Part-13

94.8K 7.9K 326
                                    

Zawgyi

"မိုးသားတစ်ကယ်လားဟေ့ကောင်၊မင်းညာထားတာတွေပေါ်သွားတာတောင်အိမ်ပေါ်ကဆင်းမလာရဘူးပေါ့"

"အေး ရှင်းတော့ပြရတာပေါ့ကွာ၊သူကတစ်ကယ်ဖြူစင်တာကွ၊ငါရှင်းပြတာကိုလက်ခံတယ်၊ငါ သူ့ကို သူဋ္ဌေးသားမှန်းသိမှာသူကအရမ်းကြောက်တာ၊ငါလည်းအဲ့လိုပဲပြောရတာပေါ့ကွာ၊ငါ့ကိုSkyကကောင်မှန်းသိမှာစိုးလို့ပါဘာညာပေါ့ကွာ၊ပြောတော့သူလက်ခံတယ်"

မိုးသားကတေဇာတို့နှင့် Hotpot Cityမှာဘီယာသောက်ရင်းပြောနေတာဖြစ်၏ တေဇာ့အပြင်မိုးသားတို့နှင့်တစ်ဖွဲ့တည်းဖြစ်တဲ့ ခန်သူရိန်ထွန်းနဲ့ရောင်ဖြာ တို့ပါမိုးသားဆီပါလာကြသည်။မိုးသား Car showroomကအလုံဖက်မှာမို့ Hotpot Cityနဲ့လည်းနီးတာကြောင့်ဒီမှာပဲဆုံဖြစ်ကြတာများသည်။မိုးသားက တေဇာနဲ့အရင်းနှီးဆုံးဆိုပေမယ့် သူရိန်နဲ့ရောင်ဖြာကလည်းသူရဲ့အရင်းနှီးဆုံးသူငယ်ချင်းထဲပါသည်။မိုးသားအကြောင်းတွေလည်း အကုန်နီးပါးသိထားကြသူများလည်းဖြစ်၏

သူရိန်က ဘီယာကိုအသာမော့လိုက်ရင်း ဝင်ပြောလာသည်။

"ဒါဆို အခြေအနေမဆိုးပါဘူးကွ၊ရာသီဥတုကမင်းဘက်မှာရှိပါတယ်"

ရောင်ဖြာကတော့ဘာမှဝင်မပြောသေး။သူတို့ပြောတာတွေကို နားထောင်၍သာနေသည်။

တေဇာကအမြည်းကောက်ဝါးရင်း

"သူ့သူငယ်ချင်းမြတ်သူဆိုတဲ့လူကမင်းအကြောင်းတွေပြောပြလိုက်ပုံထောက်ရင်၊ပြီး‌တော့အဲ့ဘဲက ကိုချမ်းကိုနဲ့အသိတွေဆိုတော့ ကိုချမ်းကိုပြောပြလို့အဲ့ဘဲ အကုန်သိနေတာနေမှာ၊ကိုချမ်းကိုကထိန်းပြောမှာပါကွ မင်းက သူ့ဘော့စ်ပဲဥစ္စာ"

"အေးပါ ငါကဘာမဖြစ်ပါဘူး၊မှန်တာပြောတာပဲကွာ၊နောင်တစ်ချိန်ကျရင်လည်းငါ့အကြောင်းတွေကိုကိုက သိသွားမှာပဲ၊
အခုကတည်းကသိထားတော့ ပိုတောင်ကောင်းသေးတယ်၊နောက်ချစ်သူတွေဘာတြွေဖစ်သွားမှဆိုအကြီးကြီးတြွေဖစ်လာဦးမယ်၊ရှင်းရပိုခက်မှာ"

သူရိန်က တစ်ဟားဟားရယ်ကာ ဝင်ပြောတော့သည်။

"သားကြီးစိတ်ကူးယဉ်တာတွေလျှော့ပါကွာ၊
မင်းကြိုက်ထားတာကျောက်တိုင်ကြီးဆိုတာလည်းထည့်တွက်ဉီးမှပေါ့ အဟားဟား "

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now