episode 18 unicode

Start from the beginning
                                    

"မင်းကောင်က မလာရဲတော့ဘူးထင်တယ်ကြာ....ဟဟ..."

ထွဋ်ခေါင်စကားအဆုံးမှာပင် အဆောင်အတွင်းသို့ အရိပ်တစ်ခုလျင်မြန်ဖျတ်လတ်စွာ ပြေးဝင်လာသည်ကို သက်ပိုင်မြင်တွေ့လိုက်ရသည်။ ထိုသို့မြင်တွေ့လိုက်ရသည်နှင့် ကြောက်စိတ်မ်ားအဝေးသို့လွင့်ပ်ံသြားကာ စိုးရိမ်အားတက်မှုများရောပြွန်လာသည်။

လျင်မြန်ဖျတ်လတ်သော အဟုန်ဖြင့် ထိုအရိပ်သည် လက်တစ်ဖက်တွင် ဓားမြှောင်တစ်လက်ကိုင်ကာ ကျန်တစ်ဖက်တွင် ဘေ့စ်ဘောရိုက်တံကြီးကိုင်၍ အနီးအနားကို မြင်သမျှလူအားလုံးကိုပိတ်ရိုက်လေ၏။ ထိုသို့ပိတ်ရိုက်ရင်း အယုတ္တအနတ္တစကားများဖြင့် ဆဲရေးတိုင်းထြာသေးသည်။

"ဟေ့ယောင်တွေ ပြန်ခ်လေ ဘာကြောင်နေတာလဲ...."

ဥက္ကာ၏ လျှပ်တစ်ပြတ်ဝင်ရောက်တိုက်ခိုက်မှုကြောင့် အငိုက်မိသြားသော သူ့အဖွဲ့ကို ထွဋ်ခေါင်က သတိပေးသည်။ သို့ရာတွင် သူ့အဖွဲ့သားလေးယောက်က မြေပေါ်ပုံလဲကာ မလှုပ်မရှပ် ငြီးငြူနေပေသည်။

ဥက္ကာသည် ဘေ့စ်ဘောတုတ်ကြီးကို ထွဋ်ခေါင်ရှိရာသို့ ထိုးကာချိန်ရွယ်ရင်း ခက်ထန်မာကျောစွာမာန်မဲလေသည်။

"မင်းငါ့ကို စမ်းသပ်တဲ့အပိုင်းတွေကျော်ကုန်ပြီ ထွဋ်ခေါင် ဒီနေ့တော့ မင်းသေပြီလို့အောက်မေ့ထား....."

ဥက္ကာသည် ထွဋ်ခေါင်ရှိရာသို့ တအားပြေးလာရင်း အနီးအနားရောက်သည်နှင့် လေပေါ်လွှားခနဲခုန်ကာ ဘေ့စ်ဘောတုတ်တံကြီးဖြင့် ဦးခေါင်းဆီသို့ အားကုန်လွှဲရိုက်ချလိုက်သည်။

"ကိုဥက္ကာ....."

သက်ပိုင်အလျင်မမှီလိုက်။ ထွဋ်ခေါင်သည် တစ်ချက်တည်းဖြင့် မြေပေါ်ခွေကျသွားကာ တစ်ကိုယ်လုံး ဆန့်တငင်ငင်ဖြစ်နေသည်။

ဘေ့စ်ဘောတုတ်ကို ဥက္ကာ ပစ်ချလိုက်သည့်အခါ ဟိန်းခနဲအသံကြီးက တစ်ဆောင်လုံးပဲ့တင်၍ထွက်သြား၏။ ထို့နောက် မြေပေါ်ခွေခေါက်လဲနေသော ထွဋ်ခေါင်၏ အပေါ်မှခွထိုင်လိုက်သည်။

"မင်း...သူ့အသားကိုထိလိုက်တယ်မို့လား....ဟမ်...."

ဥက္ကာ၏အမေးကို ထွဋ်ခေါင်မဖြေနိုင်ရှာ။

~ၿငိဳး.....~Where stories live. Discover now