💜16💜

1.1K 98 7
                                    

<zawgyi>

Jimin တစ်ခါတည်းနဲ့ အချိုတွေ မဟားတရားကျွေးလိုက်တာ စားရတဲ့ Dolly အတွက်က မသက်သာခဲ့…။

ဘယ်လိုပင် Fan Service ဖြစ်ပါစေ လူကို ဒီလောက်တောင်ကြည့်ရသလား…။

ခုနက သူ့အကြည့်တွေ အပြုအမူတွေကို ပြန်မြင်ယောင်လာသည်နှင့် ပူထူလာသည့် ပါးနှစ်ဖက်အား အုပ်ကိုင်ကာ ထိုင်ချလိုက်မိသည်။

ဘယ်လောက်ကြာကြာ ထိုင်နေမိသည်မသိ… တံခါးဖွင့်သံကြားမှ မော့ကြည့်လိုက်မိတဲ့ သူမနှင့် သူမကို တွေ့သည်နှင့် လန့်ပြီးထအော်လိုက်မိတဲ့ Christ…။

“OH GOD!”

တစ်အိမ်ထဲ အမြဲမြင်တွေ့နေကျသူငယ်ချင်း ဆိုစေဦးတော့ ညဘက်ကြီး အိမ်ရှေ့တံခါးဝ တည့်တည့်တွင် ဆံပင်ဖားလျားချလျက်သားဖြင့် ငုတ်တုတ်ထိုင်နေရာကနေ မျက်ဖြူလှန်ကြည့်လာသော သူမကို ဘယ်သူက မလန့်မိဘဲ နေလိမ့်မလဲ...။

“DOLLY! BAE? What are you doing here?”

တစ်ခါတစ်လေ ကြောက်စရာကောင်းသည့် သူမက မိမိကိုယ်မိမိ လက်မခံနိုင်ဘဲ ‘ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကို လန့်ရလား’ ဆိုပြီး မကျေမနပ်ရုပ်နဲ့ နှုတ်ခမ်းထော်ကာ မတ်တပ်ထရပ်လိုက်စဉ် Christ ကတော့ သူမအား သင်္ကာမကင်းဖြင့် သေချာစေ့စေ့စပ်စပ် ကြည့်နေ၏။

**Rrr… Rrr… Rrr…**

“နင်မဟုတ်မှလွဲရော… ရည်းစားရနေပြီလား?”

ဖုန်းထုတ်ကိုင်မလို့ ရွယ်နေသည့်လက် Christ စကားကြောင့် လေထဲတွင် တန့်သွား၏။


Dolly ထံတွင် မရိုးမသားအရိပ်အယောင်တွေ မြင်နေမိတဲ့ Christ က တဖြည်းဖြည်း အနားတိုးကပ်လာရာ မလုံမလဲဖြင့် အနောက်ကို တဖြည်းဖြည်း ဆုတ်သွားမိတဲ့ သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ငြင်းသည်။

“မ… မ... ဟုတ်ရပါဘူး”

“ဟုတ်ပါတယ်? ဒီရက်ပိုင်း လျှို့ဝှက်နေတယ်နော်… မှန်မှန်ပြောစမ်း...။ အခုရော နင် ဘယ်သူနဲ့ ဘာလုပ်ပြီးပြန်လာတာလဲ?”

“မ… မဟုတ်… ငါ…”

**Rrr… Rrr… Rrr…**

ဆက်တိုက်ခေါ်နေသဖြင့် နိုင်ငံရပ်ခြားမှ မိဘတွေများ ဆက်လာလေသလားဟု အတွေးဖြင့် Christ ကိုခဏခေါက်ကာ ကျောပိုးအိတ်ဘေးအကန့်ထဲမှ ဖုန်းအား အလွယ်တကူ ထုတ်ယူလိုက်စဉ် JM ဆိုသည့် နာမည်က ဖုန်း Screen ပေါ်တွင် ပြူးလို့…။

Love Between LiesΌπου ζουν οι ιστορίες. Ανακάλυψε τώρα