💜13💜

1K 99 2
                                    

<zawgyi>

ပထဝီမြေကြီးထံမှ အကြည့်တစ်ချက်မခွာ... မြေမကြွသော ခြေလှမ်းတို့ဖြင့် လေးပင်စွာ တရွေ့ရွေ့ လျှောက်လှမ်းနေသည့် Dolly... ပန်းခြံအဝင်ဝသို့အရောက် ခေါင်းမော့ကာ Jungkook ရှိမရှိ စစ်ဆေးလိုက်သည်။

ပန်းခြံတစ်ခုလုံးတွင် ခုံတန်းလေးပေါ်တွင် ဖုန်းကိုသာ ငုံ့ကြည့်နေသည့် ကောင်လေးတစ်ယောက်ကလွဲ၍ ကြွက်တစ်ကောင် ကြောင်တစ်မြီးတောင် မတွေ့ရ...။

ထိုကောင်လေးကတော့ Idol တစ်ယောက်၏ ပုံစံမျိုးမဟုတ်ဘဲ ​ခေါင်မိုးကဲ့သို့ အတောင့်လိုက် ကားနေသောဆံပင်... ပတ်ဝန်းကျင်တွင် မြင်ဖူးနေကျ ယောက်ျားတို့ထက် ပိုထူးခြားမနေသော ဝတ်ဆင်ပုံနှင့် သာမန်အိမ်နီးချင်း ကောင်လေးတစ်ယောက်၏ ပုံသဏ္ဍာန်...။

အဲ့တစ်ယောက်ကို Jimin ပါလို့ လုံးဝ သတိမထားမိတဲ့ သူမကတော့ အကြည့်တို့ကို ပထဝီမြေကြီးထံ ပြန်ပို့ကာ မလာသေးသည့် Jungkook အား ထိုင်စောင့်ရန် ထိုကောင်လေး၏ မျက်နှာချင်းဆိုင်မှ ခုံအလွတ်ဆီသို့ မလှုပ်တလှုပ်ဖြင့် လမ်းလျှောက်သွားရာ သူမ အနားကပ်လာသည်နှင့် ပို၍ ပို၍ မွှေးပျံ့လာသော နှင်းဆီပန်းရနံ့ရေမွှေးကြောင့် မော့ကြည့်မိတဲ့ Jimin မှာ ပါးစပ်အဟောင်းသား...။

Jimin အံ့သြရပြန်သလို ပျော်လည်း ပျော်သွားသည်တွင် ချက်ချင်းပင် မတ်တပ်ထရပ်မိသွား၏။

"Dolly!"

ကြားဖူးနေသည့် အသံကြောင့် သူမ ခေါင်းမတ်လိုက်ရာ တောက်ပသော အပြုံးနှင့် ပြုံးပြနေသည့် Jimin ကြောင့် လန့်ပြီး ခြေလှမ်းတစ်လှမ်း နောက်ပြန်ဆုတ်မိလျက်သား...။

ချိန်းထားတဲ့နေရာမှာ Jungkook ရှိနေရမယ့်အစား အဘယ်ကြောင့် Jimin က ဒီကိုရောက်နေရတာလဲ...။

"အယ်... Jimin oppa?"

"Dolly က ဒီကို ဘယ်လိုရောက်လာတာလဲ?"

"Jungkook က... Jung..."

နာမည်ကြားလိုက်သည်နှင့် ညီတော့်၏ အကြံအစည်မှန်း တန်းရိပ်မိသွားသော Jimin ပြုံးရင်း ရှေ့တစ်လှမ်းတိုးလိုက်ရာ သူမက နောက်တစ်လှမ်းထပ်ဆုတ်လိုက်မိ၏။

Love Between LiesWhere stories live. Discover now