💜33💜

1K 99 28
                                    

<zawgyi>


ဘေးနားတွင် မတ်တပ်ရပ်နေရင်းမှ noti အသံတောင်ခနဲကြားသည်နှင့် ဖုန်းဖွင့်ကြည့်ပြီး တစ်စက္ကန့်အတွင်း ပြုံးဖြီးသွားသော အတွင်းရေးမှူးမလေးအား ဆိုဖီယာ ရယ်ကြဲကြဲ စကားဆိုလိုက်သည်။

"အဟမ်း! ဘာတွေသဘောကျနေတာလဲ?"

သူဌေးဆိုပေမယ့် နှစ်ယောက်တည်းရှိချိန်မှာတော့ ညီအစ်မလိုဆက်ဆံတတ်သည့် ဆိုဖီယာအား ခပ်ရဲရဲပင်ဖြေလိုက်သည့် အတွင်းရေးမှူးမ​လေး...။

"Jungkook လေ သူဌေးရဲ့! Twitter မှာ Tweet ထားလို့... ဟီး..."

"သြော်... မသိပါဘူး... ငါက နင့်ကောင်လေးလားလို့"

"ဟီး... မီးမှာ သူတို့ ၇ယောက်တောင်ရှိနေတာ ကောင်လေးမလိုဘူး"

"အေးပါ... နင့်မှာလည်း တစ်နေ့တစ်နေ့ ဒါနဲ့ပဲရူးမှာ!"

"သူဌေးလည်း ကြည့်ကြည့်ပါလား? အသေကြွေသွားမှာ... ဒီမှာ..."

၇ယောက်ရိုက်ထားသည့်ပုံအား အရှေ့ကိုထိုးပြလာပေမယ့် ဆိုဖီယာက ရွှတ်နောက်နောက်ဖြင့် မျက်စိမှိုတ်ခေါင်းခါရင်း မကြည့်ချင်ကြောင်းပြလိုက်သည်။

"နိုး... နေပါ... နင့် BTS လည်း ငါ့အမျိုးသားလောက်ချောမှာမှ မဟုတ်တာ စိတ်မဝင်စားဘူး"

"အမယ်လေး... မြင်ဖြင့် မမြင်ဖူးသေးပဲ... ဇွတ်"

"နေဦး! အခုလက်မှတ်ထိုးပြီးရင် ငါဒီနေ့အတွက် အရေးကြီးကိစ္စ ထပ်မရှိတော့ဘူးမလား?"

အတွင်းရေးမှူမလေးက အချိန်ဇယားကို သေချာစစ်ဆေးပြီးနောက် ခေါင်းခါပြလိုက်သည်နှင့် နောက်ဆုံးကျန်နေသည့် Report File တွင် လက်မှတ်ထိုးခဲ့ပြီး ဒေါက်ဖိနပ်သံစည်းချက်ကျကျဖြင့် အခန်းထဲမှ ထွက်သွားသော ဆိုဖီယာ... မျက်နှာချင်းဆိုင် အခန်းတံခါးအား တွန်းဖွင့်ကာ ဝင်လိုက်၏။

အခန်းရှင်ကလည်း သူမ အလာကို မျှော်နေသည့်အလား စာရေးစားပွဲကိုမှီရပ်လျက် မာယာပါသော အပြုံးပြုံးပြနေ၏။

"ရောက်လာပြီလား ဆိုဖီ"

"Choi Jong Ki... ရှင် သမီးလေးကို ဘာလို့ရှောင်နေရတာလဲ?"

Love Between Liesحيث تعيش القصص. اكتشف الآن