Part-2

143K 11.5K 1.3K
                                    

Zawgyi

"​ဟေ့​ကောင်​မိုးသား​ဝေဇယန္တာလမ်း​ပေါ်​ရောက်​လာပြီ၊မင်းလက်မောင်းကသွေးအရမ်းထွက်နေတယ်ဒီနားက​ဆေးခန်းတစ်​ခုခုထဲ ဝင်​ပြလိုက်​မလား၊နှစ်ဆယ့်လေးနာရီဖွင့်တဲ့ဆေးခန်းတွေဖက်သွားရင်ကြာနေမှာ"

"​အေး ၊ဒီနား​တွေ့တဲ့​ဆေးခန်းသာ အရင်​ဝင်​လိုက်​ရ​အောင်​"

"ငါ အဲ့​ကောင်​သောက်​ကျင့်​ကိုသိတယ်​ငါ့​ကောင်​၊ရှုံးမဲ မဲတာအဲ့​ကောင်​၊သူနဲ့ပြိုင်​မောင်းမယ့်​ကောင်​ကတိမ်​ရောင်​မိုးသားဆိုတာ​မေ့​နေပုံရတယ်​"

"​ဟေ့​ကောင်​တေဇာ မင်းအ​ဖေနာလှပြီဟ့အနီးဆုံး​ဆေးခန်းသာမြန်​မြန်​ရှာ မြန်​မြန်​ရောက်​အောင်​မောင်း"

သူ့မျက်​နှာကို ရှုံ့နိုင်​သ​လောက်​ရှုံ့​ပြောလိုက်​သည်​။လက်​မောင်းကဓားဒဏ်ရာကယှက်ထိတယ်ဆိုပေမဲ့သွေးတွေကလက်​မောင်းတစ်​ခုလုံးလက်​နဲ့ဖိထားတာ​တောင်​စိမ့်​ထွက်​နေသည်​။အဖြူဝတ်​ထား​တော့ပိုဆိုးသည်​။လက်​တစ်​ဖက်​လုံးချင်းချင်းနီ​နေ​တော့၏ညဘက်လူခြေတိတ်ချိန်သူနဲ့ ဟိုဖက်​အုပ်​စုက ရဲရင့်​နဲ့ကားပြိုင်​မောင်းကြတာဒီလမ်းမကြီး​ပေါ်မှာပဲ။သူတို့အတွက်​ဒီလမ်းကကျယ်​တော့ အမြဲလိုလိုကား​မောင်းပြိုင်​ဖြစ်​ခြင်းဖြစ်သည်။

ညက ရဲရင့်​သူ့ကိုရှုံး​ပေမယ့်​ဒီ​နေ့တစ်​ယောက်​ချင်းလက်​သီးချင်းယှဉ်​ထိုးချင်​တယ်​ပြောလာ၍​တွေ့​နေကျ​နေရာမှာ ချိန်းထိုးဖို့သူလက်​ခံလိုက်​တာ။လက်​သီးချင်းယှဉ်​ထိုး​တော့လည်းရဲ​ရင့်​ရှုံးပြန်​သည်​။သူသတိမထားမိလိုက်တဲ့အချိန်ခဏလေးအတွင်းမှာပဲရဲရင့်ကသူ့ကိုဓားနဲ့ထိုးချလိုက်ခြင်းပင်။ သူအ​ရှောင်​မြန်​လိုက်​လို့ လက်​မောင်းလောက်ကိုပဲယှက်ထိသွားခြင်းသာ။

"​တေဇာ အဲ့​ကောင်​လက်​နှစ်​ဖက်​လုံးရိုက်​ချိုးခိုင်းလိုက်​ကွာ"

"ငါ ကြည့်​စီစဉ်​လိုက်​မယ်​"

တေဇာ​တွေးမိသည်​။တိမ်​ရောင်​မိုးသားကိုရန်​စရဲတဲ့​ကောင်​ကသူ့​သေတွင်းသူတူးလိုက်​သလိုပဲဆိုတာ။မိုးသားမှာ​နောက်လိုက်​gangster​တွေချည်းရာချီ​အောင်​ရှိ​လေသည်​။ဝန်​ကြီးသားတစ်​ချို့​တောင်​မိုးသားလို​ကောင်​ကိုရန်​စရဲတာမဟုတ်​။ သူက မိုးသား​ပြောတဲ့ အတိုင်းဖုန်းတစ်​ချက်​ဆက်​လိုက်​ရုံပဲဖြစ်​သည်​။တိမ်​ရောင်​မိုးသား က မြန်​မာနိုင်​ငံရဲ့အကြီးဆုံး SKY Group ကိုဦးစီး​နေသူ CEOဦးညီညီနဲ့​ဒေါ်​မေ​မီ​သော်​တို့ရဲ့တစ်​ဦးတည်း​သောသား​။ever​ချေမိုး​နေတဲ့​ကောင်​။သူ့ကိုထိရင်​ဘာဖြစ်​လာမယ်​ဆိုတာရဲရင့်ဆိုတဲ့ကောင် မသိ​လေ​ရော့သလား။SKY Group ဆိုတာ​ဆောက်​လုပ်​ရေးလုပ်​ငန်း ဘဏ်​လုပ်​ငန်း ဟိုတယ်​လုပ်​ငန်း အိမ်​ခြံ​မြေ​ရောင်းဝယ်​ရေး ခရီးသွားလုပ်ငန်းတွေအားလုံး လုပ်​ကိုင်​နေ​တဲ့အကြီးဆုံး Groupကြီးဖြစ်သည်။ဘယ်​Groupမှ မယှဉ်​နိုင်​လောက်​အောင်​အင်​အားအကြီးမားဆုံးဖြစ်​၏ မိုးသားတစ်​ယောက်​တည်းစီး​နေတဲ့ကား​တွေကြီးပဲ ပြိုင်​ကား အပါအဝင်​ဆယ်​စီးမကရှိ​နေတာ​။

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now