💜11💜

1K 100 4
                                    

<zawgyi>

ငေးကြည့်နေရင်း မှန်နံရံအပြင်ဘက်တွင် အလွတ်ရနေတဲ့ ကားနံပါတ်ဖြင့် Van ကားအနက်တစ်စီး ဖြတ်သွားရာ Jaeun ၏ညစ်ညူးနေသောစိတ်တို့ ရုတ်ချည်းပြေလျော့၍ မျက်လုံးအရောင် လက်လက်ထသွားသည်။

‘WTF! ဒါဆို Hani တို့ ရထားတဲ့သတင်းက အမှန်ပေါ့?’

တစ်ချိန်တည်းမှာပဲ...

"Eun ရေ… ပွပြီ…။ Yangjin Plaza ကလေ… ပွဲနှစ်ဆယ်တဲ့… ဟဟား"

ခုနဖြတ်သွားတဲ့ ကားအနက်နှင့် အနောက်မှကပ်ပါသွားသော ယာဉ်တန်းကိုသာ မျက်စိတစ်ဆုံး လိုက်ကြည့်နေတဲ့ Jaeun က June ရင်ခုန်စိတ်လှုပ်ရှားစွာ အော်ကြီးဟစ်ကျယ် လှမ်းပြောနေတဲ့အသံကိုတောင် မကြားဘူးပဲ…။ ဒါကြောင့် June စိတ်မရှည်စွာဖြင့် အသံကုန်ဟစ်လိုက်သည်။

"YAH! SHIM JA EUN!!!"

ခေါ်သံကြားလို့ရယ် မဟုတ်... ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် June အနားရောက်လာတဲ့ Jaeun က ပြုံးတုံးတုံးလုပ်ကာ စကားအစချီလိုက်သည်။

“မနက်က ဟိုနှစ်ယောက် ပြောတဲ့ BTSxVT Cosmatic ကိစ္စက တကယ်ကြီးနဲ့တူတယ်...။ ခုနကပဲ သူတို့ကား ထွက်သွားပြီ… အဟီးးး”

“ဘာ!!! ဒါဆို သူတို့က အခုကုမ္ပဏီမှာ မရှိကြတော့ဘူးလို့ ပြောချင်တာလား?”

Bighit က အော်ဒါဆိုလို့ အသက်ပျောက်မတတ် ပျော်နေခဲ့ပေမယ့် Jaeun ဆီက ကြားလိုက်ရပြီးသည့်နောက် June တစ်ယောက် အပျော်တွေရိုက်ချခံလိုက်ရသလို လုံးဝကို စိတ်ပျက်သွားလေသည်။

“အမယ်လေး June! နင့်မျက်နှာက အဲ့ဒါဘာဖြစ်သွားရပြန်တာလဲ? ခုနကတော့ မှိုရနေတဲ့မျက်နှာနဲ့”

“ငါနင့်ကို ခုနကတည်းက ပြောနေတယ်လေဟာ… Yangjin plaza က အော်ဒါလာတယ်လို့! Bighit က အော်ဒါလေးရလို့ အခွင့်အရေးများရပြီလားမှတ်တာ… အခုတော့…”

“သြော်… ဟတ်လား! ဒါဆိုလည်း နင်သွားပို့ပေးလိုက်လေ…။ ဟီး… ငါတော့ Hani တို့ဆီ လိုက်သွားတော့မယ်…။ ဒါနဲ့… နင်က ဒီနေ့ စာတွေအပြီးလုပ်ရမယ် ဆိုတော့ကာ မြန်မြန်သွားပို့ပေးပြီးတော့ ဆိုင်ပြန်စောင့်နေလိုက်လေ… ကဲ… ဘယ်လောက်အဆင်ပြေလဲ!?”

Love Between LiesWhere stories live. Discover now