2 uni

1.6K 149 4
                                    

"အမေ သားလုပ်လိုက်ပါ့မယ် ဖယ်ဖယ်"

ဘယ်ကတည်းကချောင်းနေလည်းမသိ မနက်အစောကြီး ထပြီးချက်ပြုတ်နေတာကို မနေ့ကသားနဲ့ပါလာတဲ့အကောင်ပေါက်လေးက လာကူနေပြန်သည်

"အမေ သွားပါ သားကြက်ဥတော့ကြော်တတ်ပါတယ် အိမ်ရှေ့မှာအေးဆေးထိုင်နေ အမေကထမင်းကြော်ထားတော့ပင်ပန်းနေမှာကို သားပဲကြက်ဥကြော်လိုက်မယ်"

ရမ်းခါနေအောင်စကားကိုသွက်သွက်ပြောပြီး ကြက်ဥကြော်ဖို့လုပ်နေတဲ့ကောင်လေးကြောင့် ကိုယ်ကပဲအိမ်ရှေ့ထွက်ကာသူ့သဘောအတိုင်းထိုင်နေလိုက်ရတော့သည်

"ရပြီအမေရပြီ ဟီးဟီးးး"

ပြုံးနေကြအပြုံးနဲ့ သမက်ဖြစ်သူက ကြက်ဥကြော်ပန်းကန်ကိုလာချပေးလို့ကြည့်လိုက်တော့

ကြက်ဥကြော်ကသာမန်မဟုတ် ဟိုတစဒီတစနဲ့မသိရင်အဝါရောင်အ၀တ်စတွေကိုက်ထားသလိုလိုပင်

"အမေ မြည်းကြည့်လေ ဘယ်လိုလဲ"

"ဟမ် အင်းပါသားလေးရယ်"

ကြက်ဥကိုဘယ်လိုလုပ်လိုက်လဲမသ်ိ ဖော့တုံးဝါးနေရတာလိုလို ပေါ့ပျက်ပျက်နဲ့

"ကောင်းတယ်မို့လား ဟင် အမေ အမေလို့"

"ကောင်း ကောင်းတာပေါ့ သားလေးရဲ့ ကောင်းတယ်"

အိမ်ကရေခဲတုံး ပတ်ကြီးနိုးလာရင် အအော်ခံရမယ့် ကလေးအဖြစ်ကိုတွေးကာပူမိသည် သားကကြက်ဥဆိုသေချာအရသာခံကာကိုယ်အမေဖြစ်တဲ့သူတောင်တခါတခါပွစိပွစိပြောတတ်တဲ့သူမျိုး

"ဟီးးတော်သေးတယ် အမေကြိုက်လို့ နောက်နေ့တွေ သားက အလန်းစားပုံစံအသစ်တွေနဲ့ထပ်ကြော်ပြမယ်နော်"

"အေး အေးပါကွယ်"

"အာ့ဆို အမေစားနှင့်လေ သားကမောင့်ကိုသွားနှိုးလိုက်ဦးမယ်"

"အေးအေး သား"

အိမ်ပေါ်ထပ်ကိုချော်လဲကျမတတ် အမြန်ကြီးပြေးတက်သွားပြီး ခနနေပြန်တော့လည်းအမြန်ကြီးပြေးဆင်းလာပြန်သည်

"မောင် မောင် မရှိတော့ဘူး အမေရေ ဟင့် ဘယ်လ်ိုလုပ်ကြမလဲလို့ ဟင့်"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now