💜27💜

882 83 8
                                    

<zawgyi>

 🐻အတိတ်ဘ၀ဇာတ်​ကြောင်း(၃)🐻

မနက်အစောကြီးမို့ တိတ်ဆိတ်နေသည့် Choi အိမ်တော်ထဲတွင် တစ်စထက်တစ်စ မြန်ဆန်လာသော စည်းချက်ညီညီ ဒေါက်ဖိနပ်သံ…။

**ဒေါက်… ဒေါက်ဒေါက်… ဒေါက်ဒေါက်ဒေါက်**

“ယောက်ျားရေ… အရုပ်မလေးရေ”

Surprise လုပ်ချင်ဇောဖြင့် စီးထားတဲ့ ဒေါက်ဖိနပ်တောင် မချွတ်ခဲ့ဘဲ မိသားစုအား ဝမ်းနည်းသံဖြင့် အော်ခေါ်လိုက်သည့် ဆိုဖီယာ့အသံ တစ်ခန်းလုံးလွှမ်းသွားချိန် ဖိနပ်သံကြားကတည်းက နိုးလာပြီးဖြစ်သည့် Jongsuk ကလည်း အခန်းထဲမှ ကုန်းရုန်းထထွက်လာ၏။

“ဟာ… မိန်းမ!!!… အကြောင်းမကြားဘာမ…”

“အမေ့”

Jongsuk ကိုတွေ့သည်နှင့် ခရီးဆောင်အိတ်အား လွှတ်ချပြီး အပြေးလာရင်း လှေကားထစ်ငယ်တစ်ဆင့်အား မမြင်ဘဲ ခလုတ်တိုက်ကာ ခင်ပွန်းသည်ရင်ခွင်ထဲ တန်းဝင်သွားသည့် သူမက ဟန်မပျက်ဘဲ နွေးထွေးသော ရင်ခွင်ထဲတွင် မျက်လုံးစုံမှိတ်၍ အလွမ်းဖြေလိုက်၏။

ဆူညံသံကြောင့်နိုးလာပြီး အိပ်ချင်မူးတူးဖြင့် မျက်ခွံများအား ဖိပွတ်ရင်း အခန်းထဲမှ ထွက်လာသည့် Dolly ကိုပါ ဝမ်းသာအားရ အော်ခေါ်လိုက်သည့် ဆိုဖီယာ...။

“အရုပ်လေးရေ… မြန်မြန်လာ… မေမေ အရုပ်ဝယ်လာတယ်”

“​ရေးးးးး”

ပြုံးရယ် ပျော်ရွှင်စွာ ပြေးလာသည့် Dolly... အနားရောက်ခါနီး ဆိုဖီယာ လက်ကိုင်အိတ်ထဲမှ ထုတ်​နေသည့် အရာတစ်ခုကိုမြင်သည်နှင့် မျက်လုံးပြူး၍ ခြေလှမ်းတို့ ရုတ်တရက်ရပ်တန့်ကာ နောက်တစ်လှမ်းအလိုလို ပြန်ဆုတ်မိသွားသည်။

ဒါကိုသတိမထားမိတဲ့ ဆိုဖီယာကတော့ သူမတို့ကုမ္ပဏီ၏ ကုန်ပစ္စည်းသစ်ဖြစ်သည့် ထိုအရာလေးအား ဂုဏ်ယူဝင့်ကြွားဖြင့် ခပ်သွက်သွက်ထုတ်ကာ Dolly တည့်တည့်သို့ ချိန်လိုက်နှင့်ပြီးသား...။

“အရုပ်လေးရေ… ဒါဘာလေးလဲသိလား?!”

**ဒိုင်းး**

Love Between LiesWhere stories live. Discover now