episode 19 unicode

Depuis le début
                                    

မဟုတ်သေးပါဘူး...။ သူ ဥက္ကာကို ဟိုတယ်ပေါ်ကဆင်းခိုင်းတာ ဒီမွာအတူနေဖို့မှ မဟုတ်တာ....။ အခြေခံလူတန်းစာတွေဘဝကိုနားလည်အောင် လေ့လာခိုင်းခဲ့တာလေ...။ သူ့အပြောပဲ လြဲသြားတာလား ကိုဥက္ကာပဲ နားလည်မှုလွဲနေတာများလား။

"သက်ပိုင်ပဲ ရပ်ကွက်ထဲဆင်းနေဆို၊ ဒီမွာလာနေမှာလေ...ဘာဖြစ်လို့တုန်း...."

"အာ....တို့ပြောတာ အဲ့လိုမဟုတ်ပါဘူး....ရပ်ကွက်ထဲအိမ်ငွါးနေရမှာ ဒီမွာနေလို့မရဘူး၊ ဒီမွာနေတော့ဘာထူးမှာလဲ..."

ဥက္ကာ၏မျက်နှာ မချိုမချဉ်ဖြင့် ရှုံ့မဲ့မဲ့သွားသည်။

"သက်ပိုင်ကလည်းကြာ ဘာဖြစ်တုန်း ဒီမွာနေတော့...၊ နောက်လဲ နှစ်ယောက်တစ်အိမ်တည်း အတူနေရမှာပဲဟာ၊ ခုကတည်းက အစမ်းနေကြည့်တာပေါ့....."

ဘုရားရေ...ကိုဥက္ကာဟာ သူနဲ့ပတ်သက်လျှင် အဆုံးစွန်ထိ တွေးထားပါပေါ့လား။ ချစ်သူရည်းစားဘဝနှင့် နှစ်ယောက်နားလည်မှုရှိရှိနေနိုင်ဖို့ကို အလျင်စဉ်းစားရမွာကို...ကြည့်ဦး...သူကအဆင့်တွေ ကျော်စဉ်းစားနေပြန်ပါပြီ။

"ဟင့်အင်း....မရဘူး...."

"အာ...ရပ်ကွက်ထဲ ဘယ်အိမ်က တစ်လတည်းပေးငှါးမှာလဲ၊ အိမ်ငှါးရဖို့ စီစဉ်ရဦးမွာ ဒီအတိုင်းတက်နေလို့ရတာလည်းမဟုတ်...."

"အံမာလေး....ဈေးဆစ်နေလိုက်တာ၊ ကျောင်းရှေ့မှာ အဆောင်တွေများပေါလို့....၊ တို့ကိုယ်တိုင် လိုက်အပ်ပေးမယ်...၊ မရဘူးနော်...စည်းမျဉ်းဖောက်လို့ကတော့ တစ်ခါတည်းဂျောင်းပဲ..."

ဥက္ကာသည် ခြေကိုတစ်ချက်ဆောင့်ကာ နှုတ်ခမ်းကို လန်ပ်ံနေအောင်ဆူပစ်လိုက်သည်။ အဆောင်နေဖို့ကမလွယ်လွ။ အခန်းကျဉ်းလေးထဲ နှစ်ယောက်တစ်ခန်းနေဖို့က အဆင်ပြေလိမ့်မည်မဟုတ်။ နှစ်ယောက်တစ်ခန်းနေရလျှင်လည်း သက်ပိုင်ကလွဲပြီးတစ်ခြားသူနှင့်နေချင်စိတ်မရှိပေ။ ရေချိုးခန်း၊ အိမ်သာတွေကလည်း သန့်ပါ့မလား မပြောတတ်။ ဥက္ကာရတက်ပွေရပြန်သည်။

"တစ်ခါတစ်လေတော့ ကိုယ့်ကို ညှာပါဦးလားသက်ပိုင်ရယ်၊ ကိုယ်အဲ့လို နေရာတွေမှာ တစ်ခါမွမနေဖူးတာကို၊ ပြီးတော့ အဆောင်ဆိုတာ နှစ်ယောက်တစ်ခန်းနေရတယ်လို့ ကြားဖူးတယ်၊ ကိုယ် တစ်ခန်းတည်းနှစ်ယောက်မနေတတ်ဘူး..."

~ၿငိဳး.....~Où les histoires vivent. Découvrez maintenant