Part-15

104K 7.9K 651
                                    

Zawgyi

မိုးသားရုံးခန်းက အဆောက်အဦးကြီး၏ဒုတိယထပ်မှာဖြစ်သည်။မရဲတစ်ရဲဖြစ်နေသူကိုမိုးသားကပဲ ရုံးခန်းထဲဦးဆောင်ခေါ်သွားရသည်။ရုံးခန်းထဲရောက်တော့မျက်လုံးဝိုင်းများနှင့် စိတ်ဝင်တစ်စားလိုက်ကြည့်နေတော့၏နေပူရှိန်ကြောင့်မျက်နှာလေးကခပ်ရဲရဲ။

"ကိုကို ပင်ပန်းသွားပြီ၊ဘာသောက်မလဲ၊စတော်ဘယ်ရီပဲလား၊ကိုကို့သူငယ်ချင်းအတွက်ပါမှာထားလိုက်မယ်၊သူကရောဘာသောက်တတ်လဲ"

"သူက လိမ္မော်ပဲသောက်တာ၊လိမ္မော်ပဲမှာလိုက်"

"ကိုကိုတို့သူငယ်ချင်းနှစ်ယောက်က အချဉ်ကြိုက်ကြတယ်ထင်တယ်နော်"

"ဘာလို့လဲ"

"ဘာမဖြစ်ပါဘူး၊မှာလိုက်မယ်"

ကိုကိုက သူ့သူငယ်ချင်းကိုတော့ နည်းနည်းလေးတောင်အထိမခံပါ။

ရုံးခန်းထဲကဖုန်းနဲ့ပဲအောက်ထပ်ကိုဖုန်းဆက်မှာလိုက်သည်။သူ့အတွက်သူသောက်နေကျ အမေရိကန်နိုကိုအဆင်သင့်ယူလာပေးကြလိမ့်မည်။တေဇာအတွက်တော့မမှာလိုက်။သူကြိုက်တာသူလာမှ မှာလိမ့်မည်။

သိပ်မကြာလိုက်။ကိုမြတ်သူနဲ့တေဇာက ရှေ့ဆင့်နောက်ဆင့်ရောက်လာသည်။ကိုမြတ်သူကအသားဖြူဖြူ အရပ်ပုပုနဲ့ တရုတ်သွေးပါလို့ထင်သည်။မျက်လုံးနည်းနည်းမှေးချင်သည်။မျက်မှန်ပါတပ်ထားတော့ကလေးလိုလိုလူကြီးလိုလို ဖြစ်နေတော့သည်။ဆံပင်ခပ်တိုတိုညှပ်ကာနောက်ကို လှန်တင်ထားသည်။ပိတ်ရက်မို့ ဂျင်းပန်နဲ့ရှပ်အပြာနုကိုရိုးရိုးရှင်းရှင်းဝတ်ထားပေမဲ့ smartကျနေသည်။

ကိုကိုကသူ့ သူငယ်ချင်းကိုသူကိုယ်တိုင်နေရာချပေးနေသည်။ပြီးမှမိုးသားဘေးကိုစွေ့ခနဲလာထိုင်၏သူနဲ့ကိုကိုကတစ်ဖက်မှာထိုင်ပြီး ကိုမြတ်သူနဲ့တေဇာကတစ်ဖက်ဖြစ်ကာ မျက်နှာချင်းဆိုင်ထိုင်သလိုဖြစ်သွားသည်။ကိုကိုက အရင်စကာ

"မိုးသား သူကမြတ်သူရတဲ့၊ငါပြောပြထားတဲ့သူငယ်ချင်း၊ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျနေတာလေ၊ငါ့ဆေးခန်းမှာလည်းလာထိုင်ပေးတယ်"

"ဟုတ်ကဲ့ တိမ်ရောင်မိုးသားပါ၊ကိုမြတ်သူကို ကိုကို့ဆီကကြားဖူးနေတာကြာပါပြီ၊လူကအခုမှတွေ့ဖူးတယ်ထင်တယ်၊ကျွန်တော်ကိုမြတ်သူနဲ့ခင်ခွင့်ရချင်ပါတယ်"

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now