💜28💜

898 90 12
                                    


<zawgyi>

   🐻အတိတ်ဘ၀ဇာတ်​ကြောင်း (၄)🐻

“အမယ်လေးးးး!!! ဘာတွေလုပ်နေတာလဲ?????”

ကျောပေးရပ်လျက် မီးဖိုချောင်ထဲ ဓားဇောက်ထိုးကိုင်၍ အလုပ်ရှုပ်နေသည့် Dolly ကြောင့် ပြူးပြာသွားသည့် Jongsuk တစ်ယောက် ဓားထိမည်စိုးသည့်စိတ်ဖြင့် သူမ၏လက်အား သွားပြေးဖမ်းလိုက်၏။ ပြီးမှ သဘောပေါက်လိုက်တာက ပေါင်မုန့်ယိုသုပ်နေခြင်းသာ…။ ဒါပေမယ့် သူလှမ်းဆွဲလိုက်တဲ့ အရှိန်နဲ့ နောက်လက်တစ်ဖက်မှ ကျသွားတဲ့ပေါင်မုန့်တစ်ချပ်ကတော့ ကြမ်းပြင်ပေါ်တွင် မှောက်လျက်သားလေး…။

“ဓားထိမယ်သမီးရယ်… ယိုသုတ်တာ ဇွန်းနဲ့သုပ်ပါလား! ဒါမှမဟုတ်လည်း ဖေဖေ့ကိုပြောပါလား! သမီးစားချင်ရင် ဖေဖေလုပ်ပေးမှာပေါ့”

Dolly အား ခုံပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေစေလိုက်ပြီးနောက် ပေါင်မုန့်တစ်ချပ်အား အကင်စက်ထဲထည့်ရင်း Jongsuk နောက်လှည့်မေးလိုက်သည်။

“ဘယ်နှစ်ခုစားမှာလဲ ဖေဖေ့အရုပ်လေးက?”

သွားလေးစိကာ ရယ်ပြရင်း လက်လေးချောင်းထောင်ပြ၏။

“များလှချည်လား? ငါ့သမီးလေးဗိုက်က အဲ့လောက်ဆန့်တယ်ပေါ့… ဟားဟား”

“Tae ဖို့ရောလေ”

ထိုအဖြေကြောင့် မီးကင်စက်တွင် ကျက်နေပြီဖြစ်သော ပေါင်မုန့်ဆီသို့ လှမ်းနေသော လက်တွန့်သွားသည့် Jongsuk… နောက်တွင် အေးအေးလူလူထိုင်နေသော သမီးအား မျက်လုံးထောင့်ကပ်ကြည့်လိုက်မိသည်။

‘ငါ့အဖိုးတန်သမီးလေး! စောစောစီးစီးထပြီး ကြိုးစားပမ်းစားလုပ်နေတာ ဒီအဖေအတွက်တော့ မပါဘူးပေါ့လေ’

ရင်နာစကားကောင်းလှပါဘိ…။ လိုလေးသေးမရှိ အလိုလိုက်… ဖြည့်ဆည်းပေးတဲ့ အဖေက မတော်ရသေးတဲ့ သမက်ကို ခုတည်းက ရှုံးနေပြီလား…။

တော်လိုက်တဲ့သမီးလေး…။

“သြော်! အချိန်ရသေးတာပဲ… ဘာဂါစားချင်လား? ဖေဖေလုပ်ပေးမယ်”

“ဝါးးးး… စားမယ် စားမယ် စားမယ်”

ချက်ချင်းကို ပြုံးရွှင်သွားတဲ့ သမီးလေးက ဘာဂါအသည်းစွဲလေ…။ ပြီးတော့ Taehyung လေးကလည်း အိမ်က လုပ်ပေးတဲ့ ဘာဂါသိပ်ကြိုက်တာ…။

နှစ်ယောက်လုံးကြိုက်သည့် အိမ်လုပ်ဘာဂါလေးခုအား ဘူးထဲ သေချာထည့်ကာ ထုပ်ပိုးပေးပြီးနောက် ရေမိုးချိုးအပြီး… အင်္ကျီထုတ်ပေးပြန်တော့လည်း ထုတ်ပေးတဲ့ ဂါဝန်လေးအား စူပုပ်ပုပ်မျက်နှာပေးနှင့် စိုက်ကြည့်နေပြန်သော Dolly…။

“ဒါလေးမကြိုက်ဘူးလား? ဝတ်လိုက်ပါ… နော်… ငါ့သမီးက ဒါလေးဝတ်လိုက်ရင် တကယ့်အရုပ်လေးနဲ့တူသွားမှာလေ”

“အာ… ဝတ်ချင်ဘူးလေ! ဒါကြီးက ခြေထောက်မြှောက်လိုက်ရင် ဘယ်လိုကြီးမှန်း မသိဘူး… ဟစိဟစိနဲ့ လေတိုးတယ်…။ ဘောင်းဘီပဲ ဝတ်မှာ”

ငယ်ငယ်က ဂါဝန်လေးတွေနဲ့ဆို ကော်ပတ်ရုပ်လေးလို ချစ်ဖို့ကောင်းတဲ့ သမီးလေးကို ဂါဝန်နဲ့ မမြင်ရတာ ဘယ်လောက်ကြာပြီလဲ…။ ဒီတစ်ကြိမ်တော့ မလျှော့ပေးနိုင်ဘူး…။ လိုချင်တာကို သမီးလက်ခံလာအောင် နားချဖို့က ဖခင်ရဲ့တာဝန်ပဲ…။

“အဟမ်း… အရုပ်လေးက ဂါဝန်နဲ့လှနေမှ အိမ်ရှေ့က ကိုကိုက ချစ်မှာနော်”

ယုံကြည်ချက်ရှိရှိပဲ လက်ပိုက် မေးငေါ့ ပြောလိုက်ရာချက်ချင်းပဲ ဂါဝန်ကိုယူကာ ကောက်စွပ်လိုက်သည့် သမီးကိုကြည့်ပြီး တရားရသွားမိပြန်တာ သူ့အမှားလို့တော့ ပြောလို့မရဘူးမလား…။

Love Between LiesOnde as histórias ganham vida. Descobre agora