Part-21

132K 7.8K 315
                                    

Zawgyi

မိုးသားနိုးလာတော့အခန်းတွင်းတိတ်ဆိတ်ငြိမ်သက်နေကာအသက်ရှူသံခပ်မျှင်းမျှင်းလေးတစ်ခုသာကြားရ၏တစ်ဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကြောင့်နားထင်ကိုဖိထားမိသည်။မနေ့ကသူအရက်တြွေပန်သောက်မိခဲ့တာပဲ။ကိုကို့အိမ်ရောက်လာကတည်းကမသောက်ဖြစ်တော့တာကြာပြီဖြစ်သည်။မနေ့ကမြှပန်သောက်တော့အကျင့်မရှိတော့ခေါင်းကိုက်နေခြင်းဖြစ်လိမ့်မည်။ထမည်အပြုသူ့ရင်ခွင်ထဲအိပ်မောကျနေတဲ့ကိုကို။အသက်ရှူသံမျှင်းမျှင်းကကိုကို့ဆီကထွက်နေသည်ပေါ့။

ကိုကို့ကိုငုံ့ကြည့်နေရင်းညကအဖြစ်အပျက်များကိုတစ်ခုချင်းပြန်မြင်ယောင်လာသည်။မနေ့ညကကိုကို့ကိုသူအရယူခဲ့မိတာပဲ။သူအကုန်မှတ်မိပါသည်။အရမ်းကြီးမထနိုင်အောင်သောက်ထားခြင်းမဟုတ်။ကိုကို့ကို တစ်ခြားတစ်ယောက်နဲ့တွဲမြင်တော့သဝန်တိုစိတ်၊ခံပြင်းစိတ်ကထိန်းမရခဲ့။ကိုကို့ကိုဆုံးရှုံးရမှာကြောက်သည့်စိတ်ကြောင့် ဖွင့်ပြောဖို့သူအရက်နဲ့ရဲဆေးတင်ခဲ့ရသည်။

နောက်သူသောက်တဲ့အရက်ထဲတစ်ခုခုပါလာပြီဆိုတာကိုကိုနဲ့တွေ့တော့မှသတိထားမိခဲ့သည်။သူရိန်နဲ့တေဇာ သူသောက်တဲ့အရက်ထဲဆေးထည့်လိုက်ကြပုံရသည်။တေဇာတို့ကကိုကိုနဲ့သူ့ရဲ့အခြေအနေအကုန်လုံးကိုမသိ။ကိုကို့ကိုသူများနောက်ပါသွားမှာစိုးရိမ်နေကြသည်။ဖွင့်ပြောဖို့အတင်းတိုက်တွန်းနေကြတာ။အရက်ပါသောက်ထားခဲ့တော့ညကသူဘယ်လိုမှစိတ်ကိုထိန်းချုပ်လို့မရခဲ့။အဲ့ဒီလူကကိုကိုဖြစ်နေတော့ပိုဆိုးသည်။

ကိုကိုနဲ့ပြဿနာတက်ကြရင်းနဒီအတွက်နဲ့အထိုးပါခံလိုက်ရတော့သဝန်တိုစိတ်၊ခံပြင်းစိတ်တွေကြောင့်သူဆက်ထိန်းချုပ်မထားနိုင်တော့။ကိုကို့ကိုအရယူလိုက်မိသည်။ကိုကို့ကို အပိုင်လိုချင်သည်။တရားသည်ဖြစ်စေ၊မတရားဘူးဖြစ်စေကိုကိုကသူ့အပိုင်ပဲဖြစ်ရမည်။သူရဲ့ပြိုင်ဘက်က ယောကျာ်းပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် သူအလျှော့ပေးမှာမဟုတ်။ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုကိုက သူ့အပိုင်သာဖြစ်နေရမည်။

ကိုကို့ကို သူချစ်သည်။အဆုံးရှုံးမခံနိုင်။သူ့အပေါ်ကြိုက်သလောက်ဆိုးလို့ရသည်။သူ့အနားကတော့ဘယ်ကိုမှသွားခွင့်မပြုနိုင်။ဘယ်သူ့နောက်မှလည်းအပါမခံနိုင်။အခုလည်း ကိုကိုစိတ်ကောက်မပြေမချင်းချော့မည်။နဒီဆိုတဲ့အမျိုးသမီးနဲ့ကိုကိုလက်မထပ်ဖြစ်စေရ။တစ်ကယ်လို့ ကိုကိုလက်ထပ်ဖြစ်ခဲ့ရင်တောင် အဲ့ဒီလူကသူပဲဖြစ်ရမည်။ကိုကို့ဆီကို ရောက်လာကတည်းက ကိုကို့အချစ်ကိုရောသူ့ဘဝတစ်ခုလုံးကိုပါပိုင်ဆိုင်ခွင့်ရဖို့။သူလွယ်လွယ်နဲ့လက်မလျှော့နိုင်။မဟုတ်ဘူး၊ ကိုကို့ကိုသူဘယ်တော့မှလက်လွှတ်ပေးမှာမဟုတ်။

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now