💜41💜

916 94 12
                                    

<zawgyi>



“Oppa ကားပေါ်က ဆင်းမလာနဲ့တော့!”

“ဟုတ်ပါပြီဗျာ”

“တာ့တာ… ခရီးမှာ ဂရုစိုက်ဦး”

“ဟုတ်ကဲ့ပါဗျာ… ကို့အရုပ်လေးလည်း အိမ်မှာ လိမ်လိမ်မာမာနေ…။ ကို သွားပြီနော်… ဖုန်းဆက်လိုက်မယ်”

ကားအနက်လေးမြင်ကွင်းထဲမှ ပျောက်သွားမှ အိမ်ထဲဝင်ဖို့ ခြေလှမ်းလိုက်တဲ့ Dolly ရုတ်တရက် ကျောရိုးထဲစိမ့်ခနဲ…။

“အွီး… အေးလိုက်တာ”

ကိုယ်လုံးလေးကျုံ့ပြီး ပတ်ဝန်းကျင်ကသစ်ပင်တွေဆီ ကုတ်ချောင်းချောင်း လှည့်ကြည့်လိုက်တော့လည်း ငြိမ်သက်နေတဲ့ သစ်ရွက်လေးတွေက လေမတိုက်ဘူးဆိုတာ သက်သေပြနေ၏။ ကားတစ်စီးပေါ်ကနေ သူမကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံရှိနေမယ်ဆိုတာတော့ သူမ ဘယ်သိလိမ့်မလဲ…။



BTS Dorm တွင်…

Dolly ကို ဝင်ပို့ခဲ့ပြီး Jimin အိမ်ပြန်ရောက်လာတော့ အထဲဝင်လိုက်သည်နှင့် မန်နေဂျာများနှင့် ခြေရှုပ်နေသည့် Camera Man များ၏ကြားတွင် အေးရာအေးကြောင်း ဂျယ်လီထိုင်ကိုက်နေတဲ့ Seokjin မှာ အခန်းလယ်မှ ဆိုဖာပေါ်တွင် မိန့်မိန့်ကြီး…။ ရက်မှားပြီး အထုပ်ကြိုပြင်ထားမိ၍ လောလောဆယ်တွင် လုပ်စရာမရှိဟုဆို၏။ သူ့ Laggage ထဲကို ဘာတွေထည့်ထားလဲဆိုတာလည်း သူ့ကင်မရာနှင့်သူ မှတ်တမ်းတင်ပြီးသားဆိုသည့်အတွက် ချွင်းချက်မရှိ အနားရနေလေ၏။

အခန်းဖော် Hoseok နှင့်အတူ မနက်က တစ်ချို့တစ်လေထည့်ထားပြီးတဲ့အပြင် ဘာတွေယူဖို့လိုအပ်သလဲဆိုတဲ့ စာရင်းကြမ်းပါရေးမှတ်ထားပြီးသားဖြစ်နေတဲ့ Jimin သည်လည်း ပြာယာတော့ခတ်မနေဘူး…။

ရိုက်ကူးရေးတွေကို အနှောက်အယှက်မဖြစ်စေရန်သတိထားရင်း Jimin ရေသောက်ဖို့ မီးဖိုချောင်ထဲအဝင်… ရုတ်ရုတ်သဲသဲအသံတွေကြောင့် အိမ်ရှေ့ပြန်ထွက်ကြည့်လိုက်တော့ ပြေးထွက်သွားတဲ့ Taehyung နဲ့ အနောက်ကနေပြေးလိုက်သွားတဲ့ လက်ထောက်မန်နေဂျာ…။ သူတို့နှစ်ဦး၏ အနောက်တွင်တော့ ဖုန်းတစ်ဖက် Ipad တစ်ဖက်နှင့် မန်နေဂျာ Sejin ချာလပတ်ရမ်းရင်းကျန်နေခဲ့၏။


Love Between LiesDonde viven las historias. Descúbrelo ahora