💜14💜

1K 92 9
                                    

<zawgyi>


“V Hyung… ကျွန်တော်တို့ ဒီလိုမျိုးကြီး ဆက်ကြည့်မနေသင့်တော့ဘူး ထင်တယ်… ဟီး… ပြန်စို့”

ဆက်မကြည့်တော့ဘူးဆိုလဲ သူပဲ…။ ချက်ချင်းပဲ မှန်ဘီလူးကို လည်ပင်းချိတ်ကာ လက်နောက်ပစ်လျက် စိတ်ချလက်ချထားခဲ့ပြီး လှည့်ထွက်သွားသော Jungkook ကြောင့် ကျန်ခဲ့သည့် Taehyung ခမျာ ဆက်ကြည့်နေရမလို… သူ့နောက်ပဲ ပြေးလိုက်ရတော့မလိုလို…။



“V Hyung… လာလေ”



အငယ်ဆုံးလေး၏ မာန်ပါပါ အမိန့်ပေးသံကြောင့် အလိုလို အနားပြေးကပ်သွားမိတဲ့ Taehyung မျက်နှာက စူပုပ်ပုပ်…။



“ဒါနဲ့ V Hyung! ခုနကတည်းက မေးချင်နေတာ!”

“အွန်း… မေးလေ”

မကြာသေးမီက သူ တစ်ခွန်းပြောလိုက်တိုင်း နောက်ကနေ ကပ်ကပ်ပြီး အဆက်မပြတ် ပုတ်ခတ်ပြောဆိုနေခဲ့သော Taehyung အား မသင်္ကာသည့် မျက်လုံးတို့ဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“Hyung နဲ့ Dolly တစ်ခုခုဖြစ်ထားတာလား?”

“အမ်!?”


Flashback~

လွန်ခဲ့သော နာရီဝက်ခန့်က…

Jimin နှင့် Dolly တို့၏ မလှမ်းမကမ်းတွင် အတွဲချောင်းနေသူ နှစ်ယောက်… Jungkook နဲ့ Taehyung…။

Jungkook ကသာ ရည်ရွယ်ချက်ရှိရှိဖြင့် စိတ်ပါဝင်စားစွာ ချောင်းနေပေမယ့် ဘာလို့ချောင်းနေတယ်ဆိုတဲ့ အကြောင်းရင်းလည်း မသိပါဘဲနှင့် အလိုတူအလိုပါ ဖြစ်နေရသည့် Taehyung ကတော့ မျက်လုံးထောင့်ကပ် လက်ပိုက်လျက်…။

Jungkook လို ချောင်းတယ်အမည်မတပ်နိုင်ပေမယ့် ဘာဖြစ်မလဲ သိချင်လို့ တစ်ချက်တစ်ချက် ခိုးကြည့်နေရုံသာ…။

“ဟော… လှည့်ပြေးပြီ! Jimin Hyung လိုက်လေ! အင်း… လိုက်စမ်းပါ… အဲ့လိုမှပေါ့”

“အမယ်လေး... ပြေးနေသေးတယ်... လာတုန်းကတော့ လာပြီး...”

Jungkook ၏ အားပေးသံနောက် ထပ်ချပ်မကွာပဲ Taehyung လေသံဖြင့် မကျေမနပ်ရေရွတ်လိုက်စဉ်…

“အဲ… ပြေးသွားပြီ”

မျက်စပြတ်သွားမည်စိုး၍ Dolly နောက် ပြေးလိုက်သွားသော Jimin ၏အနောက်သို့ Jungkook လည်း Taehyung လက်အား ဆွဲကာပြေး၏။

Love Between LiesWhere stories live. Discover now