Part-5

103K 8.9K 741
                                    

Zawgyi

တီတီ တီတီ တီတီ....

ကောင်းဝေယံကို အဆက်မပြတ်မြည်​နေတဲ့နာရီAlarmသံကြားမှနိုးလာတော့သည်။ အား မထချင်သေးဘူး။နာရီကိုယူကြည့်မိတော့၇ နာရီတောင်ခွဲနေပြီ။သူညကစာတောင်ကောင်းကောင်းမကြည့်နိုင်ပါ။အခုတလောစောစောအိပ်ဖြစ်နေသည်။လူကနည်းနည်းလေးပင်ပန်းလာရင်တောင် အရမ်းသိသာသည်။ငယ်ငယ်လေးကတည်းကအရမ်းအပင်ပန်းမခံနိုင်ပါ။ကျောင်းတက်ခဲ့တုန်းကတောင် စာတွေအရမ်းကျက်ရရင်ပင်ပန်းပြီးဖျားတတ်သည်။

ရေချိုးခန်းခဏဝင်ပြီး အဝတ်အစားခပ်သွက်သွက်လဲလိုက်၏ထုံးစံအတိုင်းShirtအဖြူနဲ့Skinny pantအနက်ကိုသာဝတ်ဖြစ်သည်။ Breakfast ကိုကော်ဖီနဲ့ ပေါင်မုန့်မီးကင်သာနေ့တိုင်းစား‌ရတတ်သည်။ဒါတောင်အမေသိန်းကသင်ပေးထားခြင်းကြောင့်။အမေသိန်းဆိုတာကသူတို့အိမ်မှာသူမမွေးခင်ကတည်းကသူတို့နေလာတာဖြစ်တဲ့အကြာင်းမေမေကပြောဖူးသည်။မေသိန်းကအပျိုကြီးဖြစ်ကာ မွေးချင်းသွေးသားလည်းမရှိတာ‌ကြာင့်သူတို့မိသားစုကိုပဲမွေးချင်းသွေးသားအရင်းလိုသဘောထားကာဒီနေ့အထိအတူနေလာခဲ့ကြ၏

သူငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာခဲ့တာမို့ သူ့ကိုသားအရင်းလိုသဘောထားကာအတော်လေးချစ်ရှာသည်။မေမေ့နည်းတူ သူ့ကိုချစ်ပေးနိုင်သူလည်းဖြစ်သည်။ဖေဖေတို့မေမေတို့ အလုပ်သွားရင်အမေသိန်းနှင့်သာနေခဲ့ရတာများ၏သူ့ကိုအမေသိန်းလက်ပေါ်မှကြီးလာသည်လို့တောင်ပြောလို့ရသည်။

ဒီ Cindoကိုပြောင်းလာကာစဆိုအမေသိန်းမှာတက်မတတ်ငိုရှာသည်။သူ့ကိုတစ်ယောက်တည်းနေရမှာမို့စိတ်မချခြင်း ကြောင့်။သူCondoကိုပြောင်းလာတော့လည်းနေ့တိုင်နီးပါးကိုလာသည်။ပင်ပန်းမှာစိုးလို့မလာပါနဲ့ပြောလည်းမရ။သူ့အခန်းရောက်တာနဲ့ချက်ပြုတ်လျှော်ဖွတ်အိမ်သန့်ရှင်းရေးကအစအကုန်လုပ်ပေးပြီးမှသာပြန်သည်။

ပိတ်ရက်တွေဆိုပိုကြာကြာနေပေးသေးသည်။သူစားချင်တာအကုန်ချက်ကျွေး၏ အိမ်ကတစ်ခြားအလုပ်သမားတွေကိုမှာစရာရှိတာမှာပြီးတာနဲ့ဈေးဝင်ဝယ်ပြီးသူ့condoကိုသာရောက်လာ‌တော့၏ဒရိုင်ဘာဦးလေးကြီးဆို အမေသိန်းကိုပါအကြိုအပို့လုပ်ရတဲ့အလုပ်တစ်ခုပိုနေတော့သည်။

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားDonde viven las historias. Descúbrelo ahora