<zawgyi>
🐻 အတိတ်ဇာတ်ကြောင်း ( ၂ )🐻
“သေချာလိုက်ဆိုကြည့်! Tae…”
“Tae”
“ဟုတ်ပြီ… Hyung…”
“Yung”
“Yung မဟုတ်ဘူး… Hyung…”
“Hyung”
“အွန်း… Dolly လေးက တော်ပါတယ်…။ ဟုတ်ပြီ… ပေါင်းခေါ်ကြည့်”
မျှော်လင့်ချက်အပြည့်ဖြင့် ကလေးမလေးပါးစပ်မှ ထွက်လာမည့် အသံထွက်အား အနားတိုးကပ်၍ နားစွင့်နေတုန်း ယုံကြည်ချက်ရှိရှိဖြင့် ပြတ်ပြတ်သားသား ထွက်ဆိုလိုက်သည့် သူမကတော့ ပြုံးပြုံးလေးပဲ…။
“Tae Yung”
Taehyung စိတ်ပျက်လက်ပျက်နှင့် လက်ပိုက်ကာသာ စိုက်ကြည့်လိုက်မိသည်။
လူကလေးက ချစ်စရာကောင်းသလောက် ဦးနှောက်ကတော့ ပိန်းတိန်းနေတာပဲ…။
လျှာထွက်အောင် ရှေ့က တိုင်ပေးနေလည်း အသံထွက်တွေက ပီသမလာဘူး…။ အခြားအသံထွက်တွေ မပြောလေနှင့်... ဒီနာမည်လေးတောင် မှန်အောင် သင်ပေးလို့မရနိုင်သေးတာ…။
မြန်မာအမေနဲ့ မိန်းမကိုချစ်လွန်း၍ အိမ်မှာဆို အများအားဖြင့် မြန်မာစကားသာပြောတဲ့အဖေတို့ ကြားတွင် ကြီးပြင်းလာသည့် သူမက ကိုရီးယားစကား ကောင်းကောင်းမတတ်တာပါလို့တော့ သူဘယ်တွေးတတ်ခဲ့ဦးမှာလဲ…။
“ဟာ… မသိတော့ဘူး…။ ခေါ်ချင်သလိုသာ ခေါ်တော့”
“Tae-panman?! ဟီးဟီး”
ကိုယ့်နှဖူးသာ ကိုယ်ရိုက်လိုက်မိတဲ့ Taehyung လေး…။
ခေါ်ချင်သလိုခေါ်ဖို့ ဘာလို့များသွားပြောမိပါလိမ့်…။
အသည်းယားလိုက်တာ…။ လုပ်ချင်ရာတွေလုပ်ပြီး ပြုံးပြနေတာလေးကိုက တွေ့ကရာနဲ့ ထထုချင်စရာ…။သူငယ်ချင်းတွေနဲ့ ကစားနေချိန် Tae-panman လို့ သူမလှမ်းခေါ်လိုက်တိုင်း သူငယ်ချင်းတွေ စနောက်တဲ့ ဒဏ်ကို မခံစားနိုင်ဘူး…။ သူကပဲ စနောက်ချင်တာလေ…။
ရန်ဖြစ်ခါနီးဆဲဆဲ အချိန်မှီ အနားရောက်လာသော Mr. Choi က Dolly ဘေးဝင်ထိုင်၍ သူမကို ပေါင်ပေါ်ပွေ့တင်လိုက်သည်။