Part-31(Final)

165K 7.5K 1K
                                    

Zawgyi

မနက်ရှစ်နာရီ‌တောင်ထိုးနေပြီ။မြတ်သူကရောက်မလာ‌သေး။ဒီနေ့ပဲသူနဒီနဲ့စေ့စပ်ရတော့မှာဖြစ်သည်။မေမေက နဒီတို့အိမ်ကိုပဲလိုက်လာခဲ့ဖို့ အခုလေးတင်ဖုန်းဆက်ပြောသွားသည်။လိုက်ပို့ပေးပါမည်ဆိုသည့်မြတ်သူက ခုချိန်ထိပေါ်မလာ။ဖုန်းဆက်တော့လည်းမကိုင်။ကားမောင်နေလို့ပဲလား။ဖုန်းထပ်မဆက်တော့ပဲ စောင့်ပဲနေလိုက်သည်။

မစောင့်ပဲရောက်လာသူက မိုးသား။Nike စွပ်ကျယ်လက်ရှည်အနက်ကို Skinny အနက်နဲ့တွဲဝတ်ထားကာလျှာထိုးဦးထုပ်ကလည်း Nike brand အနက်ပဲဖြစ်၏တစ်ကိုယ်လုံးနက်စွေးနေသူကို ခြေဆုံးခေါင်းဆုံးကြည့်ကာအကြည့်လွှဲလိုက်သည်။ဟိုနေ့က ပြန်သွားပြီးကတည်းကပေါ်မလာတော့ပဲနဲ့ ဒီနေ့မှဘာထဖြစ်တာလဲ။

စတစ်အဖြူနဲ့ ပိုးပုဆိုးပန်းနုရောင်ခပ်လွင်လွင်ဝတ်ထားတဲ့သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာပြုံးစိစိလုပ်နေသူကိုမရည်ရွယ်ပဲမျက်စောင်းထိုးမိသည်။သူကတော့ ဘယ်လိုမှခံစားရပုံမပေါ်။ပြုံးစိစိ စပ်ဖြဲဖြဲလုပ်နေနိုင်သည်။ကိုယ့်မှာတော့ ရင်ထဲပူလောင်နေကာ ကမ္ဘာပျက်မတက်။ပြီးတော့ဒီပုံစံကြီးကို သူ့ကိုမပြချင်။

"ကိုကို ဘာလို့ခေါင်းငုံ့ထားတာလဲ
မော့ပါဦး ကြည့်ရအောင်"

အနားရောက်လာရင်း မျက်နှာကိုညင်ညင်သာသာဆွဲမော့ယူသည်။ဝမ်းနည်းကာ လှိုက်တက်လာတဲ့မျက်ရည်တွေကို သုတ်ပစ်လိုက်ဖို့အချိန်မရ။မျက်တောင်ဖျားတွေနဲ့အမြန်ပုတ်ခက်သိမ်းတော့ မျက်တောင်ဖျားတွေမှာစိုဆွတ်နေပြန်၏ဘာမှမပြောပဲစူးစိုက်ကြည့်နေတော့ မနေတတ်ပြန်။သူ့ရင်ခွင်ထဲတိုးဖက်ကာ ငိုချင်စိတ်ကိုထိန်းထားရသည်။မျက်နှာကိုအုပ်ကိုင်ထားတဲ့သူ့လက်တွေကိုဆွဲချကာ ရုန်းထွက်ဖို့လုပ်တော့အထွက်မခံ။

"ကိုကို "

ဘာစကားတစ်ခွန်းမှ ပြန်မပြောမိ။သိမ်ငယ်စိတ်၊ဝမ်းနည်းစိတ်၊ဆုံးရှုံးရမှာကြောက်တဲ့စိတ်တို့ပေါင်းကာ ရင်ကပေါက်ထွက်မတတ်နာကျင်လာသည်။သူရွေးချယ်ထားတဲ့လမ်းဟာ သူပဲနာကျင်ရမယ်ဆိုတာအစကတည်းကနားလည်လက်ခံထားပြီးသားဖြစ်သည်။နောင်တတွေတစ်ပွေ့တစ်ပိုက်ကြီးရမယ်ဆိုတာသိရက်နဲ့တောင် သူမရွေးချယ်ချင်လို့မရ။အစကတည်းကသတ်မှတ်ထားပြီးသားမဟုတ်လား။တုန်ယင်စပြုနေတဲ့ သူ့နှုတ်ခမ်းတွေဆီမိုးသားနှုတ်ခမ်းတွေ ဖိကပ်လာတော့ မလွှဲဖယ်မိ။အချိန်ခဏကြာသည်အထိ နှုတ်ခမ်းချင်းဖိကပ်ထားရုံအပြင်မပိုခဲ့။ခဏကြာမှဖယ်ခွာသွားကာ

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now