💜38💜

962 100 26
                                    


<zawgyi>


“ရောက်တော့မှာလား အချစ်?”

**Oppa! Dolly အခုပဲ ဓာတ်လှေကားထဲက ထွက်လာနေပြီ**

“ဟာ! ကွက်တိပဲကွာ! ကို နဲ့ Jungkook အခုပဲ နားနေတာ… Practice Room ထဲကို တန်းလာခဲ့လိုက်နော်… နောက် ၁၅ မိနစ်လောက် ဒီမှာ နေလို့ရတယ်”

Jimin ဖုန်းချလိုက်ပြီးနောက်… ကြမ်းပြင်ပေါ်လှဲကာ အနားယူနေသော Jungkook ၏ ဗိုက်ပေါ်သို့ ခေါင်းတင်ကာ အနားယူရင်း Dolly အလာကို စောင့်မျှော်နေ၏။

ဒီလိုနဲ့ မိနစ်အနည်းငယ်ကြာသွားခဲ့ပေမယ့် Dolly ပေါ်မလာခဲ့…။

နားချိန်ကုန်သွားတဲ့အခါ တွေ့ရမယ့်အချိန် နှောင့်နှေးသွားမှာမို့ စိတ်အေးလက်အေး အနားယူမနေနိုင်တော့ပေ…။ သူ့ဆီရောက်လာမှာကို စောင့်မနေဘဲ သူမ လာမယ့်လမ်းကိုသာ ပြေးကြိုလိုက်ဖို့အတွက် အခန်းထဲမှ ထွက်လာလိုက်သည်။

ဒါပေမယ့် မကြာခင် သူတွေ့လိုက်ရတာက သူ့ဆီကို အပြေးလေးလာနေတဲ့ Dolly တော့မဟုတ်ခဲ့…။ အခန်းထဲမှ Piano သံလာရာကို စိတ်ဝင်စားသမှု မျက်ဝန်းတို့ဖြင့် Namjoon ရဲ့ အခန်းဝမှာ ရပ်နေတဲ့သူမ…။ ရေးကြီးခွင်ကျယ်တော့ မဟုတ်ပေမယ့် စိတ်မကောင်းဖြစ်သွားတာတော့အမှန်ပဲ…။ 

“အချစ်ရေ… အဲ့မှာ ဘာလုပ်နေတာလဲ?”

Jimin အသံက အားမရှိသလို အနည်းငယ်ပျော့ခွေနေ၏။

“Ji… Jimin Oppa!”

နည်းနည်းလန့်သွားပုံရတဲ့ သူမ အနားသို့ သူလှမ်းလျှောက်သွားသည်နှင့် အခန်းထဲမှာ Piano တစ်ခုနဲ့ ဝုန်းဒိုင်းကြဲနေတဲ့ Taehyung ကိုမြင်လိုက်ရချိန် ပို၍ပင် စိတ်ထဲလေးသွား၏။ ခုချိန်မှာ Taehyung ကို ခဏလောက်ဖြစ်ဖြစ် မတွေ့ချင်သေးဘူး…။ သူ့ကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ သူ မစဉ်းစားကြည့်ရသေးဘူး…။

Taehyung နဲ့ နှစ်ယောက်တည်းရှင်းရမယ့် ပြဿနာထဲ ဘာမှမဆိုင်တဲ့ Dolly ကိုပါ ဆွဲမထည့်ချင်ပေမယ့်… အကြောင်းကိစ္စက တိုက်ဆိုင်နေလေတော့ ပြဿနာရှာဖို့ ရည်ရွယ်ချက်မရှိပါဘဲ သူမ မျက်နှာကို Jimin စေ့စေ့ကြည့်လိုက်မိသွားသည်။

Love Between LiesWhere stories live. Discover now