Part-22

115K 8.1K 249
                                    

Zawgyi

ဒီနေ့ကိုမြတ်သူနဲ့Car Showroomမှာချိန်းထားတာဖြစ်သည်။ဟိုတစ်လောကကိုမြတ်သူမှာထားတဲ့ကားလည်းရောက်လာပြီဖြစ်၍ကိုမြတ်သူကိုတစ်ခါတည်းလာကြည့်ဖို့ ချိန်းလိုက်ခြင်းဖြစ်၏

ကိုမြတ်သူကို ဝန်ထမ်းကောင်လေးတစ်ယောက်ကမိုးသားရုံးခန်းထဲခေါ်လာသည်။

"ကိုမြတ်သူ ရောက်လာပြီလား၊လာထိုင်"

ဆိုဖာတွေရှိရာဘက်ကိုလက်ပြကာနေရာချပေးလိုက်၏

"ကိုမြတ်သူမှာထားတဲ့ New GELလည်းရောက်လာတာနဲ့Showroomမှာပဲ တစ်ခါတည်းချိန်းလိုက်တာ၊ကျွန်တော့ကိုအချိန်ပေးတဲ့အတွက်ကျေးဇူးပါဗျာ"

"ရပါတယ်၊ငါလည်းအရင်ရက်တွေကတစ်ကယ်မအားလို့မင်းကိုတောင်ပြန်အားနာရဦးမှာပါ"

ကိုကို့အိမ်ပေါ်ကဆင်းလာရတာတစ်ပတ်တောင်ပြည့်တော့မည်ဖြစ်သည်။ကိုကို့ ကိုသွားလည်းမတွေ့ရဲဖြစ်နေ၏၏သူ့လုပ်ရပ်ကလည်းခွှင့်လွှတ်နိုင်စရာအကြောင်းမရှိတာကြောင့်သူ့ကိုအိမ်ပေါ်ကနှင်ချခြင်းအပေါ်အပြစ်မမြင်ရက်။Condoမှာပြန်နေရတာတစ်ပတ်ပြည့်တော့မည်။အတိအကျဆို ကိုကို့ကို မတွေ့ရတာ ၆ရက်နဲ့ ၆နာရီ ကျော်နေပြီ။

"ကိုမြတ်သူ၊ကိုကိုဆေးခန်းကိုလာထိုင်နိုင်ပြီလား"

"မနေ့ကစလာတယ်မိုးသား၊သူအဆင်ပြေပါတယ်"

"ကိုမြတ်သူနဲ့ကျွန်တော်အေးဆေးစကားပြောချင်နေတာ၊အမှန်တိုင်းပြောရရင် ကိုမြတ်သူနဲ့ကျွန်တော်တိုင်ပင်ချင်တာ"

"ရတယ်၊ငါကူညီနိုင်တာရှိရင်မချိန်မရွေးကူညီဖို့အဆင်သင့်ပါပဲ၊ကောင်းကောင်းနဲ့ပတ်သတ်နေတယ်မလား၊ပြောပါငါတတ်နိုင်သလာက်ကူညီပါ့မယ်"

"ကျေးဇူးပါကိုမြတ်သူ၊ကျွန်တော်သူ့အပေါ်ဘယ်လိုသဘောထားတယ်ဆိုတာ၊ကိုမြတ်သူလည်းသိပြီးသားပါ၊အဲ့ညက ကိစ္စကိုကျွန်တော်၊ကိုမြတ်သူကိုပါတောင်းပန်ပါတယ်၊ကိုမြတ်သူကကိုကို့အရင်းနှီးဆုံးသူငယ်ချင်းဆိုတော့၊ကိုမြတ်သူကျွန်တော့အပေါ်စိတ်ခုရင်လည်းခုနေနိုင်တယ်၊ကျွန်တော်ပြောချင်တာကဘကျွန်တော်သူ့ကို အပျော်ကြံတာမဟုတ်ဘူးဆိုတာပါ၊ကျွန်တော့်အကြောင်းနည်းနည်းပါးပါးလောက်ဖြစ်ဖြစ်ကိုမြတ်သူလည်းကြားရင်ကြားဖူးမှာပါ၊ကျွန်တော်သူနဲ့မတွေ့ခင်အထိကျွန်တော်ကောင်လေးတစ်ချို့နဲ့ မကင်းတာတွေရှိခဲ့ဖူးတယ်၊ဒါပေမဲ့ကျွန်တော်တစ်ယောက်နဲ့မှ ရည်းစားသဘောမျိုးမဖြစ်ခဲ့ဖူးဘူး၊နားလည်မှုနဲ့တွဲခဲ့တာလောက်ပဲရှိတာ၊သူ့ကိုတွေ့မှ၊သူ့ကိုစလိုက်တော့မယ်လို့ဆုံးဖြတ်ပြီးကတည်းကဇယားတွေအကုန်ရှင်းထားခဲ့ပြီးသားပါ၊ကျွန်တော်သူ့ကိုတစ်ကယ်ချစ်တာ၊သူ့အနေနဲ့လက်ခံဖို့မလွယ်မှန်းလည်းသူနဲ့စတွေ့ကတည်းကကျွန်တော်ရိပ်မိခဲ့တယ်၊အဲ့ဒါကြောင့်လည်းသူနဲ့ရင်းနှီးအောင်အရင်ဆုံးကြိုးစားခဲ့တာပါ၊ဒီအခြေအနေထိကျွန်တော်ကြိုးစားလာပြီးမှ၊အဲ့ညကကျွန်တော်တစ်ကယ်စိတ်လွတ်သွားခဲ့တာ၊ကိုကို့အနေနဲ့ ဒီအခြေအနေကိုလက်မခံနိုင်ဘူးဆိုတာကျွန်တော်နားလည်ပါတယ်"

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားNơi câu chuyện tồn tại. Hãy khám phá bây giờ