Part-9

93.8K 8.1K 709
                                    

Zawgyi

ဝေဇယန္တာလမ်းမကြီးပေါ်ရောက်လာတော့ ညနေငါးနီရီခွဲနေပြီ။ကိုကို့ဆေးခန်းကတော့ ဖွင့်နေဆဲပင်ဖြစ်လိမ့်မည်။

သူတို့‌မောင်းလာသည့်ကားဆေးခန်းနဲ့ ခပ်လှမ်းလှမ်းရောက်လာသည်နှင့်ရပ်လိုက်ကာ မိုးသားကအရင် ကားပေါ်ကဆင်းလိုက်သည်။

"ဟေ့ကောင်တေဇာ ငါနေခဲ့လိုက်မယ်၊ငါ့ကားကိုမင်းယူသွားလိုက်၊အခြေအနေကိုပြီးမှငါဖုန်းဆက်လိုက်မယ်ဖြစ်လား"

"ငါက မဖြစ်စရာအကြောင်းမရှိပါဘူး အဟမ်း၊ဒါ‌ပေမယ့် ငါမင်းကိုတစ်ခုတော့မှာလိုက်ချင်တယ်"

ဘာမှာဖို့လဲဆိုတဲ့အကြည့်မျိုးနဲ့ မိုးသားမေးဆတ်ပြလိုက်သည်။

" ဘာပဲလုပ်လုပ်ညင်သာပါကွာ"

"မသာ မင်းသွားလိုက်တော့"

ပြောလိုက်တော့မှတေဇာကတစ်ဟား ဟားရယ်ကာကားကိုလျှောခနဲမောင်းထွက်သွားတော့သည်။ရယ်သံကြီးက ကားထွက်သွားသည့်တိုင်ကျန်နေခဲ့သေးသည်။

မိုးသားခေါင်းရမ်းကြည့်နေရုံသာတတ်နိုင်တော့၏တေဇာ့ကားကလျှင်မြန်သောအလျှင်ဖြင့်မြင်ကွင်းကပျောက်ကွယ်သွားချေပြီ။မိုးသား ကိုကို့ဆေးခန်းရှိရာဘက်ကိုသာခပ်ဖြေးဖြေးလျှောက်လာခဲ့တော့သည်။ဆေးခန်းထဲ လှမ်းဝင်လိုက်သည်နှင့်ထုံးစံအတိုင်း ပြုံးစိစိနဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်နေသည့် သူနာပြုကောင်မလေးများကိုအရင်တွေ့ရသည်။

ခပ်တည်တည်ပဲဖြတ်လျှောက်လာလိုက်ကာစာရင်းအရင်ပေးလိုက်သည်။စာရင်းရေးတဲ့ကောင်မလေးကလည်း ပြုံးစိပြုံးစိနဲ့ကြည့်လာပြန်၏ကိုကို့ ဆေးခန်းက Nurses မတွေကဘာလဲ၊ကျပ်မပြည့်ကြတာလား။

သူပြရမယ့်အခန်းထဲဝင်လိုက်တာနဲ့ ကိုကိုကမျက်လုံးဝိုင်းဝိုင်းများနဲ့အံ့ဩမှင်သက်စွာကြည့်လာသည်။ နှုတ်ခမ်းထောင့်ကမှာသွေးတွေနဲ့ သူ့ကိုမြင်လိုက်ရတော့ရုတ်တရက် အံ့ဩနေပုံပင်။

"မိုးသား နှုတ်ခမ်းကဘာဖြစ်လာပြန်ပြီလဲ"

"ခိုက်မိလာတာ ကိုကို"

"ဘာနဲ့ ခိုက်မိတာလဲ"

"ဟို အဲ့ဒါက"

"ရန်ဖြစ်လာတာပဲ မဟုတ်ဘူးလား"

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now