"ငါသွားဝယ်ပေးမယ်လေကွာ ငါဝယ်ပြီး မင့်အိမ်လာပို့လှည့်မယ်လေ နော် သနားပါတယ် ငါတို့ဂျုံအင်လေး သွားပြန်အိပ်နော်"

မသိရင် ဆယ်ဟွန်းက လူကြီးလိုလိုနဲ့ ဂျုံအင့်ခေါင်းကို ဖွဖွပုတ်ကာပြောတော့ ဂျုံအင်က အားကြီးနဲ့လက်ကိုပြန်ပုတ်ထုတ်ကာ

"မသာ အသားလာယူနေ ဖယ် မလိုဘူး "

"နေပါဦး မျက်နှာလေးကြည့်ပါရစေဦး ကျောင်းတွေပိတ်ထားတော့ လွမ်းနေရတာအချိန်တိုင်း"

လက်ကိုဆွဲကာပြောလိုက်တဲ့ဆယ်ဟွန်းကြောင့်

"ကြည့် ကြည့် မင်းတကယ် အရှက်မရှိတဲ့ကောင် ဟမ် ယောက်ျားချင်းကြီးကို"

"ဟ ယောက်ျားချင်းလဲ ယူလို့ရပြီကွ အခု အကိုချန်းယောလ်တောင် ဟော့ ဒီမှာ တွေ့လား ဒီကအကိုနဲ့ယူထားတာ"

တလျှောက်လုံးဘေးနားရပ်နေတဲ့ကိုယ့်ကို အခုမှရှိတယ်လို့ထင်တာလားမသ်ိ အပီအပြင်ကိုယ့်လက်ကို လာဆွဲကိုင်မြှောက်ကာပြောလာတာမို့

"ဟုတ်တယ် ယူလို့ရတယ်"

သူ့ဘက်ကနေ ထောက်ခံပေးလိုက်သည်

"ဟာဗျာ ရှုပ်ရှုပ်ရှတ်ရှတ် ဖယ်ဖယ် သွားတော့မယ်"

"ဂျုံအင်ကလည်း တကယ်ပါဆိုနေ"

"တကယ် ဂျုံအင်ရဲ့ ဒီကအကိုက သူ့အကိုချန်းယောလ်ရဲ့လင်ပါဆို"

"စိတ်မ၀င်စားဘူးဗျာ သွားတော့မယ် ဖယ်ဖယ်"

"ဂျုံအင် ဂျုံအင်လို့"

အတင်းကာရော လိုက်ဆွဲနေတဲ့ဆယ်ဟွန်း လက်တွေကနေရုန်းဖယ်ကာ ဂျုံအင်ဆိုတဲ့ကောင်လေးက ပြေးထွက်သွားလေပြီ

"အာ့လား မင်းယူမယ်ဆိုတာ"

"ဟုတ်တယ် လုံးဝဆက်ဆီနော်"

"အော် စက်ဆီရောင်းတာလား သူက"

"ဟာာာ ဆက်ဆီကျတာကိုပြောတာ ဆက်ဆီ မိုက်တယ်မိတယ်လို့"

"အော် အော်မသိလို့ပါ မင်းကလည်း သိပ်မအော်နဲ့ဖြေးဖြေးပြောလို့"

"ကဲပါ လာသွားကြစို့ အိမ်မှာ အရီးနေ့လယ်စာစားဖို့စောင့်နေလောက်ပြီ အယ်နေ့လယ်ရောက်ပြီကိုဂျုံအင်ကခုမှထတာလို့ပြောသွားတာနော်"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now