Part-26

162K 7.2K 573
                                    

Zawgyi

ရီမုခ် ကိုတစ်ချက်နှိပ်တော့လိုက်ကာအဖြူရောင်တွေဘေးသို့ဆုတ်ခွာကုန်သည်။မှန်နံရံတွေကိုထိုးဖောက်ကာ နေရောင်ဖျောဖျော့က အခန်းတွင်းဝင်ရောက်လာ၏အေးဆိမ့်ဆိမ့်ဖြစ်နေတဲ့အခန်းတွင်းစောင်ပုံထဲတိုးဝင်အိပ်စက်နေသူကို နှိုးဖို့လုပ်ရသည်။ညက aircornဖွင့်ထားတာတောင် ချွေးတစ်မြိုက်မြိုက်နဲ့ဖြစ်ခဲ့ကြသည်ပဲ။aircornကိုအရင်ပိတ်ကာ ခုတင်အစပ်ဝင်ထိုင်ရင်းစောင်ပုံကြားထဲတိုးဝင်ကွယ်ပျောက်နေသူကို အရင်နှိုးရသည်။

"ကိုကို ကိုကို"

စောင်တွေကိုဆွဲခွာတော့ ပြန်ဆွဲကာခေါင်းမြီးပါခြုံပစ်လိုက်၏စောင်တွေကို ထပ်ပြီးဆွဲဖယ်ပစ်လိုက်ကာ ခုတင်ပေါ်လုံးလုံးလျားလျားတက်ပြီး နား နားကပ်ပြောရသည်။

"ကိုကို ထတော့လေ ဆယ်နာရီထိုးတော့မယ်၊ ဆက်အိပ်ရင်ခေါင်းကိုက်လိမ့်မယ်ထတော့နော်၊ကိုကိုကလိမ္မာတယ်၊ရေအရင်ချိုး တစ်ခုခုစားပြီးမြှပန်အိပ်နော်၊အခုထရအောင်"

ဆံပင်တွေ ကပိုကရိုကြားထဲက မျက်နှာဖွေးဖွေးလေးကို အသာမွှေးကြူတော့အင့်ခနဲ တစ်ချက်ညည်းညူသည်။မျက်လုံးတွေကပွင့်မလာသေး။

"ခဏလောက် ထပ်အိပ်ချင်သေးတယ် ခဏလေးပဲ"

ပြောပြီးတာနဲ့အပေါ်ပိုင်းလစ်ဟာနေတဲ့ စောင်ကိုပြန်ဆွဲယူကာဆက်အိပ်ပြန်သည်။ကောင်းဝေယံကိုက ဒီတိုင်းနှိုးလို့တော့ ရမှာမဟုတ်တော့။စောင်ကို လုံးလုံးဖယ်ရှားပစ်လိုက်တော့အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်လုံးလုံးလေးကအနီစက်တစ်ချို့ရှိနေပေမယ့်ဖြူစွတ်စွာ။ခါတိုင်းဆို အတူနေတဲ့အချိန်မဟုတ်ရင် ဝတ်လစ်စလစ်ဖြစ်နေခြင်းကိုအရမ်းရှက်တတ်သည်။အခု ရှက်ဖို့နေနေသာသာတုတ်တုတ်တောင်မလှုပ်။ဘေးကိုစောင်းကာ အိပ်မြဲတိုင်းအိပ်နေ၏ကိုယ်လုံးလေးကိုဆွဲလှန်တော့လည်းအလိုက်သင့်ပါလာသည်။မျက်လုံးတွေကတော့ ပွင့်မလာကြ။ဘာလုပ်လုပ်ဆက်အိပ်မယ်ဆိုတဲ့သဘော။ပါးပြင်ဖွေးဖွေးကို နှာခေါင်းနစ်ဝင်သည်အထိနမ်းရှိုက်တော့လည်း မဖြုံ။နှုတ်ခမ်းတွေကိုဖိကပ်နမ်းရှိုက်တော့လည်းမလှုပ်။

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now