"ဒီမှာ မင်းမသိသေးတာတွေ အများကြီး ရှိသေးတယ်..... သင်္ဘော မထွက်ခွာခင် ငါတို့မှာ အချိန်ရှိသေးတယ်.... အဲကြောင့် ဒီလူချမ်းသာ ကလေးတွေက ဒီရက်တွေ အတွင်းမှာ ပျော်စရာနှင့် အဖော် ရှာကြတယ်လေ.... မင်း ကြည့်ချင်သေးလား..... " တင်းဘူအာသည် အားရပါးရ ရယ်မောကာ ပြောလိုက်သည်။

"ထားလိုက်ပါ....." မိုဝူကျီသည် ခေါင်းယမ်းလိုက်သည်။ သူသည် အမျိုးသမီးများ ကုန်ကူးခြင်းကို အလွန်အမင်း သဘောမကျသော်လည်း သူ့တွင် ရပ်တန့်ရန် အင်အား မရှိချေ။ ဟိုကို သွား၍ မိမိဘာသာ စိတ်မကြည်လင်အောင် လုပ်မနေတော့ချေ။

"နံပါတ် ၁၇ ကို ရွှေပြား ၂၅ ပြားနဲ့ ဝယ်သူသွားတဲ့ အတွက် ဝမ်းသာပါတယ်..... အခု နံပါတ် ၂၆ ကို ရောင်းပါ့မယ်.... အားလုံး မှတ်ထားကြပါ ..... နံပါတ် ၂၆ က နံပါတ် ၁၇ ထက် မဆိုးပါဘူး... နံပါတ် ၁၇ ထက်တောင် ပိုချောပြီး ပိုလှပသေးပါတယ်..... ဒါပေမဲ့ နောက်ထပ် တစ်ချက်က သူမက တော်ဝင်မျိုးနွယ်ကပါ...... သူမက မြောက်ဖက်ပိုင်း ချင်မှ မိုမျိုးနွယ်စုက ဆင်းသက်လာတယ်လို့ ကြားထားတယ်......"

မိုဝူကျီသည် သူ့ခြေလှမ်းကို ရပ်လိုက်ပြီး လေလံပွဲကို လှမ်းကြည့်လိုက်ကာ သူလက်နှစ်ဖက်လုံးကို လက်သီးကျစ်ကျစ် ဆုပ်ထားမိ၏။

သူ့ဝိညာဉ်သည် မြောက်ဖက်ပိုင်း မိုမျိုးနွယ်စုမှ မဟုတ်သော်လည်း သူ့သွေးသည် ထိုမှ ဖြစ်၏။ ထို့ပြင် သူ့တွင် မို ဟူသော မျိုးရိုးနာမည် ရှိသည်။

တင်းဘူအာသည် ဘာမှ မပြောနိုင်ခင်ပင် မိုဝူကျီသည် ထိုလေလံပွဲနေရာသို့ ကတိုက်ကရိုက် ထွက်သွားလေသည်။

တင်းဘူအာသည် မိုဝူကျီ၏  နောက်ကြောင်းကို ရှင်းရှင်းလင်းလင်း သိ၏။ မိုဝူကျီ၏ ဒေါသထွက်နေသော မျက်နှာကို မြင်၍ သူသည် မိုဝူကျီသည် စိတ်လက်မာန်ပါ လုပ်မည်ကို စိုးရိမ်ကာ နောက်မှ အလောတကြီး ပြေးလိုက်သွားသည်။

"ဝူကျီ...ဒါက မင်းဝင်ရှုပ်လို့ ရတဲ့ နေရာ မဟုတ်ဘူးနော်..... ဒီမှာ..ငါတို့ကို ပုရွက်ဆိတ်လေး သတ်သလို အလွယ်တကူ ခြေမွနိုင်တယ်...." တင်းဘူအာသည် မိုဝူကျီလက်မောင်းအား ဆွဲကာ သတိပေးလိုက်သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now