Part-23

136K 8.4K 975
                                    

Zawgyi

     နေရောင်ခြည်ပျို့ပျို့ကမျက်နှာထက်ကျရောက်လာတော့မှမိုးသားနိုးလာတော့သည်။ခေါင်းကအုံခဲနေကာထချင်စိတ်တောင်မရှိ။ပြတင်းပေါက်ဆီမျက်လုံးရောက်တော့ လိုက်ကာတွေကိုဘေးသို့အနည်းငယ်ဆွဲဖွင့်ထားတာတွေ့ရသည်။ပြီးတော့လိုက်ကာ အဖြူရောင်တွေ။သူ့Condoကလိုက်ကာတွေကမိုးခိုးရောင်ရင့်ရင့်တွေတပ်ထားတာမဟုတ်ဘူးလား။အိပ်ရာခင်းတွေဆီကခပ်သင်းသင်းအနံ့အသက်တစ်ချို့ကကိုကို့ဆီမှာအမြဲရနေကျအနံ့သင်းပျံ့ပျံ့။ သူအခန်းတွင်းတစ်ချက်ဝေ့ကြည့်လိုက်သည်။ခုတင်ဘေးက စာကြည့်စားပေါ်မှာLaptopတစ်ခုနဲ့ဆေးစာအုပ်အထူကြီးတွေ၊ကျွန်းရောင်အဝတ်ဘီရို၊အခန်းထောင့်ကဆိုဖာအလွတ်တစ်ခု၊အခန်းကျယ်တစ်ခန်းလုံးအဖြူရောင်တွေချည်းသာ။ကျစ်!သွားပြီ။ကိုကို့အခန်းထဲသူဘယ်လိုရောက်လာတာလဲ။

   ညကတေဇာတို့သူ့ကိုCondoလိုက်ပို့ကြတာသူသတိထားမိသည်။အတိအကျဆို အခန်းရှေ့အထိသာလိုက်ပို့ခဲ့ကြခြင်း။Passwordကိုသူကိုယ်တိုင်ရိုက်ထည့်ခဲ့တာ။ကိုကို့အခန်းpasswordနဲ့ဆင်တူ သူ့condo passwordကိုလည်း ထားခဲ့သည်။ကိုကိုက passwordပြောင်းလဲထားတာတွေဘာတွေ ရှိပုံမရ။အဲ့ဒါကြောင့်သာသူကိုကို့ အခန်းထဲ အလွယ်ဝင်ရခဲ့တာဖြစ်မည်။ဒါဆိုညကတေဇာတို့သူ့ကိုကိုကို့condoကိုလိုက်ပို့ပေးခဲ့ကြပုံရသည်။ဘယ်လိုစိတ်နဲ့လာပို့သွားကြရတာတဲ့လဲ။

   ကျစ်!သွားပြန်ပြီထင်သည်။သူအလန့်တစ်ကြားထထိုင်မိ၏ညက သူကိုကို့ကိုတွေ့ခဲ့ရတာတစ်ကယ်ပေါ့။သူမြင်ယောင်နေခဲ့တာမဟုတ်ဘူးပေါ့။ညကကိုကို့ပုံရိပ်လေးကို သူဖက်တွယ်နမ်းရှိုက်ခဲ့၏အချိန်အတော်ကြာသည်အထိနမ်းမိခဲ့သည်။အဲ့ဒါကြောင့်ဖြစ်မည်။ညကလူအစစ်ကိုနမ်းရသလိုအရမ်းကောင်းနေခဲ့တာ။ပြီးတော့ကိုကို့ဆီကတုန့်ပြန်လာတဲ့အနမ်းတွေ။ဟား၊တစ်ကယ်လား။အဲ့ဒါကရောတစ်ကယ်ပဲလား။

   ညကသူ ကိုကို့ကိုလွှတ်မပေးခဲ့။တစ်ညလုံးဖက်တွယ်ထားခဲ့မိတာ။သူတစ်ညလုံးနွေးနေခဲ့တာဒါကြောင့်ဖြစ်မည်။သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုကါသည်။မနေ့က အလုပ်သွားတုန်းကဝတ်ထားသည့်ရှပ်အဖြူနဲ့စတိုင်ပန် အနက်နဲ့ပဲဖြစ်သည်။ဒါဆိုညကသူကိုကို့ကို ဘာမှတော့လုပ်ဖြစ်ပုံမရ။ကိုကို့ကိုဖက်တွယ်ထားပြီးတဲ့နောက်ပိုင်းဘာတစ်ခုမှမမှတ်မိတော့။ကိုကိုက အခုတောင်သူ့ကိုစိတ်ဆိုးပြေသေးတာမဟုတ်။ဒါပေမဲ့ညက သူတစ်ညလုံးဖက်တွယ်ထားခဲ့တာကိုတော့ရုန်းကန်ခြင်းမရှိခဲ့ဘူးထင်သည်။

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now