းပွားခဲ့ကြတာကို ငါမှတ်မိသေးတယ်။ နောက်နေ့မနက်ရောက်တော့ မြူတွေကြားထဲကနေ ထွက်ပေါ်လာတဲ့ နေလုံးကြီးကို ငါမြင်တွေ့ခဲ့တယ်။ ဒါပေမဲ့လည်းအခုတော့ ဒီနေရာကမထင်မှတ်ဘဲနဲ့ကို သူတို့နှစ်ယောက်ဖောက်ပြန်ဖို့အတွက် နိဗ္ဗာန်ဘုံအဖြစ်ပြောင်းလဲသွားခဲ့ပြီ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ငါ့ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး မြင်ကွင်းကောင်းကောင်းမြင်ရဖို့အတွက် လရောင်ကို အသုံးချလိုက်တယ်။ ငါ့ယောကျာ်းကတော့ ကားကို သေချာပါကင်ထိုးပြီး သူ့လက်နှစ်ဖက်လုံးကို ဘောင်းဘီအိပ်ကပ်ထဲထည့်ကာ villa ထဲဝင်သွားခဲ့တယ်။ နောက်တော့ မကြာခင်မှာဘဲ crimson sports ကားတစ်စီးက villa ရဲ့ ဂိတ်ပေါက်ဝမှာရပ်သွားပြီး ကားထဲကနေ ငယ်ချစ်ဦးထွက်လာတယ်။ ငါခန့်မှန်းထားတဲ့အတိုင်း ခြင်းအပြည့်သစ်သီးတွေလည်းသယ်လာသေးတယ်။ ဒီတစ်ခါတော့ ငါစီစဉ်ထားသမျှ အောင်မြင်နိုင်ဖို့ ဖြစ်နိုင်ခြေ 81.1%လောက်တော့ရှိတယ်ဆိုတာ ငါတွက်လို့ရပြီ။
ဗီလာရဲ့ ပထမထပ်က သူတို့နှစ်ယောက်ရဲ့ ပုံရိပ်ကို လေ့လာခြင်းအရတော့ သူတို့ကြည့်ရတာ တစ်ခုခုကို ဆွေးနွေးနေပုံရတယ်။ နောက်တော့လည်း ငါ့ယောကျာ်းဘက်ကနေပြီး sex ဖို့အတွက် ငယ်ချစ်ဦးဆီကို စတင်ချဉ်းကပ်သွားလေတယ်။အဲ့ဒါကြောင့် ပထမထပ်က မီးတွေကို ပိတ်လိုက်ပြီး ဒုတိယထပ်ကို အတူတူတက်သွားကြတယ်။
ဒုတိယထပ်က မီးတွေပွင့်နေတာမို့ အချိန်အနည်းလောက် စောင့်ဆိုင်းပြီးကာမှ ငါတစ်စုံတစ်ခုကို ထုတ်ယူပြီး ကားပေါ်ကနေဆင်းကာ သော့အပိုတစ်ချောင်းကို တံခါးဖွင့်ဖို့အတွက်သုံးပြီး villa ထဲကို ဝင်သွားလိုက်တယ်။ အခန်းကတော့ မှောင်မဲနေတာဘဲ ဒါကြောင့် ငါ flashlight ဖွင့်လိုက်ရတယ်။ ငါ စားပွဲကိုမီးထိုးကြည့်လိုက်ချိန်မှာတော့ ငါ့ယောကျာ်းက ခြင်းထဲက အသီးတွေကို စားသောက်ပြီးကြောင်းရှာတွေ့လိုက်ရတယ်။ ဒါက ငါအောင်မြင်ဖို့အတွက် အကြီးမားဆုံးဖြစ်နိုင်ခြေဘဲ။
ဒါကြောင့် flashlight ကိုပြန်ပိတ်ပြီး ဒုတိယထပ်ဆီကို ဦးတည်လိုက်တယ်။ ငါအနေနဲ့ အတတ်နိုင်ဆုံး မည်ကဲ့သို့သော် အသံမျိုးမှ မထွက်အောင်ကြိုးစားနေပင်မဲ့လည်း သူတို့နှစ်ယောက်ရဲ့ ပြင်းထန်လှတဲ့လိင်ဆက်ဆံမှု အသံတွေကဘဲ ငါ့ခြေသံတွေကို ဖုံးလွှမ်းသွားမို့ သိပ်တော့လည်း ကိစ္စမရှိပါဘူး။
နောက်ဆုံးတော့ သူတို့နှစ်ယောက် sex နေတဲ့အခန်းကိုရှာတွေ့ခဲ့ပြီ။ သူတို့နှစ်ဦးဆက်ဆံနေတာကို ဟနေတဲ့
တံခါးကြားထဲကနေပြီ ကြည့်နေလိုက်တယ်။

T/N ပြောထားတဲ့အတိုင်း စောစောတင်ပေးလိုက်ပါပြီ။ တကယ်တော့ ည၁နာရီလောက်ကတင်ပေးမို့ဘဲ မီးပျက်သွားတော့ မတင်ပေးဖြစ်တော့တာ။ ဒါကြောင့်အခုနိုးနိုးခြင်း type ပြီးတင်ပေးလိုက်ပြီနော်။ မနက်ဖြန်မှ ပြန်တွေ့ကြပါမယ်။ အားလုံးဘဲ ဂရုစိုက်ကြပါ။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now