💜36💜

1K 101 25
                                    

<zawgyi>


Daecheon ကမ်းခြေ၏အစွန်းတစ်နေရာတွင် ရပ်ထားသောကားတစ်စီး…။

ပင်လယ်နှင့် အနီးစပ်ဆုံးကားရပ်ရာနေရာတွင် ကပ်ရပ်ထားသော ထိုကားလေးပေါ်တွင် သဘာဝ၏တေးသံတစ်ခုဖြစ်တဲ့ လှိုင်းပုတ်သံကို သေချာကြားနိုင်၏။

ထိုကားလေး၏ အနောက်ခန်းထဲမှာတော့ Jimin ရဲ့ရင်ခွင်အောက်မှာ နေရာကျနေတဲ့ Dolly…။
သူမ ဝတ်ဆင်ထားတဲ့ အပြာရင့်ရောင်ညဝတ်ဝမ်းဆက်လေးမှာ ပိုးသားဖြစ်သည့်အတွက် မှန်မှဖောက်ထွင်းဝင်လာသော လရောင်ကြောင့် တောက်ပနေ၏။

သူ့အနမ်းကို ကြိုဆိုတဲ့အနေနဲ့ မျက်လုံးလေးမှိတ်ပြီး အနည်းငယ်မော့နေသယောင်ရှိတဲ့ သူမကို သေချာကြည့်လိုက်တော့… ခေါက်နေသောကော်လံက သူမရဲ့ ကျော့ရှင်းသောလည်တိုင်ကို ပိုမိုပေါ်လွင်စေသလို ခုနက အနောက်ဆုတ်ရင်း ပြုတ်သွားတဲ့ ရင်ဘတ်နားမှကြယ်သီးတစ်လုံးက သူမရဲ့ ပြည့်မောက်သောရင်ဘတ်လေးအား တစ်စွန်းတစ်စလှစ်ဟပေးထား၏။

ထို့အပြင် ဝင်းဝါညက်ညောသော အသားအရေပေါ်တွင် သူကိုယ်တိုင်ဆွဲပေးထားတဲ့ ဆွဲကြိုးမှလက်စွပ်လေး…။

ထိုအရာသေးသေးလေးတွေ ပေါင်းစပ်သွားခြင်းက Jimin ရင်ကို ဒိန်းခနဲ ဆောင့်ခုန်သွားစေပြီး အပူချိန်ဂိတ်ဆုံးထိရောက်အောင် တမြည့်မြည့်နဲ့တွန်းပို့နေ၏။ ဒါပေမယ့်လည်း အကြည့်မလွှဲနိုင်…။

စချင်နောက်ချင်ရုံနဲ့ ခုလိုအနေအထားဖြစ်အောင် သူဖန်တီးယူခဲ့ပြီးမှ အခု ကိုယ့်စနက်ဖြင့်ကိုယ်​လောင်နေသော Jimin…။ သူမနဲ့ ကားပေါ်မှာနှစ်ယောက်တည်း လွတ်လွတ်လပ်လပ် အတူရှိချင်တဲ့ဆန္ဒနဲ့ ကားအကြီးတမင်ယူခဲ့ခြင်းက အခုတော့ သက်တောင့်သက်သာအဖြစ်လွန်နေတာ ပုံမှန်အနမ်းလေးနဲ့ကျေနပ်နိုင်မယ့် စိတ်အခြေအနေပင်မဟုတ်တော့…။

စိတ်ကိုချုပ်တည်းထားရတာ အဆင်မပြေသလို နှုတ်ခမ်းချင်းအပ်လိုက်ရမည်ကိုလည်း စိုးရိမ်နေပြန်သည်။

အပိုင်ဆိုင်ချင်ခဲ့ဆုံးနှုတ်ခမ်းလေးကို ဒီလိုပုံစံနဲ့သာ သိမ်းပိုက်ရမယ်ဆို အတွေ့အကြုံမရှိသေးသည့် သူ့နှလုံးသားလေးက နောက်ဆင့်ကဲဖြစ်ပေါ်လာမယ့် ခံစားချက်တွေကို ထိန်းချုပ်နိုင်ပါ့မလား…။

Love Between LiesWhere stories live. Discover now