အပိုင်း - ၁ : စောင်အာအက်စ်တွေကို သတ်ပစ်မယ်/ ခွေးစာခွက်တွေမှောက်ပစ်မယ်
"အားလုံးပဲ မင်္ဂလာပါ..."
Mobile Legend Game Interface တွင်ဖြစ်၏။ အကွက်ငယ်လေးတစ်ကွက်တွင် ယုန်မျက်နှာဖုံးနှင့် ကောင်ကလေးတစ်ယောက်။
"ကျွန်တော့်ရဲ့ ခွေးစာခွက်တွေမှောက်ပစ်မယ်ဆိုတဲ့ အစီအစဉ်ကနေ ကြိုဆိုပါတယ်..."
အသံကြည်ကြည်လေးထွက်လာသည်နှင့် နံဘေးရှိ အကွက်ငယ်လေးတစ်ခုတွင် စာတန်းများ။
မသိဘူးဆေးထိုးမယ် : ဟဟဟ စောင့်နေတာ! ဒီအချိန်ကို စောင့်နေခဲ့တာ။
နတ်သမီးလေး : ရှင်က Single Dog ဖြစ်နေတာနဲ့ အတွဲတွေကို လိုက်မနာလိုဖြစ်မနေနဲ့!
လှိုင်သာယာအဆွေးသမားလေး : အပေါ်ထပ်က ကောင်မစုတ်လေး သွားစမ်း! ဒါတကယ့်ဂိမ်မာတွေ ဆုံစည်းရာ။ ဖော်လိုဝါ ရှာချင်နေတာနဲ့ပဲ အာရုံတွေနောက်မနေနဲ့!
ငါဟဲ့စဆရက : Usagi Hi!!!
စည်ကားသိုက်မြိုက်နေသည့်လူစုလူဝေးကို ကြည့်ကာ ယုန်မျက်နှာဖုံးနှင့်ကောင်ကလေးသည် ရယ်သည်။ မျက်နှာဖုံးသည် တစ်ဝက်သာမို့ သူ့ နှုတ်ခမ်းပါးပါးနှင့်သွားဖြူဖြူလေးများကို ထင်ထင်ရှားရှားမြင်ရ၏။
ငဝိကောင်မလေး : ဘယ်နေ့ Usagi ရဲ့ မျက်နှာလေးကို မြင်ရမှာလဲ!
"အားလုံးပဲ မင်္ဂလာပါခင်ဗျာ... ငဝိကောင်မလေးရေ ကျွန်တော့်ကို မြင်ပြီး ခင်ဗျားဘဲကို ပစ်လိုက်ချင်ရင် ဘယ်လိုလုပ်မတုန်း..."
Comment တစ်ခုကိုဖတ်ပြီး ရယ်ရယ်မောမောတုံ့ပြန်သည့် ယုန်မျက်နှာဖုံးနှင့်ကောင်လေး စကားကြောင့် တစ်ဖက်ကောင်မလေးသည် ချက်ချင်းပင် စာရိုက်၍ တုံ့ပြန်လာလေ၏။
ငဝိကောင်မလေး : ပစ်လိုက်ချင်ရင် ရှင်က ပြန်ကြိုက်မှာမို့လား...
"ကျွန်တော်က ခွေးစာခွက်တွေပဲမှောက်ပစ်ချင်တာပါခင်ဗျ... ဒါဆို ကျွန်တော်တို့ စရအောင်နော်..."
မင်းအဖေငါ : ဒီနေ့လည်း အတွဲတွေများများသတ်ပေးပါဦး!
"ဒါပေါ့ ကျွန်တော်ကလည်း အတွဲတွေကိုပဲ သတ်ချင်နေတာပါ..."
![](https://img.wattpad.com/cover/215937359-288-k288112.jpg)
YOU ARE READING
Beloved Hyung [Own Creation]
RomanceI love you so much. All you need to do is accept me. Mature content on just because of a few chapters. I don't want to put on Mature tab because of ppl think this work include a lot smutty things. But still I've to because of two or three chapters...