ဆယ်ဟွန်းနဲ့အမေကလည်း ကီးကိုက်ကြသည် အမေကလည်းသူ့တူခြေသလုံးကိုတကျွတ်ကျွတ်နဲ့စုတ်သပ်ရင်းဆေးလိမ်းပေးနေသလိုအောက်က ကြက်ပေါက်ကလည်းတွန့်တွန့်လူးလို့အော်နေသေးသည်

ဘတ်ဟျွန်းကတော့ ကိုယ်သူ့ကိုခေါင်းသုတ်ပေးနေတာကိုပင်အာရုံမရ အရိုက်ခံရလို့ဆေးလူးပေးနေရသော ဆယ်ဟွန်းကိုသာ စူးစမ်းနေသည် အေးလေ သူလိုသူဋ္ဌေးသားကဒီလိုအရိုက်ခံရဖို့မတွေးနဲ့ မြင်တောင်မြင်ဖူးမှာမဟုတ်ဘူး

"တော်တော် နာမှာနော်"

သူ့ဘာသူရွတ်သလိုလိုနဲ့ခေါင်းသုတ်ပေးနေတဲ့ကျနော့်ကို မော့ကြည့်ရင်းပြောလာတော့ ခေါင်းသာညိတ်ပြလိုက်သည်

"ကျနော် လဲအာ့လိုပဲရိုက်ခံရတာ ၄ချောင်းလား ၅ချောင်းလား မသိဘူး ကျိုးအောင်လေ"

ရုတ်တရက် ကြားလိုက်ရတဲ့အသံတိုးတိုးလေး ကြောင့် ချန်းယောလ်ရဲ့လက်တွေပင် လှုပ်ရှားမှုတွေ ရပ်တန့်သွားရသည် သူလိုသူဋ္ဌေးသားလိုတရ အဖေဖြစ်သူက သဲသဲလှုပ်ချစ်တဲ့သူကအရိုက်ခံရတယ်

သူကတော့ ဆယ်ဟွန်းကိုပဲ ငေးနေဆဲဆယ်ဟွန်းနဲ့အမေကတော့ သူ့အာရုံနဲ့သူ ချန်းယောလ်တယောက်သာ အရင်လိုမဟုတ်ဘဲ ငေးငိုင်ကာတိုးတိုးလေးပြောနေတဲ့သူ့စကားကိုနားစိုက်ထောင်နေမိတာ

"ဆယ်ဟွန်းကကောင်းလိုက်တာ ဆေးလိမ်းပေးမယ့်သူလည်းရှိတယ်နော် ဟီးး"

ကျနော့် ဘက်ကို လှည့်ကာ ပြောလာတဲ့သူက ရယ်နေတယ်လို့ထင်ရပေမဲ့ မျက်ရည်တွေဝဲနေသလားလို့ပင် ကလေးဘ၀ကဘယ်လိုဖြတ်သန်းခဲ့ရလို့လဲကွာ

"အကိုချန်းယောလ် အကိုချန်းယောလ်"

သူ့အပြောကြောင့်တွေဝေသွားတဲ့ ကျနော် ဆယ်ဟွန်းခေါ်သံကြားမှသတိပြန်ဝင်တော့သည်

"ဟေးး ဘာလဲ"

"ဘယ်လိုလုပ်လိုက်တာလဲ ဟမ် ပြောဦးကျနော့်ကို အရီးကကော ဘယ်လိုဖြစ်လို့သဘောတူတာလဲ"

ဆေးလူးပြီးလို့ အမေကလက်ဆေးဖို့လည်းထသွားရော ဆယ်ဟွန်းကြက်ပေါက်တို့က ခုန အော်ဟစ်လူးလှိမ့်နေတာသူမဟုတ်တဲ့အတိုင်း ချန်းယောလ်ဘေးအတင်းတိုးကပ်ပြီးမေးနေပြန်သည်

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now