Part-18

100K 7.9K 253
                                    

Zawgyi

မွေးနေ့ပါတီကျင်းပနေတဲ့ခြံထဲမှာသာဆူညံနေတာ၊အပြင်ရောက်တော့ တိတ်ဆိတ်နေသည်။လူမနေတဲ့ခြံကျယ်ကြီးတွေများတာကြောင့်လူအသွားအလာသိပ်မရှိ။ကားတစ်စီးတစ်လေတောင်မတွေ့ရ။လမ်းမကြီးဖက်ရောက်အောင်နည်းနည်းလမ်းလျှောက်ရမည်ထင်သည်။ကောင်းကောင်း ထွက်လာမိပြီးကာမှကြောက်စိတ်အနည်းငယ်ဝင်လာသည်။လှည့်လည်းပြန်မသွားချင်တော့။သူရိန်ကမိုးသားကိုသူပြန်တဲ့အကြောင်းပြောလောက်မည်တော့ထင်ရသည်။နောက်လှည့်ကြည့်မိတော့ မိုးသားကားကပါမလာ။လိုက်များလာလေမလားမျှော်လင့်နေမိသေးသည်။

အမှတ်မရှိတဲ့ ကိုယ့်ကိုယ်ကိုလည်းကြည့်မရချင်တော့။ကိုယ့်အနားမနေပေးနိုင်တဲ့သူကိုမှ။ဝမ်းနည်းစိတ်ကလှိုက်တက်လာပြန်သည်။ကျလာတဲ့မျက်ရည်ကိုလက်ခုံနဲ့အသာဖိသုတ်လိုက်၏

မိုးသားကိုတစ်ခြားသူနဲ့တွဲမြင်မိတော့ သဝန်တိုစိတ်က သူ့အလိုလိုဖြစ်လာသည်။သဝန်တိုတယ်ဆိုတာမျိုးက သမီးရည်းစားတွေမှတိုရတာလောက်တော့သူသိပါသည်။သူလက်ထပ်ရမယ့် နဒီ့ကိုတောင်သဝန်တိုစိတ်မဖြစ်မိ။နဒီ့မှာ boyfriendsတွေအများကြီးရှိတဲ့အကြောင်းသတင်းကြားတုန်းကတောင် ဘယ်လိုမှမနေခဲ့။တစ်ခါတစ်လေ နဒီ့ကိုတစ်ခြားကောင်လေးတွေနဲ့တွဲသွားတာမျိုးတွေသူကိုယ်တိုင် မြင်တဲ့အခါတွေတောင်ရှိဖူးသေးသည်။သူ့စိတ်ထဲဘယ်လိုမှမနေခဲ့။

သူနဲ့ပတ်သတ်မိမှသာ သဝန်တိုရကောင်းမှန်းသိတော့သည်။သူ့အနေနဲ့ ကိုယ့်ကိုပဲ အလိုလိုက်၊ကိုယ့်ကိုပဲဂရုစိုက်၊ကိုယ့်ကိုပဲ ပွေ့ဖက်နမ်းရှိုက်စေချင်မိခဲ့သည်။ကိုယ်မဟုတ်တဲ့တစ်ခြားသူတွေကို အလိုလိုက်ဦးစားပေးတာမျိုးမလိုချင်ခဲ့။

သူ အလိုလိုက်ဦးစားပေးတာတွေ၊ ဂရုစိုက်ကြင်နာပေးခဲ့တာတွေ၊ပြီးတော့ သူပွေ့ဖက်နမ်းရှိုက်ခဲ့တာတွေအရာအားလုံးကိုယ်တစ်ယောက်တည်းအတွက်လို့ထင်ခဲ့ဖူးသေးသည်။သူကတော့အဲ့လိုမဟုတ်။တစ်ခြားသူတစ်ယောက်နဲ့ပွေ့ဖက်ဖို့လည်းဝန်မလေး။နမ်းရှိုက်ဖို့လည်းဝန်မလေး။ကိုယ်ကပဲအရူးတစ်ယောက်လို။ဝမ်းနည်းစိတ်ပြီးတော့ရှက်စိတ်ကလှိုက်တက်လာပြန်သည်။

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now