💜39💜

928 103 36
                                    

<zawgyi>


Artist Lounge ထဲဝယ်…

Dolly တစ်ယောက် ဆိုဖာပေါ်တွင် လဲလျောင်းလျက်…။ အနားတွေ့တဲ့ ရှုပ်အင်္ကျီကိုတော့ ခေါင်းခုအိပ်နေလိုက်သည်။ ရေမွှေးနံ့က Jimin ရဲ့ အနံ့ဆိုတော့ Jimin အင်္ကျီအထင်နဲ့ပေါ့…။

စာလုပ်တဲ့အမျိုးအစားထဲမပါသော်လည်း စာမေးပွဲက လက်တစ်ကမ်းအလိုမှာမို့ တာဝန်အရတော့ စာအုပ်ကလေးဖွင့်ကြည့်နေလိုက်တယ်ပေါ့…။

သင်္ချာအက္ခရာ ကိန်းဂဏန်းတွေကိုကြည့်ပြီး တွေးနေမိတာကတော့ Levels of Kisses! 1.. 2.. 3...




Flashback~



“Mmmm…”

Dolly ညကကားပေါ်မှာတင် အိပ်ပျော်သွားတယ်ထင်ပါရဲ့…။ မနက်နိုးတော့ အိမ်ရောက်နေပြီ…။

ပြုံးပြုံးလေးနိုးထလာတဲ့ သူမအတွက် ပုံမှန်မနက်ခင်းတွေနဲ့မတူ ကြောက်စရာကောင်းနေတာတစ်ခုက သူမကို ဝိုင်းအုံကြည့်နေကြတဲ့ သူငယ်ချင်းလေးယောက်…။ မသိရင် သူမက သုတေသီများကြားထဲရောက်နေတဲ့ ဓာတ်ခွဲခန်းမှ အစမ်းသပ်ခံကြွက်ငယ်လေးပမာ…။

“နိုးလာပြီပေါ့ Baby”

Christ ၏ အသံနှင့်အတူ Dolly နိုးနိုးချင်း လန့်ဖြန့်ပြီး ငုတ်တုတ်ထထိုင်လိုက်မိသည်။

“ဘာ… ဘာတွေကြည့်နေကြတာလဲဟင်?”

“ဟီးဟီး Dolly Baby ကလဲ… မသိချင်ယောင်ဆောင်မနေနဲ့! ငါတို့ကို အမှန်အတိုင်းပြော! ညက ဘာတွေဖြစ်ခဲ့လဲ?”

ပြောရင်း သူမဘေးမှာ အတင်းတိုးပြီး ဝင်ထိုင်လိုက်တဲ့ Christ…။ သူမကပဲ အိပ်ရာဝင်ပုံပြောမယ့် အမေလိုလို… သူတို့ကပဲ ပုံပြင်နားထောင်မယ့် ကလေးတွေလိုလို… ကျန်သုံးယောက်ကလည်း သူမရဲ့ ပတ်လည်တွင် စီတန်းနေရာယူလိုက်ကြ၏။

Dolly တို့ သူငယ်ချင်းတစ်စုက ပွင့်လင်းရိုးသားသူတွေချည်းမို့ အတွင်းရေးကိစ္စတွေအထိပါ ဖုံးကွယ်ထားရိုး ထုံးစံမရှိကြ…။ ထိုထဲတွင် ကိုရီးယားသွေးနှောအမေရိကန်သူ ဖြစ်သည့် Christ ကတော့ အပွင့်လင်းဆုံး…။

အခု Dolly အကြောင်းအရာက Jimin ပါ ပါဝင်ပတ်သက်နေလေတော့ သူတို့စိတ်မဝင်စားဖို့ရာကိုမရှိ…။ ကိုယ်တိုင်မဟုတ်ရင်တောင် တစ်ဆင့်ခံစားကြည့်ချင်ကြတာသည်လေ…။ ပြောရရင် အစကတည်းက ကာယကံရှင်ဖြစ်တဲ့ သူမထက်ပင် ပို၍တက်ကြွနေခဲ့ကြသည်မဟုတ်ပါလား…။

ဒါပေမယ့် အခြားအရာတွေက ကိစ္စမရှိပေမယ့် Jimin နဲ့ ပတ်သက်တဲ့ကိစ္စ BTS နဲ့ ပတ်သက်တဲ့ကိစ္စတွေတော့ Dolly သူငယ်ချင်းတွေကို တော်ရုံပြောမပြချင်တာအမှန်ပဲ…။

“မဖြစ်ဘူးဘာမှ! …… … ဟီးးးး”

အစက​တော့ ဟုတ်တိပတ်တိငြင်းလိုက်ပေမယ့် ပြန်တွေးမိသွားပြီး ပြုံးတုံးတုံးဖြစ်လာတဲ့ Dolly မျက်နှာက လက်နှစ်ဖက်နဲ့ ကာထားရင်တောင် ဖုံးမရနိုင်…။

“မလိမ်ပါနဲ့ဟာ… Jimin Oppa နင့်ကို ကုန်းပိုးပြီးလာပြန်ပို့တဲ့အထိ ငါတို့က မအိပ်သေးဘူးနော်… ဟင်းဟင်း”

“ယူတို့ဘာသာယူတို့ မအိပ်ကြတာ Dolly က ဘာလုပ်ပေးရမှာလဲ… humpf”

ခြိမ်းခြောက်သံပါနေတဲ့ Jaeun ကို စူအောင့်ခြင်းနဲ့တုံ့ပြန်လိုက်တော့ သူမနှုတ်ခမ်းတို့အား လက်ညိုးနှင့် လာတို့ထိတဲ့ Jaeun…။

“နင့်နှုတ်ခမ်းအောက်လေးကလေ… အိမ်ပြန်ရောက်လာတဲ့အထိ…”

ပြုံးစိစိလုပ်နေတဲ့ Jaeun လက်ကိုပုတ်ထုတ်လိုက်တော့ သူမကို ဝှစ်ခနဲဆွဲလှည့်လိုက်တဲ့ Hani ကလည်း ပြုံးစိစိပဲ…။

“ကပ်စီးနဲမနေပါနဲ့ဟာ… ငါတို့ကိုလည်း မျှပါဟ… ဟီးး Jimin Oppa က ဘယ်လိုလဲ?”

ဘယ်လိုလဲ… ဘယ်လိုလဲ… သူမတို့က မေးလေ Dolly ပြန်စဉ်းစားလာမိလေ… မျက်နှာကြီးထူပူလာလေ…။

Hani ပုခုံးနှစ်ဖက်ကို ထိန်းချုပ်ထားတဲ့ကြားက ရအောင်ရုန်းထွက်ကာ စောင်ထဲဝင်ပုန်းလိုက်သောသူမ… အသည်းယားပြီး စောင်ထဲမှာ တွန့်လိမ်နေတာတော့ Hani တို့အမြင်ပဲ…။

“သူ ဒါဘာဖြစ်နေတာလဲ? ပထမဆုံးလည်း မဟုတ်…”

သူမရဲ့ လွန်လွန်ကဲကဲမူမမှန်ဖြစ်နေပုံကြောင့် Hani ပြောလက်စတန့်သွားရင်း လေးယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီးထအော်လိုက်မိကြသည်။

“ဧကန္တ!!!”

လေးယောက်သား စောင်ကိုပြန်ဆွဲလှန်လိုက်တော့ ခေါင်းအုံးထဲ ခေါင်းဝှက်လိုက်ပြန်တဲ့ Dolly…။

Love Between LiesWhere stories live. Discover now