ချုပ်ထားရာကနေရုန်းလိုက်ပြီးမျက်နှာပေါ်ကမျက်ရည်စီးကြောင်းတွေကိုဝတ်ထားတဲ့အင်္ကျီနဲ့ပဲကုန်းသုတ်လိုက်တဲ့ ညစ်ပေတူးက ခုနကမျက်နှာနဲ့မတူ စပ်ဖြဲဖြဲနဲ့ကားပေါ်ပြန်တက်လာသည်

အခုမှပဲ ရှေ့နေကြီးဆိုသူနဲ့သူ့လူတွေကအသက်ရှူချောင်သွားကြသည့်ပုံ

"ကဲ ရပြီလား "

လက်မှတ်ထိုးကာ သူ့ရှေ့ချပေးလိုက်တော့ သူကပါ လက်မှတ်ယူထိုးပြီး အမြဲပြောင်နေတဲ့အခွက်နဲ့ပဲကိုယ့်လက်မောင်းကိုမှီတွယ်ကာ

" ချစ်လိုက်တာ မောင်ရယ် တကယ်ချစ်တယ်"

"ဟူးးးးး"

ချန်းယောလ် စိတ်ရောကိုယ်ပါ သက်ပြင်းနဲ့အတူ လျှော့ချလိုက်မိတော့သည် ဇွတ်တရွတ်နဲ့ လုပ်ပုံတွေက ဘယ်တော့မှပျောက်ကွယ်မသွားမယ့်သူ့ပုံစံပင်

"အိမ်ပြန်မယ် ဘာလုပ်နေကြတာလဲ မောင်းတော့လေ"

"ဘာ ဘယ် ကိုပြန်မှာလဲ"

ကိုယ့်ကိုမှီနေရင်းကပဲပြောလာသူကြောင့်ကိုယ်ကပြာပြာသလဲမေးလိုက်သလ်ို ကားဆရာကလည်းကားစက်နှိုးပြီးသားဖြစ်နေပြီ

"အိမ်ပြန်မှာလေ ဖေဖေ့ကိုသူ့သမက်နဲ့မိတ်ဆက်ပေးရအောင်လို့ အိမ်ပြန်မှာ"

"မသွားပါဘူး ငါ့အမေဆီငါပြန်မှာ ဘူချွန်ပြန်မှာအခု "

"ဟာ မောင်ကလည်း"

"မင်းအဖေဆီပြန်ချင်ပြန်လေ ငါတော့ငါ့အမေဆီပဲငါပြန်မှာ"

"ဟာ ခနခနနေပါဦး "

"မနေဘူး ငါ့အမေက ဟိုမှာတယောက်တည်းနေရတာ "

"ဘယ်လိုလုပ်မှာလဲဒါဆိုဟင်"

ကလေးလိုမျက်နှာဘေးနဲ့လာမေးနေတာမို့ တကယ်သူ့ဆန္ဒလိုက်လျောလို့လဲမဖြစ် ဟိုမှာက ကိုယ့်အမေတယောက်တည်း ကိုယ့်ဇာတိမှာပဲပြန်အခြေချဖို့ကလည်းဆုံးဖြတ်ပြီးသားမို့

"ဒီလိုလုပ်လေ ငါကငါ့အမေဆီပြန်မယ် မင်းကမင်းအဖေဆီပြန်"

ချန်းယောလ် ခပ်တည်တည်နဲ့ပြောပြီးကားထဲကထွက်လိုက်တော့ ချက်ချင်းပဲ ငရှုပ်ကလက်ကိုလာဆွဲကာ

ပွေလီငရှုပ်လေးရဲ့ချစ်ရသူKde žijí příběhy. Začni objevovat