Part-25

204K 7.8K 363
                                    

Zawgyi

"မေမေခွင့်ပြုပါတယ်သားရယ်မေမေ ပြောတာကိုရောနားလည်တယ်မလား သား"

"ဟုတ်ကဲ့ပါ မေမေသားနားလည်ပါတယ်"

မေမေက Condoအထိလိုက်ချလာလေသည်။ဟိုနေ့ကမြန်မာပလာဇာမှာသူနဲ့မိုးသားကိုတွေ့ခဲ့တဲ့အကြောင်း နဒီက မေမေ့ကိုပြောပြလိုက်ပုံရသည်။မေမေကသူ့နဲ့မိုးသားဘယ်လိုပတ်သတ်နေလဲဆိုတာစိတ်ဝင်စားနေပြီဖြစ်သည်။

"သားနဲ့အတူနေတဲ့ကောင်လေးက အခုဘယ်သွားနေလဲသား မမြင်ဘူးရော"

"ဟိုမေမ၊သူကအလုပ်သွားတယ်၊ညနေမြှပန်ရောက်မယ်ထင်တယ်"

"မသိန်း ပြောပြကတည်းကမေမေကနားလည်ပြီးသားပါသားရယ်၊အဲဒီ့ကောင်လေး ရည်ရည်မွန်မွန်ရှိလို့လည်းသားကခေါ်ထားတယ်ဆိုတာ မေမေသဘောပေါက်တယ်၊ အဲ့ဒါကြောင့် မေမေဘာမှဝင်မပြောခဲ့တာပေါ့၊ မေမေက နားလည်ပေမဲ့နဒီကရှိသေးတယ်လေ၊နဒီ့အတွက်လည်း အချိန်ပေးရဦးမှာ‌ပေါ့၊မေမေပြောတာ သားနားလည်ပါတယ်နော်"

"နားလည်ပါတယ် မေမေ၊နဒီက မိန်းကလေးဆိုတော့ ရင်းနှီးဖို့က နည်းနည်းခက်တယ်လေအဲ့သဘောပါ ၊ဟို မိုးသားနဲ့ကကျတော့ ယောကျာ်လေးချင်းဆိုတော့ ရင်းနှီးတာမြန်တဲ့သဘောပါမြတ်သူနဲ့လည်းသူကခင်တယ်မေမေ"

မေ့မေ့ကို ပထမဆုံးအကြိမ်လိမ်ညာမိခြင်းဖြစ်သည်။သူဟန်ဆောင်ရတာတွေဘာတွေကိုမလုပ်တတ်ဆုံးပဲ။မေမေက သူ့ကိုရိပ်မိစွာတစ်မျိုးလေးကြည့်ပြောသည်။

"မေမေ သားကိုယုံပါတယ်၊ဒါပေမဲ့ အဲ့ဒီကောင်လေးက နဒီပြောတာတော့ Gayတဲ့၊နဒီက သားကိုအဲ့ဒီကောင်လေးနဲ့အပေါင်းအသင်းမလုပ်စေချင်ဘူးပြောနေတယ် ၊ သားကိုပါ လူတွေကတစ်မျိုးထင်ကြမှာစိုးရိမ်တယ်တဲ့၊မေမေကတော့သားခင်လို့ သားအဆင်ပြေလို့ ခင်မင်ပေါင်းသင်းနေတာပဲ၊ဘာမှပြောစရာမရှိပါဘူး၊သူတို့ရဲ့ဖြစ်တည်မှုကိုလည်း မေမေနားလည်ပေးလို့ရတယ်သား၊နောက်ပြီး သူက Skyရဲ့တစ်ဦးတည်းသောသားမလား၊သားဆီဘာလို့လာနေလဲ မေမေကနားလည်ပေးတယ်ပဲထား၊နဒီက နားလည်ပေးပါ့မလား သားတွေးမိလားဟင်"

"သားမေမေပြောတာကိုသဘောပေါက်ပါတယ်၊အခုလောလောဆယ် တော့ သူ့ကိုချက်ချင်းကြီးပြောရမှာလည်းအားနာတယ်၊သားဖြေးဖြေးချင်းပြောပြလိုက်ပါ့မယ်၊သူကလည်းသားဆီမှာ အမြဲနေဖို့ အစီအစဉ်မရှိပါဘူး၊အခုသူက မေသိန်းနဲ့ပါ ရင်းရင်းနှီးနှီးဖြစ်နေတော့လေ"

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now