"ရှိမှာပါသားရယ်"

"ဟင့်အမေကလည်းမရှိပါဘူးဆိုနေ မောင် ထွက်သွားပြီထင်တယ် အမေရဲ့လုပ်ပါဦး ဟီးအီးးးးးဟင့်"

မနက်စောစော ဘယ်မှမသွားတတ်တဲ့ကိုယ့်သားပဲစိတ်ပူပြီးလိုက်ရှာရမလား တအိအိနဲ့ငိုနေတဲ့ကလေးပေါက်ပဲချော့ရမလားဗျာများနေတုန်း

"မနက်စောစောစီးစီးကွာ တအိအိနဲ့ ဘာလို့ငိုနေရတာလဲ ကျက်သရေမရှိအောင်"

"ဟင့် အင့် မောင် မောင် ပျောက်သွားတယ်ထင်နေတာ ဟင့်"

အိမ်နောက်ဖေးကထွက်လာတဲ့သားတော်မောင်ကို အတင်းပြေးဖက်ကာငိုရင်းပြောနေတာကို သားတော်မောင်ကတွန်းထုတ်ပြီးမနက်စာစားပွဲဝိုင်းကိုပဲလာတာမို့နောက်ကနေတရှုံ့ရှုံ့နဲ့ လိုက်လာတဲ့ကလေးကို ကိုယ်ပင်သနားမိတယ် သူ့ခမျာ တကယ်ဖီးလ်အပြည့်နဲ့ငိုနေရှာတာ

"ပျောက်ရအောင်ကလေးလားကွ အဓိပ္ပါယ်မရှိတာ "

"ဟင့် သိပါ့မလားလို့ ဟင့် အိပ်ခန်းထဲမှာမှမရှိတော့တာ"

"သားက ဘယ်သွားနေတာလဲ"

"ဒီငရှုပ်လေ ညက အတင်းရင်ခွင်ထဲတိုးဝှေ့အိပ်တာ လူတကိုယ်လုံးသရေတွေချည်းပဲ နံတာ "

သားကပြောတော့ သမက်လေးက သူ့ကိုယ်သူပင်ပြန်အနံ့ခံကြည့်နေပြန်သည်

"ဟားဟားး သားရယ် ကလေးကို"

"နံပါဘူး မောင်ကလည်း"

"ဘာကမနံရမှာလည်း အာ့အနံ့ကြီးသည်းမခံနိုင်လွန်းလို့ရေထချိုးရတာပဲ"

"ဟွန့်"

နှုတ်ခမ်းကြီးထော်ကာ ရှေ့မှာရှိတဲ့မနက်စာကောက်ဝါးနေတဲ့သူကိုကြည့်ပြီ နဲနဲတော့ရယ်ချင်မိသည် ကလေးလည်းမဟုတ် တညလုံးအအိပ်ဆော့တာ ဗြောင်းကိုဆန်လို့ တကုတင်လုံးသူ့နေရာအပြည့်မို့နောက်ဆုံးရင်ခွင်ထဲအတင်းချုပ်ပြီးအိပ်လိုက်ရတာ ငရှုပ်ကတော့သိပုံမပေါ်အိပ်ယာဝင်ကာစ ကိုယ့်ရင်ခွင်ထဲအတင်းတိုးတာပဲသတိရလောက်တယ်

"ဟ့"

ပါးစပ်ထဲဝင်လာတာက ဘာလဲ စားလို့မှရရဲ့လား မေးမလို့ အမေ့ကိုကြည့်လိုက်တော့ အမေကလည်းငရှုပ်ကိုပြန်ကြည့်နေသည်မို့ သေချာတယ်ဒါ ဒင်းလက်ချက်ပဲ

"ဘာဖြစ်လို့လဲ ဟင်"

သနားကမားမျက်နှာနဲ့မေးလာတာမို့ ဟင်းဟင်းးဒီတခါတော့ ခွင့်လွှတ်ပေးတာပေါ့ကွာ

"စားပါ ကိုယ့်ဘာသာ ပြီးရင်ရေချိုး မင်းဆီကနံနေပြီ"

"အင်းပါ ဟို ခုမှသတိရတယ် မနေ့ကလင်နောက်သာလိုက်ခဲ့တာ ဘာတခုမှမပါဘူး"

"ဘာ"

ဟုတ်သား ဒီအကောင်ပေါက်တကိုယ်တည်းခုန်ပေါက်ပြီးကိုယ့်နောက်လိုက်ခဲ့တာကိုမေ့နေတာ

"၀ယ်ပေးမယ်လေ အာ့ဆိုလည်း အခုတော့ အမေသင့်တော်တာလေရှိရင်ငှားပေးလိုက်ပါလား"

"သင့်တော်တာ အေးဟုတ်ပြီ ဟိုတခေါက်ဆယ်ဟွန်း နောက်ချေးပုံထဲချော်ကျတော့သူ့အမေငေါက်မှာဆိုးတာနဲ့အာ့အ၀တ်တွေအိမ်မှာလာထားသွားသေးတယ်"

"ဟင် အမေ သားအာ့အင်္ကျီကြီးဝတ်ရမှာလား ဟင်"

"လျှော်ထားပါတယ်ကွယ် ကဲပါ စားတော့သားတို့ အော်သားပြီးရင်သမက်လေးကိုရေလှုပ်ပေးလိုက်နော် ရေဘုံဘိုင်ကကြပ်နေတော့ သမက်လေးအားနဲ့ရေထွက်မှာမဟုတ်ဘူး"

"ဟုတ်ကဲ့ပါ ဖြီးကြည့်မနေနဲ့ စားမြန်မြန်"

အားရကျေနပ်ဝမ်းသာနေတဲ့မျက်နှာနဲ့လာကြည့်နေတာမို့ ပိတ်ဟောက်လိုက်တော့လည်း ဒုံ့ရင်းသာ အမြင်ကပ်ချင်စရာကောင်းတဲ့အပြုံးကြီးနဲ့ပဲ လာလာခိုးကြည့်နေပြန်သည်

ဒီတကောင်နဲ့တော့ ငါလည်း ဒုက္ခပဲ

******************

TBC

Love u all💛

တိုတာသိတယ်နော် အရမ်းအိပ်ချင်နေလို့ ညနေကလည်းမအားတာနဲ့ ပြီးသလောက်လေးရေးတင်ပေးလိုက်ပါတယ်💛

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now