episode 15 unicode

Start from the beginning
                                    

"အပိုတွေ....ဖက်ရှင်တွေဆိုလည်း အကျႌပုံတွေပဲကြည့်လေ...ဘာလို့ လူပုံပါတဲ့ဟာတွေကိုကြည့်နေတာလဲ...."

"အာ....သက်ပိုင်ကလည်း...လူပုံပါကြည့်မွ ဘယ်လိုဘော်ဒီနဲ့ ဘယ်လိုအသားရောင်နဲ့ဆို လိုက်ဖက်လဲပိုသိမွာပေါ့...."

"မယုံဘူး..."

ပြောလည်း ပြောရင်း သက်ပိုင်က ဥက္ကာထံမှ အကြည့်ကိုလွှဲလိုက်သည်။

"တကယ်ပါဆို....ကိုယ်က ဘာလို့သူတို့ကို မျက်စိအစာကျွေးရမှာလဲ၊ ကိုယ့်မွာ သက်ပိုင်တစ်ယောက်လုံးရှိတာကို...၊ ပြီးတော့ အဲ့လိုဘော်ဒီ ကြီးကြီးတွေ ကိုယ်ကမကြိုက်ဘူး၊ သက်ပိုင်လို သေးသေးလေးပဲကြိုက်တယ်...."

"ဘာ....ဘာ....အဲ့ဒါက နောက်ကျုပ်လို ပိန်တဲ့သူတွေ့ရင် ချစ်ဦးမှာလို့ဆိုလိုတာမဟုတ်လား....."

"အာ မဟုတ်ပါဘူး...သဘောပြောတာ"

ဥက္ကာသည် မျက်ခုံးလေးပင့်ရင်း သက်ပိုင်၏ ပုခုံးကိုလှမ်းဖက်ကာ ချော့ရန်ကြိုးစားရပြန်သည်။ နို့မို့ဆို ဒီကောင်လေး ငြိုငြင်လျှင် သူခံစားရဦးမည်။

"ဟင့်အင်း မယုံဘူး....ဒါပဲနော် နောက်နေ့တွေ ယူ့ဘေးနားမှာ ပိန်ပိန်နဲ့ဘယ်သူမွမတွေ့ချင်ဘူး.....မဖြစ်သေးပါဘူး....ဒီမွာ ရော့...."

သက်ပိုင်က တစ်ရှူးဘောက်မွ တစ်ရှူးတစ်ရွက်ကိုထုတ်လိုက်သည်။

"တစ်ရှူးနဲ့ မျက်နှာတွေဖုံးပြီးကြည့် ကျေနပ်သလား...."

ဥက္ကာသည် ကျေကျေနပ်နပ်ကြီးပြုံးရင်း သက်ပိုင်ကမ်းပေးသော တစ်ရှူးစကိုဆွဲယူလိုက်သည်။

"ကျေနပ်တာပေါ့....မင်းသဝန်တိုတာလေးကို ကြည့်ပြီး ကိုယ် သိပ်ကျေနပ်တာပေါ့...."

သက်ပိုင်သည် ဥက္ကာ၏ဖုန်းကိုမကမ်းသေးပါ။ ဟိုပွတ်ဒီပွတ် ဟိုနှိပ်ဒီနှိပ်လုပ်သေးသည်။ ပြီးမှ ကျေနပ်သွားသလိုရှိကာ မဲ့နေရာမှ တစ်ချက်ပြုံးရင်း ဖုန်းကိုကမ်းပေးလေသည်။

"သက်ပိုင် ကိုယ့်ကို နောက်စမ်းသပ်ချက်ကဘယ်တော့လာမှာလဲ..."

"လာမွာပေါ့ မေးခွန်းစဉ်းစားနေတုန်း..."

သက်ပိုင်သည် ပြောပြောဆိုဆိုဖြင့် ဥက္ကာဆီမှအာရုံလွှဲကာ သူ့အကြံအစည်ကိုစလေ၏။ သူ့အကြံအစည်အတိုင်း ဥက္ကာဆီကဖုန်းကိုယူ၍ အကောင့်တုတစ်ခုကိုလက်ခံလိုက်ပြီ။ အကောင့်တုနဲ့ ဥက္ကာ၏စိတ်ကိုစမ်းသပ်သည့်အနေဖြင့် ကြူရန်သာရှိတော့သည်။

~ၿငိဳး.....~Where stories live. Discover now