Part-27

155K 6.6K 414
                                    

Zawgyi

Ko Ko's birthday special Part

ဒီနေ့ရဲ့မွေးနေ့ရှင်လေးက စတစ်အဖြူနဲ့ ပုဆိုးခရမ်းအကွက်စိပ်လေးနဲ့ဖြူစင်သန့်ရှင်းကာလင်းထွက်နေလေသည်။ပုဆိုးဆင်တူဝတ်ရဖို့အရေးကို သုံးရက်လောက်ချော့ပြောခဲ့ရသေး၏။မွေးနေ့ရှင်ကရွှေတိဂုံဘုရားကအမြဲလိုလိုလူရှုပ်နေတတ်လို့ ကမ္ဘာအေး ဘုရားကိုပဲအမြဲလိုလိုသွားဖူးနေကျလို့ပြောလာတော့ မွေးနေ့မနက်ပိုင်းကို ကမ္ဘာအေး ဘုရားကိုပဲသွားဖူးလိုက်ကြဖို့အမိန့်ကျသည်။

"မိုးသားမပြီးသေးဘူးလား 7နာရီခွဲတော့မယ်"

နောက်ကျောကနေကြည့်ပြောနေသူဘေးအသာဝင်ထိုင်လိုက်ကာ ပွေ့ဖက်လိုက်ရင်းပြောလိုက်သည်။

"Happy birthday! ကိုကို"

"အင့်! ဖယ်၊အင်္ကျီတွေကြေကုန်လိမ့်မယ်ပြီးပြီဆို သွားမယ်လေ "

"ခဏလေးပါ လက်ဆောင်ပေးမလို့"

"ဘာပေးမှာလဲ ပေး"

လက်ဖြန့်ကာလက်ဆောင်တောင်းနေသူ၏ပါးပြင်နုနုကို တစ်ချက်မွှေးကြူရင်းဝှက်ယူလာတဲ့ ပါဆယ်ဘူးတစ်ဘူးထည့်ပေးလိုက်သည်။လက်ထဲကဘူးကို စူးစမ်းကြည့်နေရင်း

"နာရီလား"

"ဖွင့်ကြည့်လေ"

ဘူးထဲက Rolex Brand နာရီလေးကိုအသာယူလိုက်ကာ သူ့ကိုတစ်အံ့တစ်ဩကြည့်လေသည်။နာရီမှာRolex ထဲကice blueအမျိုးအစားဖြစ်ပြီးဒိုင်ခွက်ကမိုးပြာရောင်လေးမို့ ကိုကိုကြိုက်မှာသေချာသည်။မိုးသား နှုတ်ခမ်းတွေကော့ညွှတ်သည်အထိပြုံးကြည့်နေမိသည်။‌မွေးနေ့ရှင်ကနာရီကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်ကာ

"မိုးသား ဒီနာရီက lemited editionကြီးမလား၊မြန်မာငွေနဲ့ဆိုသိန်းရှစ်ရာနီးပါးတောင်ရှိတယ်၊ဒီလောက်တန်ဖိုးကြီးတာကြီးငါမလိုချင်ဘူး "

"ကိုကို ဘယ်လိုပြောလိုက်တာလဲ၊ ကျွန်တော်ပေးချင်လို့မရမကမှာထားရတာလေ၊စိတ်မကောင်းဖြစ်ရအောင်"

စိတ်မကောင်းသလိုပြောလိုက်တော့မှ မျက်နှာငယ်လေးနဲ့ရင်ခွင်ထဲတိုးဝင်လာကာ မော့ကြည့်ရင်းပြော၏

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now