1 uni

2.3K 166 11
                                    

"ငါက ဒီစာချုပ်မှာ လက်မှတ်ထိုးရမယ်ပေါ့"

"အင်းလေ ဘဲကြီးကလည်းသိရက်နဲ့"

ဘေးကနေ ကိုယ့်လက်မောင်းကိုမှီကာ လာချွဲနေတဲ့ ငရှုပ်ကို အသာတွန်းလွှတ်လိုက်သည်

အခုကျနော်ရောက်နေတာက သူ့ရဲ့ကားပေါ် ကားကလည်းနဲနဲနောနောမဟုတ်ဘူးအတော်ကျယ်တာဗျ ဘာအမျိုးအစားလဲတော့ ကျနော်လည်းမသိပါဘူး

စားပွဲလိုမျိုးအရာလေးပေါ်တင်ထားတဲ့လက်ထပ်စာချုပ်ပေါ်အတင်းလက်မှတ်ထိုးခိုင်းနေပြန်သည် ရှေ့နေကလည်းသူ့ကားပေါ်ပါလာတာအဆင်သင့် ဘယ်ကတည်းကကြိတ်ကြံထားလဲမသိဘူး

"ထိုးလေ မောင်ရယ် ရှေ့နေကြီးအားနာစရာ"

"မထိုးနိုင်ပါဘူးကွာ ငါမှ မင်းမချစ်တာ"

"ထိုးပါကွာနော်"

ရှေ့နေဆိုသူနဲ့ ကားမောင်းသမားကော သူ့ဘော်ဒီဂတ်ဆိုသူကတော့ သူ့ဆန္ဒအတိုင်း လိုက်လုပ်ပေးနေရသည့်ပုံ မျက်နှာတွေကအီလည်လည်နဲ့သာ

"မထိုးဘူး ငါမင်းကိုလုံးဝမယူနိုင်ဘူး"

"ဘာ!"

ကိုယ်တော်က အထိတ်တလန့်အော်ပြီးကားတံခါးဖွင့်ကာပြေးဆင်းသွားတာမို့ နောက်က သူ့လူတွေပါလိုက်ထိန်းရပြန်သည်

"သေမယ် သေမယ် မောင် မချစ်တဲ့ဘ၀မှာမနေဘူး"

သရုပ်ဆောင်နေတာလား အတည်လားမသဲကွဲ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ကားလမ်းပေါ် တက်တက်ပြေးလွန်းလို့ သူ့ကို ခွေးပေါက်လေးလို သူနဲ့ပါလာတဲ့သူတွေကလိုက်ထိန်းထားရသေးသည်

"ဖယ် ဖယ်ဆို သေမှာပါဆို ဖယ်နော်"

အတင်းတွေရုန်းရင်းဆန်ခတ်ဖြစ်လာကာ ရှေ့နေတွေကော သူ့ဘော်ဒီဂတ်ကပါ ကိုယ့်ဆီ အကူအညီတောင်းခံသလိုကြည့်လာတာမို့

"အေးး အေးး လက်ထပ်မယ် ယူမယ် မင်းကိုငါ"

ချန်းယောလ်ကားဘေးနားကနေ ရပ်ကြည့်နေရာက ဆံပင်ကိုလက်၂ဖက်လုံးနဲ့စုံနှစ်ကာ ကုတ်လိုက်ပြီး စိတ်ရှုပ်ထွေးခြင်းများစွာနဲ့သာပြောလိုက်ရတော့သည်

"တကယ် တကယ်လားဟင် "

"အေး အေးကွာ ပြန်တက်တော့ ကားပေါ်"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now