Part-7

95.7K 8.2K 366
                                    

Zawgyi

မိုးသားHotelကသူ့အခန်းထဲရောက်တာနဲ့ မေ့ကိုဖုန်းခေါ်ဖို့လုပ်ရသည်။မေ ကသူ့ကို ရဲရင့်တို့နဲ့ပြဿနာဖြစ်ပြီးကတည်းက လွှတ်မထားတော့။သူ့ကို အိမ်မှာပဲနေရမယ်တို့ဘာတို့တော့အတင်းအကျပ်ပြောမထားပေမယ့် နောက်ကွယ်ကနေသူ့လူတွေကိုစောင့်ကြည့်ခိုင်းထားတာမျိုးတွေရှိသည်။သူ့နောက်မှာလည်းသူ့လူတွေရှိနေတာပဲလေ။မလိုအပ်ပဲ ဘာလုပ်မှာလဲ။

မိုးသားက အိမ်မှာအမြဲမနေပါ။သူတို့ပိုင်တဲ့Condoတွေ Hotleတွေမှာနေချင်တဲ့နေရာမှာသွားနေသည်။မေ ကထွေထွေထူးထူးဘာမှမပြော။သူ့စိတ်တိုင်းကျသာဖြစ်ပေးခဲ့တာများ၏သူအထက်တန်းပြီးလို့TU စတတ်တော့ကျောင်းမှာ ကောင်လေးတစ်ချို့နဲ့တွဲသွားတွဲလာလုပ်နေတာကို မေကရိပ်မိနေခဲ့ပါလိမ့်မည်။မေ ကနောက်ဆုံးသူ့အား မေးလာတော့သည်။သူ မေ့ကိုမညာချင်ပါ။မေ နားလည်ပေးမှာကိုလည်းသူသိသည်။

သူ Gayဖြစ်ကြောင်း come outလုပ်တော့ မေ ကသိပ်မအံ့ဩပါ။မေက သူ့ဖြစ်တည်မှုကိုနားလည်ပေးဖို့ ပြင်ဆင်ထားပုံရသည်။ဖေ ကလည်း ဘာမှဝင်မပြော။သို့သော် သူ့အားသိပ်လည်းကြည်ပုံလည်းမရ။သူနဲ့မတူလို့နေမှာပေါ့။ဒီနိုင်ငံအနေအထားအရသူ Gayဖြစ်နေခြင်းအပေါ်သူ့ မိဘများကတစ်ခြားမိဘတွေလိုsensitiveသိပ်မဖြစ်ကြပါ။ခေတ်ပညာတတ်များဖြစ်သည့်အပြင်​ဖေဆို နိုင်ငံတကာသွားလာနေတော့LGBTအကြောင်းတွေကို ပိုနားလည်နေပါလိမ့်မည်။

ဩဇီကိုသူကျောင်းသွားမတတ်ချင်ဘူးပြောတော့လည်းနားလည်ပေးကြသည်။ အဲ့ဒီအစား ဖေတက်ခိုင်းတဲ့ TUတော့ သူတက်ခဲ့ရသည်။နောင်တစ်ချိန် SKYကိုသူဦးစီးရမှာမို့ဖေက သူ့အလုပ်တွေကိုအခုတည်းကကူခိုင်းချင်နေတာဖြစ်သည်။သူ တမင်အချိန်ဆွဲနေခြင်းကြောင့်ဖေကသူ့ကိုသိပ်မကြည်တာလည်းပါလိမ့်မည်။သူ့ကိုပြောမရလို့ခဏလွှတ်ထားတာဖြစ်မည်။မေ ကတော့ သူ့အပေါ် အတော်လေး supportလုပ်နိုင်သူဖြစ်သည်။သူ ဖြစ်ချင်တာအကုန်ဖြစ်ပေးပါ၏ ဒါကြောင့်သူ မေ့ကိုတော့ ထည့်မတွက်လို့မရ။

ဖုန်းခေါ်လိုက်တာနဲ့ မေကချက်ခြင်းကိုင်ရှာသည်။သူ့ကိုစိတ်ပူနေခြင်းကြောင့်လို့သာတစ်ဆုံးတွေးလိုက်မိသည်။ကိုယ့်ကိုကိုယ် အထင်ကြီးမိသည်ကိုး။

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now