Part-12

89.5K 7.6K 587
                                    

Zawgyi

"ကောင်းကောင်း မင်းကားလဲတော့မလို့လား၊မင်းလဲထားတာ၊တစ်နှစ်တောင်မပြည့်သေးဘူးလားလို့"

မြတ်သူဆေးခန်းလာထိုင်တော့မှသာ
အေးအေးဆေးဆေးစကားပြောခွင့်ရသည်။စင်ကာပူကပြန်လာကတည်းက မန္တလေးဘက်ဧည့်သည်တွေနဲ့ ခရီးဆက်ထွက်တော့ လူချင်းကမတွေ့ဖြစ်ကြ။

"ငါက ဘာလို့လဲရမှာလဲ စီးဖြစ်နေတဲ့ဟာကို"

"မသိဘူးလေ မင်းကိုမနေ့ကမိုးသားနဲ့တွေ့လိုက်လို့"

"မင်းက မိုးသားကိုသိနေတာလား"

"အေး၊သိတယ်ငါသူ့ Car showroomမှာ ကားသွားကြည့်ဖူးတယ်၊မသိဘူးလေမင်းလည်းကားသွားကြည့်တာလားလို့"

"ဘာ ဘာတွေပြောနေတာလဲ၊မိုးသားကမင်းကိုငါပြောထားတဲ့ငါ့အိမ်မှာခေါ်ထားတယ်ဆိုတဲ့တစ်ယောက်လေ၊မင်းလူမှားနေတာဖြစ်မယ်"

တစ်ခုခုလွဲနေပြီမှန်းမြတ်သူ သိလိုက်ပြီ။ဘယ်လိုလုပ် မိုးသားက တစ်ယောက်တည်းဖြစ်နေပြီးနှစ်ယောက်ကွဲနေရတာလဲ၊မြတ်သူတစ်ခါတည်း သဘောပါပေါက်လိုက်သည်။

"ငါပြောမယ်ကောင်းကောင်း၊သေချာနားထောင်နော်"

"အင်း"

"မင်းအိမ်ပေါ်ခေါ်တင်ထားရပါတယ်ဆိုတဲ့ကောင်၊နေစရာစားစရာမရှိပါဘူးဆိုတဲ့မိုးသား ဆိုတာSky Groupရဲ့ တစ်ဦးတည်းသောသား တိမ်ရောင်မိုးသားဆိုတဲ့ကောင်ပဲ"

"ဘာ!"

အံ့အားသင့်ကာသူ ဘာမှဆက်မပြောနိုင်။တစ်ခုခုလွဲနေတာဖြစ်ရမည်။Skyရဲ့သားက ဘယ်လိုလုပ်သူ့အိမ်ကို ရောက်လာမှာတဲ့လဲ။အဓိပ္ပါယ်မရှိ။

"မြတ်သူ မင်းလူမှားတာပဲဖြစ်နိုင်"

"မှားစရာအကြောင်းမရှိဘူးဟေ့ကောင်၊အဲ့ကောင်မျက်နှာမျိုးက တစ်ခါကြည့်ရုံနဲ့ တစ်သက်လုံးမှတ်မိနေနိုင်တဲ့ရုပ်ရည်မျိုး "

အဲ့ဒါတော့ဟုတ်သည်။ မိုးသားမျက်နှာကတစ်ခါကြည့်ရုံနဲ့ မှတ်မိသားမိရှိလောက်စရာရုပ်ရည်မျိုးဖြစ်၏ကြည့်လိုက်တာနဲ့ အရှိန်အဝါတစ်ခုကထင်းထွက်နေသလိုမျိုး။

"ငါစင်ကာပူမသွားခင် ကားလဲဖို့သွားကြည့်တာမင်းသိလိုက်တယ်နော်၊အဲ့ဒါ မိုးသား showroomပဲ၊သူ့showroomက မန်နေဂျာ ကိုချမ်းကိုဆိုတာ ဆေးရုံကြီးကငါ့စီနီယာ မစိမ်းရဲ့ဘဲငါနဲ့သိတယ်၊ငါ့ကို သူ့လုပ်နေတဲ့car showroomမှာလာကြည့် ကြည့်ပါ့လား၊ ကားbrandတွေလည်းစုံတယ်ဆိုလို့သွားကြည့်တာ၊အဲ့ဒီ့ကောင်ကိုငါ့မျက်စိနဲ့ကိုတပ်အပ်မြင်ခဲ့တာ"

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now