💜29💜

1K 100 23
                                    

<zawgyi>


ခါတိုင်းလိုပင် ကျောင်းအပြန် BigHit သို့ဝင်လာသည့် Dolly တစ်ယောက် Artist Lounge နားအရောက်…

“… … အရေးကြီးရင် ဒီတိုင်း ဖုန်းနဲ့ပဲပြောလိုက်လို့မရဘူးလား?!”

သူမဘက်သို့ ကျောပေးကာ ဖုန်းပြောနေသည့် Taehyung ကိုမြင်တော့ သူမ ခြေစုံရပ်လိုက်မိသည်။ လမ်းလယ်ခေါင်တည့်တည့်တွင် ရပ်နေသည့် သူ့ကြောင့် ရှေ့ဆက်ရန်လမ်းက ပိတ်နေသည်လေ…။

ဒါပေမယ့် ဖယ်ပေးပါလို့လည်း မပြောချင်… တိုးတိုက်ပြီး သွားလိုက်ရင်လည်း ရိုင်းရာကကျဦးမယ်ဆိုတော့ သူ့ဘက်ကစပြီး သတိထားမိလာအောင် လက်ပိုက်၍သာ စောင့်နေလိုက်၏။

“ဒီရက်ပိုင်းက Comeback တွေနဲ့ အလုပ်ရှုပ်နေလို့ လာတွေ့နိုင်ဦးမယ် မထင်ဘူး”

ကပ်ချွဲသံပါနေသော သူ့စကားကို ကြားလိုက်သည်နှင့် တစ်ခါတုန်းက ကိစ္စကြောင့် စိတ်ထဲတွင် Irene ကို တန်းပြေးမြင်လိုက်မိတာပဲ…။

မသိမသာ နားစွင့်နေရင်း အိမ်က အာမီမမများအစား စိတ်မကောင်းတောင်ဖြစ်သွားလိုလို…။

“… … ဟုတ် အွန်မား!”

ပြတ်ပြတ်သားသားကြားလိုက်ရသော … အမေ… ဆိုသည့် စကားတစ်ခွန်းကြောင့် Dolly မျက်နှာတွင် ပြုံးယောင်သမ်းသွား၏။

‘သြော်… အမေနဲ့လား?! ခိခိ… လိမ္မာလိုက်တဲ့သားလေး’

စိတ်ထဲ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်က ကျေနပ်မိသွား၍လား… ဒါမှမဟုတ်… အများရှေ့မှာ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားတစ်ဦးဖြစ်နေလင့်ကစား အမေရှေ့တွင်တော့ ချွဲနွဲ့တတ်သေးသည့် ဒီ Taehyung ရဲ့ ပုံစံက တစ်မျိုးလေး ချစ်စရာကောင်းသွားလို့ပဲလား… ဆိုတာတော့ သူမ မဝေဖန်မိ…။

သေချာတာတစ်ခုကတော့ ဒီ Taehyung က သူမနဲ့ဆို အံ့မဝင်ကီးမကိုက် ဆီလိုအပေါက်ရှာ ဘုကလန့်တိုက်လေ့ရှိသည့် Taehyung ထက် ချစ်ဖို့ကောင်းနေတာတော့ ကျိန်းသေ…။

ဒါနဲ့... Dolly ကို သူ နောက်တစ်မျိုး ဖမ်းစားလိုက်တာက သူ့ဝတ်ဆင်ပုံ…။

သူက ကုမ္ပဏီကို အိပ်ခန်းလို့သဘောထားနေတာလား…။ Pajamas ဝမ်းဆက်နဲ့ သူက ဘာလုပ်နေတာလဲ…။ စသဖြင့် ပွယောင်းတွန့်ကြေနေသည့် ညဝတ်ကိုကြည့်ကာ Dolly တစ်ယောက်တည်းမေးခွန်းထုတ်နေမိသည်။

Love Between LiesWhere stories live. Discover now